မကျေနပ်တိုင်းသာ’ထုံး’တို့ထားရရင် ကြာတဲ့အခါ ကောင်းမှုတော်ကြီးဖြစ်ကရော့မယ်

မကျေနပ်တိုင်းသာ’ထုံး’တို့ထားရရင် ကြာတဲ့အခါ ကောင်းမှုတော်ကြီးဖြစ်ကရော့မယ်
August 21, 2018 AsianFame MediaGroup
မကျေနပ်တိုင်းသာ’ထုံး’တို့ထားရရင် ကြာတဲ့အခါ ကောင်းမှုတော်ကြီးဖြစ်ကရော့မယ်


ရသစာပေကျဆင်းနေတာကို ဒီက လူတွေက ပြောပြောနေကြတော့ အမေရိကန်မှာရောက်နေတဲ့ စာရေး ဆရာကြီးမောင်သာရက ပြောပါသ တဲ့ဆိုနေ …။

“မစိုးရိမ်ကြနဲ့ဟေ့ ကမ္ဘာမှာတို့ ထက် စက်မှုပညာ ပိုထွန်းကားတဲ့ အမေရိကန်တို့၊ ဂျပန်တို့မှာတောင် ဒီနေ့အထိ ရသစာပေပျောက်သေး တာမဟုတ်ဘူး။ မှေးမှိန်လည်း ခဏ ပါပဲ။ နောက်တော့လူတွေ ရသစာပေ ဘက် ပြန်လည်လာကြမှာပါ”

ဆရာမင်းသစ်က ပြောဖူးတယ်။ မန္တလေးက စာရေးဆရာတစ်ယောက် တတ္တု တွေ ရေးရင် မော်ဒန်ဆန်ဆန် ရေးတဲ့ ဆရာကြီး။ နောက်ပြီး သူ့တတ္တု တိုတွေ ဖတ်ပြီးမှ ကြည့်နေကွ၊ ဒီလူ ကြီးကုန်တော့မှာ၊ နောက် သူ့တတ္တုတို တွေ တိုးဖတ်ချင်လို့တောင်မှ ဖတ်ကြ ရတော့မှာမဟုတ်ဘူး တဲ့။ အမှန်ပါပဲ ဗျာ။ အရင်က မဂ္ဂဇင်းတွေရဲ့ စာမျက် နှာအတော်များများပေါ်မှာ နေရာ ယူ၊ ပေါ်ပြူလာဖြစ်ခဲ့တဲ့ စာရေးဆရာ ကြီး၊ အခုတော့ ကုန်သွားတာပဲလား။ ကုန်ကြမ်းပြတ်လို့ ပိတ်လိုက်ရတဲ့ စက်ရုံကြီးလိုမျိုး၊ အကျည်းတန်လိုက် ပုံမတော့။ ဟင်း။

သီးခိုင်ဖွံ့ဖြိုးဖို့၊ ကိုယ့်ဥယျာဉ် ကို ရေလောင်းပေါင်းသင်းမြေဆီ တော့ ကျွေးမှပါ။ ဒါမှ အလှပန်းတွေ နဲ့ ဝေဆာနေတော့မပေါ့။ ခက်တာ လူတွေပြုသမျှခံနေတဲ့ မြေကြီးမှာက လည်း မာနနဲ့ပါပဲ။ သူ့ကိုချစ်မှ သူက လည်း စိုက်ပျိုးသူကို ပြန်ချစ်တော့မ ပေါ့။ ဒီတိုင်း ပေယျာလကန် ပြစ် ထားကြည့်ပါလား။ ကြာရင် သူ့ရဲ့မူလ လားရာ တောဖြစ်သွားတော့မပေါ့။

