ဘုရားထီးတင်ချင်တဲ့ ဖြိုးမြတ်အောင်ရဲ့ အိပ်မက်အကြောင်း

ဘုရားထီးတင်ချင်တဲ့ ဖြိုးမြတ်အောင်ရဲ့ အိပ်မက်အကြောင်း
August 14, 2018 Asian Fame Media
ဘုရားထီးတင်ချင်တဲ့ ဖြိုးမြတ်အောင်ရဲ့ အိပ်မက်အကြောင်း

Myanmar Idol Season 3 ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်မှာ ငယ်စဉ် ကတည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခု ရှိပါတယ်။ အဲဒီအိပ်မက်ကတော့ ဘုရားထီးတင်ချင်တဲ့ အိပ်မက်ပဲဖြစ် ပါတယ်။ သူဟာ Myanmar Idol မှာ ဝင်ရောက်မယှဉ်ပြိုင်ခင်ကတည်း က ဒီအိပ်မက်က ရှိခဲ့တာဖြစ်တဲ့ အတွက် ပြိုင်ပွဲမှာ Winner ရရ မရရ ဘုရားထီးတင်မှာပဲဖြစ်ကြောင်း ဖြိုးမြတ်အောင်က ပြောပြခဲ့ပါတယ်။

“အဲဒီစိတ်ကူးက အခုမှဖြစ်လာ တာ မဟုတ်ဘူး။ ငယ်ငယ်လေးက တည်းက ရှိခဲ့တာပါ။ ဟင်္သာတမှာ ကျွန်တော် ၁၀ လသားကတည်းက တည်ခဲ့တဲ့ဘုရားပါ။ ဒါပေမဲ့ အနှစ် ၂၀ ကျော်နေပြီဆိုတော့ ထီးတော် က တော်တော်ဟောင်းနေပြီလေ။ ဒါ ကြောင့်လည်း ထီးတော်ပြန်တင်ချင် ခဲ့တာပါ”လို့ ဖြိုးမြတ်အောင်က မွန် မြတ်လှတဲ့ သူ့ရဲ့စိတ်ကူးကိုပြောပြပါ တယ်။ Myanmar Idol ပြိုင်ပွဲမှာ သူ့ ကိုတစ်နိုင်ငံလုံးကရော ပြည်ပကရော Votting တွေ ပေးနေကြတဲ့အပေါ် သူ့အနေနဲ့အတိုင်းမသိ ဝမ်းသာကြည် နူးပီတိဖြစ်ခဲ့ရပါကြောင်းနဲ့ သူတို့ အတွက်လည်း ဂီတနဲ့ပတ်သက်လို့ ပိုပြီးတော့ ကြိုးစားသွားမှာပါလို့ ဖြိုး မြတ်အောင်က ပြောပါတယ်။

သူကတော့ ဝေဖန်မှုတွေကို ခွန် အားအဖြစ် အသုံးချဖြစ်ပြီး ဂီတ လောကကို ဆက်လက်လျှောက်လှမ်းတဲ့အခါမှာလည်း လိုအပ်ချက်တွေ ရှိ ခဲ့ရင် ဝေဖန်ပေးစေလိုကြောင်းလည်း ပြောခဲ့ပါတယ်။

သူ့ရဲ့ရှေ့ဆက်မယ့် ဂီတလမ်း ကြောင်းနဲ့ပတ်သက်လို့လည်း ဖြိုး မြတ်အောင်က “ကျွန်တော်ဗိုလ်ချုပ်သီချင်းစတင်ပြုလုပ်တုန်းက တီးခတ် ပေးတဲ့ band လေးရှိတယ်။ အဲဒီ band လေးနဲ့ ပြန်လက်တွဲဖို့ရှိတယ်။ သီချင်းတွေ ပြုလုပ်သွားမယ်”လို့ ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*