မြန်မာနိုင်ငံမှာ Stylist တွေရှိလာတာ သဘောကျတယ်ဆို သူ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံမှာ Stylist တွေရှိလာတာ သဘောကျတယ်ဆို သူ အိန္ဒြာကျော်ဇင်
August 16, 2018 Asian Fame Media
မြန်မာနိုင်ငံမှာ Stylist တွေရှိလာတာ သဘောကျတယ်ဆို သူ အိန္ဒြာကျော်ဇင်

ဖက်ရှင်ဘုရင်မလို့ တင်စားခံရတဲ့ အိန္ဒြာကျော်ဇင်ကိုတော့ ရွှေ နန်းတော် ကြော်ငြာရိုက်ကွင်းပေါ်မှာ ဖက်ရှင်ကျကျ လှပနေတာမြင်တွေ့ရပါ တယ်။ ဒီဝတ်စုံကို ကြော်ငြာနဲ့ လိုက်ဖက်အောင် ဒီဇိုင်နာ ဖြိုးကိုက ဖန် တီးပေး ထားတာဖြစ်ပြီး ဒီဖက်ရှင်ကိုလည်း သဘောကျမိတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။ အရင်ခေတ်တုန်းကဆိုရင်တော့ ဇာတ်ကားတွေ၊ ကြော်ငြာတွေ ရိုက် ကူး ဖို့အတွက်ဆိုရင် မင်းသမီးတွေကပဲ သူတို့နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေ၊ ဖက်ရှင်တွေကို စဉ်းစား ဆုံးဖြတ် ကြရတာပါ။ အခုခေတ် မှာဆိုရင်တော့ မင်းသမီးတွေရဲ့ ဖက်ရှင်ကို ပုံဖော်ပေးမယ့် Stylist တွေ ပေါ်လာပါပြီ။ အခုလို Stylist တွေ ပေါ်လာတာကို တအားသဘော ကျမိတယ်လို့ဆိုတဲ့ အိန္ဒြာကျော်ဇင် က…

“အရင်တုန်းကဆိုရင် ခေါင်း အစခြေအဆုံး စဉ်းစားရတယ်။ ရုပ် ရှင်တစ်ကားရိုက်ကူးတယ်ဆိုရင် ကိုယ်က သရုပ်ဆောင်တာတစ်ခုတည်း ခေါင်းထဲ ထည့်ရတာမျိုးမဟုတ်ဘဲနဲ့ ဖက်ရှင်ပိုင်း၊ သဘောအား ဖြင့် ကာရိုက်တာတစ်ခုကို ပုံဖော်တဲ့ အခါမှာ သူဌေးသမီး ဆိုရင် ပိုဆိုးတာပေါ့။ သူဌေးသမီး၊ လူငယ်ကောင် မလေး၊ ဟော့ရှော့ဆိုရင် ပိုဆိုးပြီ။ စဉ်းစားရတာက အဝတ်အစားတွေ ရော၊ ပိုက်ဆံအိတ်တွေရော၊ ဖိနပ်တွေရော၊ လက်ဝတ်ရတနာတွေက အစ ကိုယ်တစ်ယောက်တည်း ခေါင်းထဲမှာ စဉ်းစားရတယ်။ အမှန်တကယ်က အဲဒီလိုမဖြစ်သင့်ဘူး။ နိုင်ငံခြားမှာဆိုရင်လည်း သရုပ်ဆောင်က သရုပ်ဆောင်တာ တစ်ခုတည်းကိုပဲ ခေါင်းထဲ ထည့်ရတာ ပိုကောင်းတယ်လေ။ အကုန်လုံးက သူ့ဟာနဲ့ သူလုပ်ပေးသွားတာပေါ့။ အဲဒီလိုမျိုးကို အစ်မ အရင်ကတည်းက တအားသဘောကျတယ်။ ငါတို့နိုင်ငံမှာလည်း အဲဒီလိုမျိုးဖြစ်ရင် တအား ကောင်းမှာပဲပေါ့။ သူတို့ဆီမှာ အစ်မတို့ ကြော်ငြာသွားရောက်ရိုက်ကူးတဲ့ အခါမျိုးဆိုရင် လူချည်းပဲ သွားရုံပဲ ကိုယ်က သက်သာတယ်။ အိုက်တင်လေး လုပ်ပေးရုံပဲ။ ကျန်တာအကုန်လုံးစီစဉ်ပေးတယ်ဆိုတော့ ဟိုးအရင် ကတည်းက ဒီမှာလည်း တအားဖြစ် စေချင်တယ်။ အခုတော့ ဖြစ်လာပြီဆို တော့ တအားသဘောကျတယ်။ အစ် မတို့က သရုပ်ဆောင်တာ တစ်ခုကို ပဲ အားစိုက်ရုံပဲ။ ကျန်တာအကုန် လုံးက ဒီဇိုင်နာရှိမယ်၊ Stylist ရှိမယ် သူ့ဟာနဲ့သူ ပေါ်လာတဲ့အတွက် တအားအဆင်ပြေပါတယ်” လို့ပြော ပါတယ်။

အခုနောက် ပိုင်းမှာတော့ အိန္ဒြာကျော်ဇင်က ကြော်ငြာတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ တွေကို အချိန်သိပ်မပေးရတာကြောင့် လက်ခံရိုက်ကူး ဖြစ်ပေမယ့် ဇာတ်ကားရိုက်ကူးမှုတွေကတော့ အချိန်ပေးရတာကြောင့် ရိုက်ကူးမှု နည်းပါးနေပါတယ်။ မိသားစုတာဝန်တစ်ဖက်နဲ့ ဖြစ်တာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းပါးနေပေမယ့်လည်း ပရိသတ်တွေ ရိုက်ကူးစေချင်တဲ့ ဇာတ်ကားမျိုး ဆိုရင်တော့ ရွေးချယ်ရိုက်ကူးဖြစ် တယ်လို့ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*