“ရတုကဗျာ၊ ပျို့လင်္ကာနဲ့၊ သာ သည် သီချင်း၊ အဲစောင်းညင်းကို၊ မ ကင်းမပြတ်၊ ရွတ်ဖတ်လေ့ကျက်၊ တီး မှုတ်လျက်သာ နေကောင်းစွာ”တဲ့။
ကိုဘိုထုံရဲ့ ဟောဒီရင်မှာ မှတ် သားလိုက်ရတာကတော့ ‘မကင်းမ ပြတ်’ဆိုတဲ့ စကားပါပဲ။ အဲဒီအထဲ ဘဘင်သည်တွေကမှ ပိုဆိုး။ သဘင် အသက်ခုနစ်ရက်လို့ ကြားဖူးသလား လို့ပါ။ ကင်းကွာတာနဲ့ လူရှေ့သူရှေ့ ဖျော်ဖြေရတဲ့အခါ၊ ဒုက္ခတွေ အထိုက် အလျောက်တွေ့ရတော့မှာပါ။ ကိုဘို ထုံတို့လို စာရေးမည့်လူတွေဟာ ကြီး ကြီးကျယ်ကျယ်ပြောရရင် လူထုထဲ မဆင်းဖြစ်ရင်တောင် လစဉ်ထုတ်မဂ္ဂ ဇင်းတွေတော့ မှန်မှန်ဖတ်မှပါ။ တ ချို့စာရေးဆရာလုပ်နေပြီး တစ်နှစ် လောက်အထိတောင် စာမရေးဖြစ် မှတော့ ဘယ်လိုလုပ်အမီလိုက်နိုင်ပါ တော့မလဲ။

ခက်တာက ကိုဘိုထုံတို့ လူတွေ ကိုက စာမဖတ်ကြဘူး။ စာရေးမည့် လူစာမဖတ်မှတော့ ဘာသုံးစားလို့ရ ပါတော့မလဲ။ ကိုဘိုထုံတို့အဖွဲ့ထဲက စာရေးဆရာမကြီးတစ်ယောက်၊ စာမ ဖတ်ဘူး။ ကြည့်ရတာ သူ့စာကလွဲလို့ ကျန်တဲ့လူတွေရဲ့ စာမဖတ်ဘူးထင်ပါ တယ်။ ဘာပြုလို့လဲဆိုတော့ လူချင်း ဆုံကြရင် ဘယ်မဂ္ဂဇင်းထဲက ဘယ်သူ့ တတ္တုလေးဖြင့် ကောင်းလိုက်တာ၊ ဖတ်ကြည့်ပါဦးလို့ တစ်ခါမှ ညွှန်းသံ မကြားပါဘူး။ အဲဒါစာမဖတ်လို့ပေါ့။ သူသာ တကယ်စာဖတ်ရိုးမှန်ရင် ညွှန်းနိုင်ရမှာပါ။ ကြည့်ရတာ အဲဒီ ဆရာမကြီးက သူ့စာသူ့တတ္တုကလွဲလို့ ဘာစာမှကို ဖတ်ပုံမရပါဘူး။ ဟင့် …အင့်။

ဆရာမကြီးဆိုတာ အတော်စာ ရေးကောင်းသူပါ။ ကျေးလက်ဒေသ မှာ နေခဲ့သူဆိုတော့ ကျေးလက်သရုပ် ဖော်ဘွဲ့တွေခက်တယ်။ သူ့ဘာသာ သူကောင်းနေတာပါ။ ယောက်ျား လေးစာရေးဆရာတွေလို စကားဝိုင်း လည်း မဖွဲ့ဘူး။ သူ့ဝန်းကျင်မှာ စာ ပေသမားတွေလည်း မမြင်ဘူး။ ကဲ …စာလည်း မဖတ်ဘူး။ မဂ္ဂဇင်း ဆိုလည်း စာမူပါလို့ လက်ဆောင်ရ တာပဲ ဖတ်တယ်။ ဒါတောင် သူ့စာမူ နဲ့ တတ္တုတွေကလွဲလို့ ဖတ်ချင်မှဖတ် မှာပါ။ ဥပမာ ဆောင်းပါး၊ ကာတွန်း၊ ကဗျာ အဲဒါတွေမဖတ်တော့ တစ်ခါမှ ကိုကောင်းတယ်ပြောသံမကြားဖူးပါဘူး။
‘ပြင်ဦးလွင်မှ ဖိတ်ခေါ်သံ’မှတ်မိသေးတယ်။

