ဟာသလူ

ဟာသလူ
August 21, 2018 AsianFame MediaGroup
ဟာသလူ

ကျွန်တော်အလယ်တန်း ကျောင်းသားဘဝမှာ သော်တာဆွေ၊ ဇင်အောင်၊ ကြပ်ကလေး၊ ကြူမွှေး၊ ဗိုလ်သခင်ဆရာ စတဲ့ ဟာသဝတ္တု ဆရာကြီးများရဲ့ လက်ရာများကို ဖတ်ရင်း ဟာသဝတ္တုရေးဆရာ ဖြစ်ချင်ခဲ့တာပေါ့။ အထက်တန်း ကျောင်းသားဘဝရောက်တဲ့အခါ ချစ်သူရည်းစားရှိလာပြန်တော့ တက္က သိုလ်ဘုန်းနိုင်၊ ဂျာနယ်ကျော်မမ လေး၊ ဝင်းဦးတို့ရဲ့ လက်ရာတွေဖတ် ပြီး အချစ်ဝတ္တု ဆရာ ဖြစ်ချင်ပြန် ကော။ တစ်ချိန်တည်းမှာပဲ အသျှင် မဟာရဋ္ဌသာရမှသည် ဒေါင်းနွယ် ဆွေ၊ သခင်ကိုယ်တော်မှိုင်းမှသည် ဒဂုန်တာရာအထိ ဖတ်ရှုရင်း ကဗျာ ဆရာဖြစ်ချင်လာပြန်ပါတယ်။ နောက်တော့ တင့်တယ်၊ ရန်ကုန်ဘ ဆွေ၊ ဗန်းမော်တင်အောင်တို့ရဲ့ လက်ရာတွေ စွဲလမ်းရင်း၊ နောက် ဆုံးမှာ ဘဝသရုပ်ဖော် ဝတ္တုတို ဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲသဟာ ကျားမြီးဆွဲမိတာပါပဲ။

 

မြန်မာစာပေလောကမှာတော့ ဘဝသရုပ်ဖော် စာပေကို သိုးဆောင်း ဘာသာRealism ထဲ သွတ်သွင်းကြ သူတွေရှိပါတယ်။Realism ကို တချို့ဆရာများက ‘သရုပ်မှန်ဝါဒ’လို့ သမုတ်ကြပါတယ်။Realism ကို ဘဝသရုပ်ဖော်လည်းမဟုတ်၊ သရုပ် မှန်လည်းမဟုတ်ဘူးလို့ ငြင်းကြတဲ့ ဆရာများလည်းရှိခဲ့ကြပါတယ်။ ကျွန်တော့်အထင် စာပေဖန်တီးမှု ဆိုင်ရာ အယူဝါဒတွေ၊ သဗ္ဗရနံပေါင်း ရှိတဲ့အထဲမှာ အဲသည်Realism ဆို တာကြီးက အခက်ဆုံးပါ။ သူ့ထက် ကဲတာကတော့ မြန်မာစာပေမှာ မဖွံ့ ဖြိုးသေးတဲ့ ‘ပဉ္စလက်သရုပ်မှန်ဝါဒ Magical Realism ဆိုတာကြီးပါပဲ အရပ်ကတို့။

မဖွံ့ဖြိုးသေးတဲ့ ခေတ်သစ်စာ ပေဝါဒတစ်ခု (လက်တင်အမေရိက မှာ အားယူဖွံ့ဖြိုးခဲ့တဲ့ စာပေအယူအ ဆတစ်ခု)ကို မြန်မာပြန်သော ရေး ဖော်ရေးဖက် လူငယ်တွေ ငြင်းကြ ခုန်ကြလွန်းလို့ ကျွန်တော် နားကြား ပြင်းကပ်လာခဲ့ပါတယ်။

“ဟေ့ ဟေ့ ဘော်ဒါတို့ ဘာမှ လေကုန်ခံပြီး ငြင်းမနေကြနဲ့။ မြန်မာ ပြည်မှာ Magical Realism ရှိနေခဲ့ တာကြာပေါ့၊ ကြာပေါ့။ မောင်ရင်တို့ တစ်လွဲဆံပင်ကောင်းနေကြတာ။ မြန်မာသက္ကရာဇ် ၁၁၄၂ ခုနှစ်က တည်းက မြန်မာစာရေးဆရာ ‘ရွှေ ကောင်းသီဟသူ’က ‘ရတနာကြေးမုံ’ နန်းတွင်းဇာတ်တော်ကြီးဆိုတဲ့ ပဉ္စ လက်သရုပ်မှန် ဝတ္တုကြီးကို ရေးပြီး နေခဲ့ပြီ။ မြန်မာစာ သုတေသီတွေက လည်း အဲသည် ဝတ္တုကို မျက်စိလျှံ နေကြပုံပဲ။ မောင်ရင်တို့ ရှာဖွေဖတ် ရှုပြီး ကိုယ့်အမျိုးသားစာပေအတွက် ဂုဏ်ယူလိုက်ကြစမ်းပါ။ မျိုးချစ်စိတ် ဓာတ် ရှင်သန်ထက်မြက်လိုက်ကြ စမ်းပါ။ မအေကျော် ဒွေးတော် မလွမ်းချင်ကြစမ်းပါနဲ့”လို့ ကျွန်တော် နှိုးဆော်အသိပေးခဲ့ဖူးပါတယ်။ ဒင်း (သင်း)တို့ကလည်း ဂန္တဝင်စာအုပ်ကို လှန်ရမှာဆိုရင် ကျားဖင်ပြေးနှိုက်ရ မှာထက်တောင် ကြောက်ကြတဲ့ သတ္တဝါတွေ။ သည်လိုနဲ့ ပို့စ်မော်ဒန်၊ ပို့စ်မော်ဒန်လို့ အော်ကြဟစ်ကြရင်း မော်ဒန်လွန်ဆိုတဲ့အတိုင်း အားလွန် ပြီး FB ချောက်ထဲ တလိမ့်ခေါက် ကွေး ကျကုန်ကြပါရောကလားဗျာ။

