ပရီမီယာ ကော်ဖီမှ ပဲခူးတိုင်း ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များလှူဒါန်း

ပရီမီယာ ကော်ဖီမှ ပဲခူးတိုင်း ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များလှူဒါန်း
August 15, 2018 AsianFame MediaGroup
ပရီမီယာ ကော်ဖီမှ ပဲခူးတိုင်း ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များလှူဒါန်း

၂ဝ၁၈ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပရီမီယာကော်ဖီ (Lluvia Limited)မှ ဝန်ထမ်းများ ကိုယ်တိုင် ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ ရေဘေးသင့်နေရာများ ဖြစ်သော ကျောက်တန်းရွာ၊ကွမ်ပေါင်ရွာ၊ သရက်သုံး ပင်ရွာ၊ကျိုက် ကေနှင့် ကွေ့တန်းရှည်ကျေးရွာများရှိ အိမ်ထောင်စု ပေါင်း ၁,၁ဝဝ ထံသို့ တစ်အိမ်ထောင်လျှင်ကျပ် ၂၇,ဝဝဝကျော်တန်ဖိုးရှိ စားသောက် ကုန်များ သွားရောက် ထောက်ပံ့ပေးခဲ့သည်။ ထောက်ပံ့ပစ္စည်း များမှာ ဆန် ၅ ပြည်၊ စားဆီ၊ ပရီမီယာကော်ဖီထွက် ကုန်ပစ္စည်းများ၊ ဝါးလားခေါက်ဆွဲ ခြောက်ထုပ်များနှင့် အခြားစား သောက်ဖွယ်ရာများ အစုံအလင် စုစု ပေါင်းတန်ဖိုးကျပ်သိန်းပေါင်း ၂၉ဝ ကျော်ဖြစ်သည်။ လှူဒါန်းဖြစ်ပုံနှင့် ပတ်သက်ပြီး Premier Coffee မှ Head of Marketing ဖြစ်သူ ဒေါ်ယဉ်ဝေ ပြုံးမှ …

”အခုလိုရေဘေးသင့်ပြည်သူ များထောက်ပံ့ခြင်းနဲ့ အခြား ဃျွှ လှုပ်ရှားမှုများကို ပရီမီယာကော်ဖီမှ အခါအားလျော်စွာ ပြုလုပ်လေ့ရှိပါ တယ်။ ရေဘေးသင့်ပြည်သူများကို တတ်အားသရွေ့ နှစ်စဉ်ထောက်ပံ့ ခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ဒီနှစ်မှာပထမအကြိမ်အဖြစ် မော်လမြိုင် ဘက်မှာ ဇွန်လ ၂၅ ရက်နေ့က တန်ဖိုးပေါင်းကျပ် ၁၈၅ သိန်းကျော်နဲ့အခုပဲခူးတိုင်းအ တွက်တန်ဖိုးပေါင်းကျပ်သိန်း ၂၉ဝကျော်က ဒုတိယအကြိမ်ထောက်ပံ့ခြင်းဖြစ် ပါတယ်” ဟု ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*