တစ်ခါက ကို ဘိုထုံတို့မြို့မှာ မဂ္ဂဇင်းထုတ်တော့ ဆရာမဆီက စာမူတောင်းတဲ့အခါ တတ္တုရေးပြီးသားမရှိလို့ဆိုပြီး ဆောင်း ပါးတစ်ပုဒ်ဖျစ်ညှစ်ရေးပေးပါတယ်။ ဆရာမရေးတဲ့ ဆောင်းပါးရဲ့ ခေါင်း စီးကို ဖတ်ကြည့်ပါဦး။ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဂူ အောင်းနေတဲ့ လူသားလိုပါပဲ။ ဘာ မှတီထွင်ဆန်းသစ်မှု မရှိပါဘူး။ တွေ့ ကြရင်တော့ ဘယ်တိုက်က ဘယ်စာ ရေးဆရာကဖြင့် လက်ရွေးစင်တတ္တုတို ပေါင်းချုပ်ထုတ်မှာမို့ စာမူတောင်းတဲ့ အကြောင်း အကြွားလေး စွက်ပြောပါ လိမ့်မဗျာ။

“ရှင်တို့ကလည်း ဘယ်လို ကြောင့် ဖုန်းခဏခဏဆက်နေကြရ တာလဲ။ ဒီမှာမှရေးပြီးသား စာမူ မရှိ ပါဘူးဆိုတာ ဘယ်နှခါပြောရမလဲ”
နို့မို့ဆို ယုံချင်မှယုံမှာပါ။ ကိုဘို ထုံတို့ အဲဒီဆရာမကြီး အိမ်အလည် ရောက်သခိုက် ဆရာမကြီးရဲ့ စာမူ တောင်းတဲ့ မဂ္ဂဇင်းတိုက်ရန်ဖြစ်နေ ကြတဲ့အသံတွေပါ။ ကိုဘိုထုံတို့နဲ့များ ကွာချက်ကတော့။ သြော် …စာ ပေနဲ့ပတ်သက်လို့ ဘာဆုမှ မရဖူး သေးလို့နဲ့ တူပါရဲ့လေ။ စာပေဆုရတဲ့ သူများမတော့ ခုတလော ဝိုင်းစုခိုင် သိန်းရဲ့သီချင်းလိုပါပဲ။ ခါချနေရလေရဲ့။

ခက်တာက ကိုဘိုထုံရဲ့ လူတွေ စာမဖတ်ကြဘူးဗျ။ ဒီတစ်ခါတော့ လူ ငယ်မော်ဒန်ကဗျာဆရာလေး တစ် ယောက်၊ လတ်လတ်ဆတ်ဆတ်၊ တက်တက်ြ<ွကြ<ွကလေးနဲ့။ ညီအစ်ကို မောင်နှမတွေ သိပ်ချစ်လိုက်ကြတာ။ အေး ဒါဖြင့် အဲဒီမောင်နှမတွေကို မေးကြည့်လိုက်စမ်းပါ။ မင်းတို့တစ် တွေ အမွေခွဲပြီးကြပြီလားလို့ ဆိုသလို ပါပဲ။ အဲဒီကဗျာဆရာလေး ကိုဘိုထုံ တို့ ဝိုင်းထဲရောက်လာတာက အမွေ မခွဲခင် မောင်နှမတွေ တအားချစ်ကြ တဲ့ အချိန်မျိုး။ သူ့ကဗျာစက်ရုံက မော်ဒန်ကဗျာတွေ၊ ဗုံးပေါလအော ထုတ်လုပ်နေချိန်မှာပေါ့။