ပြောချင်တဲ့လိုရင်းက ဟာသ ဝတ္တုအကြောင်းပါ။ လွန်ခဲ့တဲ့ ၁ဝ စု နှစ်တုန်းကတော့ အတင်းကလိထိုးတဲ့ လူကာတွန်း ဟာသဝတ္တုလေးတွေ ခေတ်စားခဲ့သဗျ။ တကယ့် အဆင့် အတန်းမြင့် ဟာသစာပေလို့တော့ ပြောလို့မရဘူးပေါ့။ “အပျော်ဖတ်” သက်သက်ပါပဲ။ ဟာသဝတ္တုလှိုင်းက ငြိမ်သွားပြီးတဲ့အခါ ဟာသရုပ်ရှင် ဗီဒီယိုလှိုင်းကြီးတစ်ခဲနက် ထလာပုံက တော့ ‘ပေါကား’ဆိုတဲ့ ဘွဲ့ထူး ဝိသေ သနတောင် ချီးမြှင့်ခဲ့ရတဲ့အထိပါပဲ။ အဲသဟာကြောင့် ကိုယ့်လူမျိုးတွေက စားစရာမရှိလည်း အရယ်မပျက်ကြ ဘူး။ ဝတ်စရာမရှိလည်း အပြုံးမပျက် ဘူးဆိုတဲ့ စကားကို လက်ခံလိုက် ပါတယ်။

မြန်မာလူမျိုးမှ ဟာသကြိုက်ကြ တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူမျိုးလူနွယ်အသီးသီးဟာ လည်း ဟာသကို ကြိုက်ကြတာပါပဲ။ အရေးတကြီးကိစ္စတွေ စဉ်းစားသုံး ဆုံးဖြတ်ရလွန်းလို့ ဦးနှောက်ထဲမှာ ကျပ်ခဲ ခြောက်သွေ့နေရှာကြတဲ့ နိုင်ငံရေးခေါင်းဆောင် မှူးကြီးမတ် ရာ သေနာပတိကြီးများဟာလည်း မျက်နှာကြောကြီးတွေသာ တင်းနေ ကြတာ။ အခွင့်အရေးရရင် သူတို့ ခမျာများကလည်း ရယ်ချင်ပြုံးချင်ကြ တာပါပဲ။ ပုထုစဉ်တွေမို့ သူတို့ခမျာ များ ဟာသမကြိုက်ဘဲ မနေကြ ပါဘူးဗျာ။ ရှေးခေတ်က မြန်မာ့ ပဒေသရာဇ်နန်းတွင်းမှာ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်စိတ်နှလုံး ကြည်သာရွှင်လန်းအောင် သင့်တင့် လျောက်ပတ်တဲ့ အပျော်အပြက် ဟာသစကားကလေးတွေ တင်ဆက်ပေးရတဲ့ ‘ပျော်တော်ဆက်’ ဆိုတာ ရှိခဲ့ဖူးပါသတဲ့။ အနောက် တိုင်းမှာလည်း နန်းတွင်းပျော်တော် ဆက်ဆိုတာ ရှိပ။ သိုးဆောင်းဘာသာ နဲ့ Royal Jester လို့ ခေါ်ပါသတဲ့။

