ဆုံးဖြတ်ချက် အမှားဖြစ်ခဲ့ရင် နောင်တရမယ့်အစားဘယ်လို သင်ခန်းစာ ယူမလဲပဲ တွေးဖြစ်တယ်ထွန်းထွန်း

ဆုံးဖြတ်ချက် အမှားဖြစ်ခဲ့ရင် နောင်တရမယ့်အစားဘယ်လို သင်ခန်းစာ ယူမလဲပဲ တွေးဖြစ်တယ်ထွန်းထွန်း
August 21, 2018 Asian Fame Media
ဆုံးဖြတ်ချက် အမှားဖြစ်ခဲ့ရင် နောင်တရမယ့်အစားဘယ်လို သင်ခန်းစာ ယူမလဲပဲ တွေးဖြစ်တယ်ထွန်းထွန်း

ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတဲ့ သရုပ်ဆောင်ထွန်းထွန်းက အခုဆိုရင် အသက် ၃၅ နှစ်ဝန်းကျင်ထဲကို ရောက်ရှိလာပါပြီ။ အသက် ၃၀ကျော်အရွယ်ကို ရောက်လာတဲ့ အချိန်မှာတော့ ဘဝမှာ ပြောင်းလဲသင့်တာတွေ ပြောင်းလဲသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဘာတွေပြောင်းလဲသွားလဲဆိုတာကိုတော့ ထွန်းထွန်းက

“ပြောင်းလဲတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အဖေအမေက တအားချစ်တော့ နေရာတိုင်းမှာ ပါဝင်ပြီး ကူညီစောင့်ရှောက်ခဲ့တယ်။ ဒီအသက်အရွယ်ရောက်ရှိလာတဲ့ အခါမှာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ဆုံးဖြတ်ချက်ချလာရတဲ့သူ ဖြစ်လာတယ်။ အရင်တုန်းက ဆုံးဖြတ် ချက်ချပေးတဲ့သူက အမေပေါ့။ ကျွန် တော်ကိုယ်တိုင် ဖြစ်လာ တဲ့အခါမှာ မှန်တာမှားတာက ရင်စည်းခံရတယ်။ ကိုယ့်အနေနဲ့ ဆုံးဖြတ်ချက်အမှား ဖြစ်ခဲ့ရင်တောင်မှ နောင်တရနေ မယ့်အစား ဘယ်လိုသင်ခန်းစာယူ မလဲဆိုတာ တွေး ဖြစ်လာတယ်။ ရင့်ကျက်လာတယ်ဆိုတာ အဲဒါကို ပြောတာလား ကျွန်တော်လည်း မသိဘူး။ အသက်ကြီးလာတော့ စဉ်းစားတတ်လာတယ်” လို့ပြောပါတယ်။

ထွန်းထွန်းက သူ့ရဲ့မိသားစုမှာ တစ်ဦးတည်းသောသားပါ။ အိမ် ထောင်ပြုရမယ့် အချိန်ကိုလည်း ရောက်ရှိနေပါပြီ။ မိဘတွေကကော အိမ်ထောင်ပြုဖို့အတွက် တိုက်တွန်း တာမျိုး မရှိဘူးလားဆိုတာကိုတော့ ထွန်းထွန်းက

“မေမေနဲ့ ဖေဖေက ဘယ်လိုပံ့ပိုးပေးရမလဲပဲ စဉ်းစားနေကြတယ်။ မနက်ခင်း ဆိုလည်း ဘာတွေလုပ်ပေး ရမလဲပေါ့။ ခရီးတွေ သွားမယ်ဆိုရင် လည်း ဘာတွေ လုပ်ပေးရမလဲပေါ့။ ကျွန်တော့်ဆုံးဖြတ်ချက်တွေ အကုန် လုံးနဲ့ ကျွန်တော့်ကိုလည်း ဝင်ရောက် စွက်ဖက်တာမရှိဘူး။ ကျွန်တော့်ကို လူကြီးဖြစ်ခွင့် အပြည့်အဝပေးထား တယ်။ ဒါပေမဲ့ကျွန်တော်က မိသားစုကို တိုင်ပင်တဲ့အရာတွေရှိ တယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချပြီး ရင် လုပ်တော့မယ့် အရာတွေကို ပြောပြတာရှိတယ်။ ထွေထွေ ထူးထူးအများကြီး မရှိဘူး” လို့ဆိုပါတယ်။ ချစ်သူလည်း ရှိနေပြီဖြစ်တဲ့ ထွန်း ထွန်းအနေနဲ့ အိမ်ထောင်ပြုဖို့ကိုတော့ မစဉ်းစားဖြစ်သေးပါဘူး။ အချိန်တန် တဲ့အခါမှပဲ ပရိသတ်တွေကို အသိ ပေးသွားမယ်လို့ ဆိုပါတယ်။ လတ်တ လောမှာတော့ ဒါရိုက်တာ အဝေးရိုက်ကူးမယ့် ‘အရုပ်ကျရာဆေး စက်ထင်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ဒီဇာတ် ကားထဲက ကာရိုက်တာက သူတစ်ခါမှ သရုပ်မဆောင် ဖူးတာကြောင့်သူ့အတွက်စိန်ခေါ်မှုဖြစ် စေတယ်လို့ ထွန်းထွန်းက ပြောပြခဲ့ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*