“အစ်ကို နေကောင်းတယ်နော်။ အချိန်ရလား၊ ကျွန်တော်ကဗျာလေး တစ်ပုဒ် ရွတ်ပြချင်လို့ပါ။ ကဗျာနာ မည်က အိမ်ရှေ့က မက်မန်းပင်တဲ့ ဗျ အစ်ကို ရ”ငယ်ဂုဏ်၊ ရွှင်လန်းတက်ကြွချိန်၊ ကဗျာရေးအား ဘယ်လောက်များ ကောင်းလိုက်သလဲဆိုရင် တစ်နေ့ကို လေးငါးဆယ်ပုဒ်ရေးတယ်။ တစ်ခါ တစ်ခါမဂ္ဂဇင်းတွေ ပို့ရင် အပုဒ်လေး ငါးဆယ်။ ဟေ့ တို့က စာမူခနဲ့ ထ မင်းစားနေကြတာ ဟေ့ ဆိုတဲ့စကား နဲ့ ဆန့်ကျင်ဘက်။ သူဌေးရဲ့သမက် မို့ အဲဒီမော်ဒန်ကဗျာဆရာလေး က ဗျာတွေရေးတာက ထီးတင်ပွဲမှာ သူ ဌေးက ပိုက်ဆံတွေ ကြဲချသလိုမျိုး၊ သူ့စာမူခကို သူ့သူငယ်ချင်း မော်ဒန် ကဗျာဆရာလေးတွေ့ ဦးတဲ့သူက ထုတ်ယူကြစေဆိုတော့ ဟဲမင်းဝေတို့ တောင် ခံစားစံစားကြဖူးပါရဲ့။

ဒီတော့လား အဲဒီမော်ဒန်က ဗျာဆရာလေးရဲ့ ကလောင်နာမည် ဟာ အရှင်မွေး၊ နေ့ချင်းကြီးပေါ့။ ဘယ်လောက်ထိအောင်လဲဆိုရင် သူ့မော်ဒန်ကဗျာတွေ မပါဖူးတဲ့ မဂ္ဂဇင်း စာစောင်မရှိတော့လောက် အောင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့ တော့ ကိုဘိုထုံတို့ အဖွဲ့ထဲက လိပ်အို ကဗျာ ဆရာ တစ်လမှ ကဗျာတိုတစ် ပုဒ်၊ မနည်းဖျစ်ညှစ်ရေးနေရတဲ့ (ပြောရရင် သူလည်း မော်ဒန်ကဗျာ ဆရာပါပဲ)နာမည်က ‘ညိုဦးလွင်’တဲ့။ တိတ်တဆိတ်အံ့သြနေရလေရဲ့။

“အနုပညာ ဓာတ်အိုးကွဲလေး ရေ၊ လုပ်လှ ချေကလား ဟ”

“အစ်ကို၊ ကျွန်တော် ကဗျာတစ် ပုဒ်ရေးထားတာရှိတယ်။ ရွတ်ပြမယ် နော်”

သူ့ကဗျာတွေက လတ်ဆတ် တယ်။ နောက်ဆုံးပေါ်တွေဖြစ်တယ်။ ဗမာနိုင်ငံ ကဗျာဆရာတွေထဲမှာတော့ ကဗျာရွတ်ကောင်းတဲ့ ‘မောင်သွေး သစ်’တို့လိုပါပဲ။ သူကလည်း နာမည် အတော်ရပါတယ်။ အဲ …ဘာထူး ခြားတာလဲဆိုတော့ တစ်ခေတ်တစ် ခါက သိုင်းတတ္တုတွေ ဖတ်ရသလိုမျိုး၊ တက်ကျမ်းစာအုပ်ဖတ်ရတဲ့ အရသာ ပုံစံ။ အဟောအပြောတော့ ကောင်း ပါရဲ့၊ နားထောင်လို့ ကောင်းရုံ၊ လက်ခုပ်တော့ တီးချင်စရာ၊ ဒါပေမဲ့ ဟောပြောပွဲလည်း ပြီးရော၊ ဟောဒီ က လူတွေရဲ့ နှလုံးသားထဲ သူ့ကဗျာ တွေက လတ်ဆတ်တယ်။ နောက်ဆုံး ပေါ်တွေဖြစ်တယ်။ ဗမာနိုင်ငံက ကဗျာဆရာတွေထဲမှာတော့ ကဗျာ ရွတ်ကောင်းတဲ့ ‘မောင် သွေးသစ်’တို့ လိုပါပဲ။ သူကလည်း နာမည်အတော် ရပါတယ်။ အဲ ဘာထူးခြားလဲဆိုတော့ တစ်ခေတ်တစ်ခါက သိုင်းတတ္တုတွေ ဖတ်ရသလိုမျိုး၊ တက်ကျမ်းစာအုပ် ဖတ်ရတဲ့အရသာ ပုံစံ၊ အဟော အ ပြောတွေ ကောင်းပါရဲ့၊ နားထောင် လို့ကောင်းပါရဲ့၊ လက်ခုပ်တော့ တီး ချင်စရာ၊ ဒါပေမဲ့ ဟောပြောပွဲလည်း ပြီးရော ဟောဒီက လူတွေရဲ့ နှလုံး သားထဲ ဘာမှကို မကျန်ခဲ့တော့သလို မျိုး။ ဘာပြုလို့လဲတော့ မဆိုနိုင်ပါ ဘူး။

