
မူးယစ်ဆေးဝါးဖမ်းမိတဲ့သတင်း တွေကလည်း ဒီဘက်ပိုင်းမှာ တော် တော်လေးတွေ့မြင်နေရပါတယ်။ ဒါပေမဲ့ ခက်တာက အရပ်စကားနဲ့ ပြောမယ်ဆိုရင် ဖမ်းမိတာတွေက အတိုအစတွေ များပါတယ်။ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။
”အခုကလည်း မူးယစ်ဆေးဝါး ပြဿနာကို သေသေချာချာလုပ်မှရ မယ်။ မိပြီဆိုရင် ပစ္စည်းတွေ အကုန် လုံးကို မီးရှို့ပစ်၊ လမ်းကြိတ်စက်နဲ့ ကြိတ်ပစ် ဒါမျိုးလုပ်နေရုံနဲ့မရဘူး။ အဓိကက ဘယ်ကနေထွက်တာလဲ။ ထွက်တဲ့နေရာကို အပြီးလုပ်မှရမယ်”လို့ ဦးကျော်သူက ဆိုပါတယ်။ ဦးကျော် သူကတော့ နောင်လာမယ့် မျိုးဆက် တွေ အတုယူနိုင်အောင်၊ သူဖြတ်သန်း ခဲ့စဉ်က အမှားမျိုးတွေ မမှားနိုင် အောင် မူးယစ်ဆေးဝါးနဲ့ ပတ်သက် လို့ အင်တာဗျူးတွေထဲမှာ အမြဲတမ်း ဖြေဆိုလေ့ရှိပါတယ်။
”ဒါတွေက ကျွန်တော်ဖြတ်သန်း ခဲ့ရတဲ့ဟာတွေပါ။ ကျွန်တော်လည်း လုပ်ခဲ့ဖူးတာပဲ။ ကျွန်တော့်တုန်းက တော့ ဆရာဝန်တွေဘာတွေနဲ့ ဖြတ် ရတာမကြိုက်ဘူး။ ကျွန်တော်ဘာနဲ့ ဖြတ်ခဲ့လဲဆိုတော့ ဘာသာရေးနဲ့ ဖြတ်ခဲ့တယ်။ ဘာသာရေးလုပ်ပြီး အဓိဋ္ဌာန်တွေ၊ ပုတီးစိပ်တာတွေ လုပ်တယ်။ ပရဟိတအလုပ်တွေလုပ် တဲ့အချိန်မှာ ယတိပြတ်သွားတယ်။ မူးယစ်ဆေးစွဲတာတို့၊ အရက်စွဲတာတို့ ထက် ပရဟိတကို တကယ်စိတ်ပါ လက်ပါနဲ့ နှလုံးသားထဲကနေလုပ် တယ်ဆိုရင် ဒါတွေအားလုံး ပြီးသွား မှာပါ။ ပြတ်သွားမှာပါ”လို့ ဦးကျော် သူက ပြောပါတယ်။ ဆက်လက်ပြီး ဦးကျော်သူပြောပြတာက…
”မူးယစ်ဆေးဝါးကတော့ ၃ နှစ်၊ ၄ နှစ်လောက် လုပ်ဖူးတယ်။ ကျွန် တော်တို့ခေတ်တုန်းကတော့ ချောင်း ဆိုးပျောက်ဆေးပေါ့ဗျာ။ အဲဒါသုံး တယ်။ နောက်ပိုင်းမှာ ဖြတ်တော့ ဆေးဝါးနဲ့ကုတယ်ဆိုတာ စိတ်ဓာတ် တွေ ကယောင်ချောက်ချားဖြစ်တာတို့၊ Depression တို့ ဖြစ်လာတယ်။ ကျွန်တော်တိုက် တွန်းပေးချင်တာက ဘာသာရေးလုပ်ပါ။ ဝိပဿနာဆို လည်း ဝိပဿနာ၊ သမထဆိုလည်း သမထ၊ ဒါတွေလုပ်ပြီး ပရဟိတ လုပ်တယ်ဆိုရင်ပြီးသွားမှာပဲ။ မန္တလေး မှာဆိုရင် ၆ ယောက်လောက်ပြတ် သွားပြီ။ ကျွန်တော်ပီတိဖြစ်ရတာပေါ့” လို့ ဆိုပါတယ်။
မျိုးမောင်