မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုပွဲပြုလုပ်

မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုပွဲပြုလုပ်
August 21, 2018 Asian Fame Media
မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုပွဲပြုလုပ်

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ရဲ့ ရုရှားနိုင်ငံ၊Okean Center မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံလူငယ်ပွဲတော်နဲ့အနုပညာပွဲ တော်မှာ အမြင့်ဆုံးဆုရရှိခဲ့သောကျောင်းသားကျောင်းသူများနဲ့ သဘင်အခမဲ့ သင်တန်း ဆရာ၊ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများအားဂုဏ်ပြုပွဲ အခမ်းအနားကို ဩဂုတ်လ ၁၁ရက်နေ့ ည ၆ နာရီက ဆရာစံပလာဇာခန်းမ မှာပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများကလည်း ရုရှားနိုင်ငံ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူငယ်ပွဲတော်မှာ တင်ဆက်ခဲ့တဲ့ အကအလှများနဲ့ ပြန်လည်ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။


“မပြည့်မစုံနဲ့ စေလွှတ်လိုက်ရတဲ့ ကလေးတွေဟာ တခြားနိုင်ငံတွေနဲ့ ယှဉ် တဲ့အခါမှာ တကယ့်ကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြသနိုင်တာတစ်ခုနဲ့တင် လုံးဝကိုလေးစားပါတယ်” လို့ ကလေးတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူစကားကို သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)အနေနဲ့လည်း ဆုပိုက်ပြီး အမိနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့ကြပါသေးတယ်။


“တိုင်းပြည်ရဲ့ဂုဏ်ကိုဆောင်ပြီး မော်မော်ကြွားကြွားနဲ့ သူတို့တွေ ဆု ကြီး ကိုပိုက်ပြီးပြန်လာနိုင်တဲ့အတွက် ကလေးတွေကို ဂုဏ်ပြုရမှာပါ။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းနဲ့ ပြန်ကြားရေးမှူးဒေါ်ပတ္တမြား ကေခိုင်တို့က ဦး ဆောင်ပြီး သွားကြတာပါ။အဲဒီတော့ ဦးဆောင်သူများရော ပါဝင်ခဲ့ကြတဲ့ ကလေးတွေအကုန်လုံးရော ဂုဏ်ယူတယ်။ ကလေးတွေဆိုရင် အစိုးရကျောင်းတွေကလည်းပါသလို Private School တွေကလည်း ပါတယ်။ ပြင်ပကျောင်းတွေကကလေးတွေလည်းပါတယ်ဆိုတော့ တော်တော်လေးတော့ စုံပါတယ်” လို့ လူ ရွှင်တော်ကြီး ဦးအရိုင်းကလည်း ဂုဏ်ယူစကားပြောပါတယ်။ ဒီကျောင်းသား၊ကျောင်းသူတွေထဲမှာတော့ အနုပညာရှင်များရဲ့ မျိုးဆက်တွေ ဖြစ်တဲ့ ဂရိတ်ဦးဘိုးစိန်ရဲ့မျိုးဆက်၊ ဒေါ်ပတ္တမြားကေခိုင်ရဲ့ သားထွန်းဝီရ၊ ဦးမိုးဝင်းရဲ့သားနေမိုးဝင်း၊ ဦးအရိုင်းရဲ့သမီးပန်းနုပျိုမေ၊ မြို့မရွှေ မန်းသားဖိုး ချစ်ရဲ့တူ ကောင်းစစ်မင်း၊ မင်းမော်ကွန်းရဲ့သမီး လေပြေသွေး၊ ဆိုင်းပညာရှင် မြန်မာပြည်ကျောက်စိမ်းရဲ့သား ဟန်ထူးဈာန်တို့လည်းပါဝင်ခဲ့ပါတယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*