“အစ်ကိုသိလား၊ ကျွန်တော် လမ်းနံဘေးက ဆိုင်းဘုတ်တွေ တန်းစီချရေးပြီး မဂ္ဂဇင်းကို တစ် မျက်နှာ တတ္တုဆိုပြီးပို့တာ။ အဲဒါကို အယ်ဒီတာက ကဗျာဆိုပြီး အဖွင့် စာမျက်နှာ မှာလည်းထား တယ်။ ဘယ်လောက် ရယ်စရာကောင်းလိုက် သလဲဗျာ”

တအားရောင်းကောင်းတော့ စက်ရုံက ပစ္စည်းတွေ အလျှံပယ်ထုတ် သလိုမျိုး၊ နောက်ပိုင်းကျတော့ အဲဒီ မော်ဒန်ကဗျာဆရာလေးရဲ့ ကဗျာ တွေဟာ စကားလုံးတွေ တန်းစီပြ၊ စကားလုံးတွေ စတန့်ထွင်ထားသလို မျိုး၊ သူ့ဟာခံစားချက်မပါတော့ ကဗျာနဲ့မတူဘဲ စာစီသမားလို ဖြစ် လာတယ်။ ဥပမာ ဆိုပါတော့ အကုန်ကောင်းတယ်ဆိုတာ တကယ် တော့ အကောင်းကုန်နေတာပါ။ တို့ ညှာညှိလို့သာပြောတာ၊ ညှိညာနေကြ တာပါလေလို့၊ စကားလုံး ကုလား ဖန်ထိုးတော့ ကဗျာတွေပါတော့ပါပါ ရဲ့။ ရင်ထဲမစွဲဘူးဖြစ်နေတယ်။ ခက် တာ၊ ဆိုးတာက ကိုယ်တိုင်လူငယ်လေး ဖြစ်နေပေမယ့် သူ့ကဗျာကလွဲလို့ သူများကဗျာတွေမဖတ်တာ။ ကဗျာ ဆရာဖြစ်ပြီး ကဗျာမဖတ်၊ စာမဖတ်၊ ဝမ်းစာမဖြည့်တာ။ ဒီတော့လား မီး ပုံးပျံကြီးလိုပါပဲ။ တစ်ခါက အမြင့်ဆုံး တက်ခဲ့ဖူးတာပဲရှိတယ်။ ဒီနေ့တော့ ပုံကျနေလေရဲ့။

ကဗျာခရီးသည်တစ်ယောက်၊ ကိုဘိုထုံတို့မြို့လာလည်တာ ရှိပါ တယ်။ ဖြူစင်တဲ့အပြုံးပိုင်ရှင်၊ အင်္ကျီ ဝတ်ထားပေမယ့် ဗိုက်ကချက်ကို ဖော်ဖော်ထားတဲ့ ပြဇာတ်မင်းသား စတိုင်လ်နဲ့ ကိုဌေးကြည် (စလင်း)ပါပဲ။ မြို့စားကဗျာဆရာလို့တောင် ပြောလို့ ရပါတယ်။ သူရောက်လာရင် ဘယ်တော့မှ အနားမနေ။ မြို့ကို ဘယ်တော့မှ မြင်းစီးမကြေညာပါဘူး။ လမ်းခြေလျင်လျှောက်၊ လျှောက်တာ တောင်မှ အဝေးဆုံးလမ်းကို ရွေး လျှောက်၊ ကြာကြာခံစားချင်လို့ဆိုပါ လား။ ပြီးတော့ အဲဒါတွေကဗျာပြန် ရေး၊ မြို့လား တစ်ရာလုပ်တတ်တဲ့ ကဗျာဆရာပါ။

