မိုရီဆာကီဝင်းကို ဘယ်လိုမိန်းကလေးမျိုးနဲ့မဆို သဘောတူတယ်ဆိုတဲ့ အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေး

မိုရီဆာကီဝင်းကို ဘယ်လိုမိန်းကလေးမျိုးနဲ့မဆို သဘောတူတယ်ဆိုတဲ့ အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေး
August 15, 2018 AsianFame MediaGroup
မိုရီဆာကီဝင်းကို ဘယ်လိုမိန်းကလေးမျိုးနဲ့မဆို သဘောတူတယ်ဆိုတဲ့ အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေး

မိုရီဆာကီဝင်းဆိုတာနဲ့ ပရိသတ်တွေ သိကြမှာပါ။ မြန်မာသံ မပီတပီ လေးနဲ့ မြန်မာလို အလွန်ချစ်စရာကောင်းအောင် ပြောဆိုတတ်တဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ အဝင်းလို့လည်း ပရိသတ်တွေက ချစ်စနိုး ခေါ်ကြ ပါသေးတယ်။ အဝင်းရဲ့ အဘွားဖြစ်သူက လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်ပြီး သူ့ရဲ့မြေးကို တအားချစ်တဲ့ အဘွားတစ်ဦးဆိုလည်း မမှားပါဘူး။

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အဝင်းရဲ့ သရုပ်ဆောင်မှုတွေအပေါ် ကျေနပ်မိတယ်။ ဝမ်းသာပီတိ ဖြစ်ရတယ်ဆိုတဲ့ အဝင်းရဲ့အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေးက …

”ဒီဇာတ်ကားက သူနဲ့တအားလိုက်ဖက်တယ်။ သူ့ရဲ့ Life လေးလည်းပါ တော့ တအားသဘောကျတယ်။ သူ့ရဲ့လုပ်ရပ်တွေကို တအားဂုဏ်ယူတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း သူပါဝင်သရုပ်ဆောင်ထားတာကို အရမ်းသဘောကျကြ တယ်”လို့ ပြောပြခဲ့ပါတယ်။

ဇာတိမြေရုပ်ရှင် ဇာတ်ကား အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့အပေါ် အဝင်းရဲ့ အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေးက …

”ဒါကတော့ လုပ်တဲ့သူရှက်ရမှာပေါ့။ မလုပ်သင့်တဲ့ လုပ်ရပ်လေ။ တကယ်အဆင့်အတန်း ရှိတဲ့သူက ရုပ်ရှင်ရုံမှာပဲ ကြည့်ရှုမှာပေါ့။ ဒီလို ခိုးကြောင် ခိုးဝှက်နဲ့ ဘယ်လိုလုပ်ကြည့်ကြမှာလဲ။ အဘွားက စိတ်ထဲမှာ သိပ်တော့ အပြစ်မမြင်တတ်တော့ဘူး။ လူတွေကိုချစ်တယ်။ ခွင့်လွှတ်တတ် တယ်။ အသက်လည်း ကြီးပြီဆိုတော့ ကံ၊ ကံ ၏ အကျိုးဆိုတာလည်း ဗုဒ္ဓဘာသာမှာရှိတယ်လေ။ အဘွားကတော့ ဒီလိုပဲ ခံယူထားတယ်”လို့ ပြောပြခဲ့ပါတယ်။

အဝင်းမှာ လက်တွဲဖော်ရှိလာ မယ်ဆိုရင် အဘွားအနေနဲ့ ဘယ်လိုမိန်းကလေးမျိုး ဖြစ်စေချင်လဲဆိုတဲ့အပေါ် အဘွားဒေါ် ခင်ခင်ထွေးက …

”ဒီလိုမေးခွန်းမျိုးလေးတွေက အဘွားသိပ်ပြီး ဖြေရခက်တယ်။ (ရယ်လျက်)။ အရင်တုန်း ကတော့ အနုပညာလောကထဲက မဖြစ်စေချင်ဘူးလို့ ရုတ်တရက်ဖြေလိုက်တယ်။ ဒါပေမဲ့ တကယ်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆိုတော့ အဘွားက ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ အဘွား အနေနဲ့က သူ့ကိုဘယ်လိုမိန်းကလေးမျိုးနဲ့မဆို သဘောတူတယ်။ သူ့ရဲ့ ဖူးစာပေါ့”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ အဘွားရဲ့မြေးကို အခုလို ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေ၊ သူ့အပေါ်ထားတဲ့ မေတ္တာတွေက အတိုင်းအဆ အလွန်မှကြီးမားနေတဲ့အတွက်ရော အဘွား အနေနဲ့အလွန်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*