မြန်မာလူမျိုးတို့ ဟာသကြိုက် တယ်ဆိုပေမယ့် မြန်မာစာပေမှာ တော့ ‘ဟဿရသ’မြောက်တဲ့ ဂနÄဝင် စာပေက ရှားပါဘိခြင်း။ ထင်ရှား တာကတော့ ‘မန်လည်ဆရာတော် ဘုရားကြီး’ရဲ့ ဟာသပါတဲ့။ ကဗျာ လင်္ကာတချို့ရှိပါတယ်။ (ရဟန်းကျင့် ဝတ်အရ ဆရာတော်ကြီးရဲ့ ကဗျာ များဟာ ရသတော့မြောက်ပါရဲ့။ အာပတ်တော့ မလွတ်ကင်းပါဘူး။ ဟာသကဗျာ ရေးတယ်ဆိုတာ သမ္ဖ ပ္ပလာပဝါစာ ဖန်တီးတာဖြစ်ပါတယ်။ မြန်မာလိုတော့ သိမ်ဖျင်းတဲ့စကားကို ပြောခြင်းပေါ့။ သို့သော် ဆရာတော် ကြီးက အာပတ်ဖြေမှာပါ။ အာပတ် ဖြေရင် အပြစ်လွတ်ပါတယ်။ ဆရာ တော်ကြီးက နှယ်နှယ်ရရမှမဟုတ်တာ ဒါလေးများ။) သင်္ဂဇာဆရာတော်ကြီး ဟာလည်း ရယ်ရွှင်ဖွယ် ပုံတိုပတ်စ ကလေးတွေပြောတတ်ပြီး ဆရာတော် ကြီးရဲ့ ပုံပြင်ကလေးတွေက မှတ်သား စရာ နီတိများလည်း ပါကြပါတယ်”။ သင်္ဂဇာပုံပြင်စာအုပ်အမျိုးမျိုးဟာ မြန်မာပြည်မှာတော့ Best Seller ဗျ။ ဘယ်လိုဟာသစာရေးဆရာမျိုးမှ လိုက်မမီအောင် အရောင်းစွံတဲ့ဟာ သစာအုပ်ပါ။ မယုံရင် လေ့လာကြည့် ပါ။ မြန်မာစာပေလောကမှာ ထိပ်ဆုံး က ရောင်းအစွံဆုံး စာရေးဆရာဟာ ‘ပီမိုးနင်း’၊ ဒုတိယကတော့ ‘သင်္ဂဇာ ဆရာတော်’လို့ ကျွန်တော်ပြောဝံ့ပါ တယ်။

ကျွန်တော်ဟာသဝတ္တုရေးဖို့ ကြိုးစားကြည့်ဖူးပါတယ်။ မဖြစ်ပါ ဘူး။ လက်လျှော့လိုက်ရပါတယ်။ အနောက်တိုင်းက ကမ္ဘာကျော် စာရေးဆရာကြီး Arthur Koestler က ဟာသရဲ့ အဓိပ္ပာယ်ကို သိပ္ပံ နည်းကျကျ၊ စေ့စေ့စပ်စပ်ဖွင့်ဆို ရေးသားဖူးပါတယ်။ ဆရာကြီး ရေး ထားတာကို ဖတ်ကြည့်ပြီး ဟာသဝတ္တု ရေးဖို့ မလွယ်လှမှန်း ပိုသိသွားပါ တယ်။ လူရွှင်တော်များ၊ ဟာသဝတ္တု ဆရာကြီးများကို ကျွန်တော်က စာပေနယ်မှာ ထိပ်ဆုံးတန်းက နေရာ ပေးပါတယ်။ ခက်တာက ဒီကနေ့ မြန်မာခေတ်ပြိုင်စာပေနယ်မှာ ဟာသမြောက်အောင် ရေးသားနိုင်တဲ့ စာရေးဆရာအတွက် နေရာရှိပေ မယ့် နေရာနဲ့ ထိုက်တန်တဲ့ ဟာသ စာရေးဆရာ မရှိသေးတာပါပဲ။ သူ့ စာအုပ်ကို ဖတ်ရင် ရယ်ကိုရယ်ရမယ်။ မရယ်ရဘူးဆိုရင် ငွေတစ်ထောင် လျော်မယ်လို့ ၁၉၆၅ ခုနှစ်လောက်က ကြော်ငြာခဲ့တဲ့ စာရေးဆရာ ‘သခင် တင်ဦး (ကလောင်ခွဲ ဗိုလ်သခင် ဆရာ) ကွယ်လွန်ခဲ့တာပဲ ကြာလှပါ ပကောဗျာ။ သခင်တင်ဦး စိန်ခေါ်တဲ့ ‘မဟိုဒင်း’ ဝတ္တုဟာ ဖတ်မိရင် မရယ် ဘဲ မနေနိုင်ပါဘူး။ ရုပ်ရှင်ရိုက်တော့ လည်း အလွန်အောင်မြင်ခဲ့သဗျ။

သတိရတုန်း မိတ်ဆွေစာရေး ဆရာမတစ်ယောက် အကြောင်း ပြောပြရဦးမယ်။ အတင်းချတယ်မ ထင်ကြပါနဲ့။ သူ့မှာက ဟာသဗီဇ မပါတော့ သူကြိုးစားပြီး ဟာသဝတ္တု ရေးပေမယ့် မအောင်မြင်ရှာပါဘူး။ စာပေဟောပြောပွဲကျတော့လည်း သူကပရိသတ်မပျင်းအောင် ပြက် လုံးထုတ်ဖို့ ကြိုးစားရှာပါတယ်။

ရယ်သံထွက်လာတယ်။ သူ့ ဘာသာသူတစ်ယောက်တည်း ရယ် တာဗျ။ ပရိသတ်ကတော့ တိတ်လို့။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*