“ဟာ ကိုဌေးကြည် ရောက်လာ တာအတော်ပဲ။ ဟို မီးပုံးပျံကဗျာဆ ရာက ဒီတစ်ခါလည်း သူ့ဆီအိပ်၊ သူဆီလာပါဦးတဲ့ဗျာ။ ဘီယာနဲ့ ဧည့် ခံချင်လို့တဲ့”

ကဗျာတွေ ဒလဟောထွက်ပြီး မောပန်းသွားတဲ့ ကဗျာဆရာလေးက ကိုဌေးကြည်ကိုခေါ်၊ သူ့တိုက်မှာ တစ်ညသိပ်၊ ဘီယာတိုက်၊ နောက် တော့ ဟိုးအရင် သူအောင်မြင်စဉ်က ထုတ်ခဲ့တဲ့ ကဗျာပေါင်းချုပ်စာအုပ် ကို ကိုဌေးကြည်ကို အမှတ်တရပေး၊ စာပေအကြောင်းတွေ ဆွေးနွေးခဲ့ကြ တာ အကြာကြီးပါ။ ကဗျာမရေးတာ ကြာပေမယ့် ကဗျာစိတ်လေးရှိနေတာ ကိုက ကျေနပ်စရာပါလေ။

 

ခါတိုင်း ကိုညိုဦးလွင်၊ ကိုညို ဦးလွင်ရဲ့သားတွေကြားသူဖြစ်သလို အိပ်၊ ဖြစ်သလို စားလာတဲ့ကိုဌေးကြည် မီးပုံးပျံကဗျာဆရာရဲ့ အကြောင်း တွေပြောတဲ့အထဲ ကဗျာစာအုပ်လက် ဆောင်ပေးတာလည်းပါတယ်။ အဲဒီ ကဗျာစာအုပ်က ဒီမြို့ခံလူတွေတောင် လူတိုင်းစေ့ရတာမဟုတ်လို့ ကိုညိုဦး လွင်က မေးတယ်။ ဘယ်မလဲဗျ။ ကြည့်ရအောင် ပြပါဦးဆိုတော့ ကို ဌေးကြည်က ပြောပါတယ်။

“ဖတ်ပြီးပြီလေဗျာ။ ဘာလို့ သယ်နေရဦးမှာတုံး၊ ကျုပ်က ခရီး ဝေးသွားရဦးမှာကိုလေး ကလေးသနဲ့ သယ်မနေနိုင်ပေါင်ဗျာ။

စာအုပ်ရောင်းတဲ့ မိန်းမပျိုလေး က ကျော်နင်းခွပြုပြီးမှ တက်ယူပေး တာတွေ့ရတော့ အောက်မှာရှိကြတဲ့ ပီမိုးနင်းတို့၊ ဒဂုန်ရွှေမျှားတို့ကို အား နာလိုက်တာ၊ သူတို့တစ်တွေ ဒီစာ အုပ်စာပေတွေနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေပြီးမှ ပြောပါတယ်။
ဝန်ထမ်းစာရေးဆရာတစ် ယောက်၊ ဝါသနာအလျောက် တတ္တု တိုတွေ မဂ္ဂဇင်းမှာ ရေးနေတာပါ။ တစ်ခါမတော့ အဲဒီဆရာက အတွေး ဆန်းဆန်းနဲ့သူ သေတဲ့အကြောင်း တတ္တုတိုတစ်ပုဒ်ရေးလိုက်တာ မဂ္ဂ ဇင်းမှာ ပါလာပါရောလား။ အဲဒီမဂ္ဂ ဇင်း သူတစ်ခါက တာဝန်ကျခဲ့ဖူးတဲ့ နယ်မြို့လေးရောက်တော့ မြို့ကလူ တွေက ပြောကြတာပေါ့။

“ဟာ တို့မြို့က ပြောင်းသွားခဲ့ တဲ့ စာရေးဆရာ ဟိုမြို့ရောက်တော့ ဂန့်ပြီတဲ့ဟေ့”

