မူးယစ်ဆေးဝါးကြောင့် ပရိသတ်တွေနဲ့ဝေးရဦးမယ့် အဆိုတော်ရွှေထိုက်

မူးယစ်ဆေးဝါးကြောင့် ပရိသတ်တွေနဲ့ဝေးရဦးမယ့် အဆိုတော်ရွှေထိုက်
August 20, 2018 Asian Fame Media
မူးယစ်ဆေးဝါးကြောင့် ပရိသတ်တွေနဲ့ဝေးရဦးမယ့် အဆိုတော်ရွှေထိုက်

အဆိုတော်ရွှေထိုက်အပါအဝင် လူတစ်စုကို မူးယစ်ဆေးဝါးများနဲ့အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းကြားကြားချင်းမှာပဲ ရွှေထိုက်ရဲ့ပရိသတ်တွေအားလုံးက ရွှေထိုက် အတွက် နှမြောတသဖြစ်ခဲ့ကြရပါတယ်။

ရွှေထိုက်ဟာ ဂီတလောကကနေ အချိန်ကာလတစ်ခုအထိ ပျောက်ချက်သား ကောင်းနေခဲ့ရာကနေ တစ်ကိုယ်တော် စီးရီးခွေထွက်ရှိဖို့အတွက် ပရိသတ်တွေရဲ့အရှေ့ကို ပြန်လည်ထွက်ပေါ်လာခဲ့တာ သိပ်မကြာသေးပါဘူး။ သူ့ရဲ့အခွေကိုတော့ နိုင်ဇော်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးထားသလို အခွေနဲ့ပတ်သက်လို့ Music Management ကိုလည်း သူက လုပ်ဆောင်ပေးထားပါတယ်။ အဲဒီကာလမှာတော့ ရွှေထိုက်အနေနဲ့လည်း သီချင်းတွေကို ပြန်လုပ်တော့မယ်လို့ သူ့ရဲ့ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်။ “အချစ်နဲ့ကွာရှင်းမယ်”ဆိုတဲ့ တစ်ကိုယ် တော်စီးရီးခွေကိုလည်း ရွှေထိုက်က အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်။

ဒီအခွေမှာတော့ သီချင်းအားလုံး ၁၀ ပုဒ်ပါဝင် ပြီး သီချင်းဟောင်း ၃ ပုဒ် ပါဝင်ပါတယ်။ အခွေကိုတော့ ဖြန့်ချိခဲ့ပြီးပြီဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း နားဆင်ခဲ့ကြရမှာပါ။ သူ့သီချင်းတွေ နားဆင်လို့မဝသေးခင်မှာပဲ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေကြား ခဲ့ရတာကြောင့် ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ ရွှေထိုက်အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

အဲဒီလိုပဲ ရွှေထိုက်ရဲ့ဆရာတစ်ဦးလည်းဖြစ်တဲ့ နိုင်ဇော်ကလည်း အနုပညာအရ တော်လွန်းတဲ့ ရွှေထိုက်အတွက် စိတ်မကောင်းဖြစ်နေခဲ့သူပါ။

“သူက အနုပညာရှင်ထဲမှာ ရှားရှားပါးပါးစာတွေလည်းရေးတယ်။ ကဗျာတွေလည်းရေးတယ်။ သီချင်းဆိုတာလည်း ကောင်းတယ်။ မိန်းကလေးဖြစ်ပြီးတော့ ဂစ်တာလည်းတီးတတ်တယ်။ ဘက်စုံထူးချွန်တဲ့ အမျိုး သမီးအနုပညာ ရှင်တစ်ယောက်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ အဲဒီ လိုတော်တဲ့ အနုပညာရှင်တစ်ယောက်က လမ်းလွဲတစ်ခုနဲ့ မထင်မှတ်ဘဲ မူးယစ် ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့အခါကျတော့ စိတ်မကောင်းဘူး”လို့ ရွှေထိုက်နဲ့ပတ်သက်လို့ ကိုနိုင်ဇော်က ပြောပြပါတယ်။ ပရိသတ် တွေအနေနဲ့ကလည်း သူတို့ချစ်တဲ့ အနုပညာရှင်တွေအနေနဲ့ ဒီလိုအဖြစ်မျိုးထပ်မံမဖြစ်စေကြဖို့ မျှော်လင့်လျက် ရှိနေကြပြန်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*