အဲဒီစာရေးဆရာ ဝန်ထမ်းဘဝ တုန်းက အဲဒီမြို့မှာရှိတဲ့ လူတွေစာ ရေးဆရာကိုချစ်တဲ့လူလည်း ရှိ၊ မုန်း တဲ့လူလည်း ရှိမှာပါ။ စာရေးဆရာက ဆရာရန်အောင်တို့လို ယတြာချေတာ လည်း မဟုတ်ပါဘူး။ အဲဒီမြို့က လူ တွေ၊ စာမဖတ်ကြတာ သေချာပါ တယ်။ တလောက အဲဒီမြို့က ခင်မင် တဲ့ မိတ်ဆွေတစ်ယောက် သူ့သားကို အဆောင်လာထားရင်းက လမ်းကြုံ တော့၊ အဲဒီသေတဲ့အကြောင်းရေးတဲ့ စာရေးဆရာအိမ်တောင် ဝင်လာခဲ့ သေးတာရော။ အမှတ်ရလို့လို့ ပြော ပေမယ့် မယုံလို့ကို လာကြည့်တာပါ။ ပြန်ရင် ဒီအကြောင်းတွေ ပြောပြပါ လိမ့်ဦးမယ်။

တစ်ခါက စာရေးဆရာတစ် ယောက်ကတော့ နယ်က စာပေဝါသ နာရှင်ရဲ့ ဘဝကို တတ္တုရေးထားတာ ပါ။ နာမည်က ‘ဝေးသဇင်’တဲ့။ ဘာ အကြောင်းလဲဆိုတော့ ရှားရှားပါး ပါး သူ့တတ္တုတိုလေးပါလာတာသိတော့ ဖတ်ချင်လို့ စာအုပ်ဆိုင်သွားငှားပါ တယ်။ ငှားထားတာ မအပ်သေးဘူး ဆိုတာနဲ့ ငှားထားတဲ့လူ၊ မိန်းမပျို လေးရဲ့ အိမ်နား မယောင်မလည် သွား၊ အိမ်ရှေ့မှာ စာအုပ်လေးများ တင်ထားလေမလား၊ တစ်စွန်းတစ်စ ချောင်းရတဲ့အကြောင်းလေ။

“စာရေးဆရာမောင်ပြာယာက ဗျို့ သူ့တတ္တုတိုထဲမှာ ကျွန်တော်တို့ တစ်တွေ စာအုပ်ဖြန့်ချိရေးညံ့လို့ စာမဖတ်ရတဲ့အကြောင်း ရေရေလည် လည် တွယ်ထားပါရောလားဗျ”

စာအုပ်ဖြန့်ချိရေး ဆရာတစ် ယောက်က အဲဒီတတ္တုကိုဖတ်ပြီး တ ခြားဖြန့်ချိရေးကြီးက ဆရာကိုပြော တော့ မောင်ပြာယာရဲ့ တတ္တုကို ပေါင်းချုပ်ထွက်တဲ့အခါ ဆိုင်ထဲဖြန့် မခင်းတော့ဘဲ အထုပ်လိုက်ထားပြန်ပို့ တဲ့အကြောင်း၊ နောင် မောင်ပြာယာ ကို ပြန်ပြောပြမှ သိရတော့တာပါ။ စာရေးဆရာက ဘာပြုလို့ဖြန့်ချိရေးကို အပြစ်တင်စရာရေးရမှာတဲ့လဲ။ ဒီလူ တွေ စာအုပ်စာပေနဲ့သာ လုပ်ကိုင် စားသောက်နေကြတာ စာမဖတ်ကြ တာတော့ သေချာပါတယ်။

ဆရာ မောင်သာရပြောတဲ့ ရသ စာပေဖွံ့ဖြိုးမှုအကြောင်းရင်းတွေထဲ မှာ လူတွေစာမဖတ်ကြတာ၊ အထူး သဖြင့် စာပေရပ်ဝန်းက လူတွေကိုယ် တိုင်က စာမဖတ်ကြတာက အဓိက ကျနေသလားလို့ပါ။ ။

မောင်သင်းထုံ (ကျောက်မဲ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*