ဇာတ် မကတော့မှာကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက် တင်ဇာမိုးဝင်း ရဲ့ အဖြေစကား

ဇာတ် မကတော့မှာကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက် တင်ဇာမိုးဝင်း ရဲ့ အဖြေစကား
August 14, 2018 AsianFame MediaGroup
ဇာတ် မကတော့မှာကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက် တင်ဇာမိုးဝင်း ရဲ့ အဖြေစကား

စံပြသဘင်ရဲ့ မင်းသမီးချော တင်ဇာမိုးဝင်းက အခုနှစ်ဇာတ်သဘင်ရာသီကစလို့ ဇာတ်ပွဲတွေမှာ သိပ်ကပြဖြစ်တော့မှာ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း ပွဲတော်ကြီး တွေမှာတော့ မောင်ဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့ အတူတူ ပြန်လည်ကပြနေဦးမှာပဲ ဖြစ်ပါတယ်။ ပွဲတိုင်းမကပြဖြစ်တော့ဘူးဆိုတာကလည်း မိသားစုနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အချိန်လေးယူချင်လို့ပဲဖြစ်ပြီး ပွဲလုံးဝကြီးမကပြဖြစ်တော့တာမဟုတ် ကြောင်း တင်ဇာမိုးဝင်းက ရှင်းပြပါတယ်။

”အဆင်ပြေတဲ့အချိန်ကျတော့လည်း ကပြမှာပါ။ ၁၅ နှစ်တာကပြပြီး ပြီဆိုတော့လည်း တစ်ခါတစ်ခါတော့လည်း အချိန်လေးနည်းနည်း တောင်း တာပါ။ ဇာတ်ပွဲကြီးတွေကျရင်တော့ ကပြမှာပါ။ မကပြဘူးဆိုတာကလည်း ကျန်တဲ့တခြားအလုပ်လေးတွေလည်း လုပ်ချင်တာကြောင့်ပါ။ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဝါသနာဆိုတာကတော့ မပျောက် ပါဘူး။ အနုပညာကတော့ မပြတ်ပါဘူး။ အနုပညာနဲ့ပတ်သက်လို့ ဘယ်သူ တွေဘာလုပ်နေတယ်ဆိုတာတော့ အမြဲကြည့်ဖြစ်နေပါတယ်။ ဘယ်ဇာတ် တွေက ဘာလုပ်နေတယ်ဆိုတာတွေလည်း အမြဲကြည့်ဖြစ်ပါတယ်။ ကိုယ်က ဝါသနာပါတာကိုးလေ။ အနုပညာဆိုတာကတော့ ရင်ထဲအသည်းထဲမှာရှိတော့ ဘယ်တော့မှမပြတ်ပါဘူး။ ဟန်ကြီး (ဟန်ဇာမိုးဝင်း)ကတော့ ကြိုးစားနေပါ တယ်။ ဟန်ကြီးကိုလည်း ဝန်းရံပေးပါ၊ ချစ်ပေးပါလို့ အားလုံးကို အနူး အညွတ်တောင်းဆိုပါတယ်” လို့ ဇာတ်ပွဲတွေမှာ လုံးဝမကပြတော့ဘူးလို့ ထင်နေကြတဲ့ ပရိသတ်တွေအတွက် တင်ဇာမိုးဝင်းကရှင်းပြပါတယ်။ တင်ဇာမိုးဝင်း က စံပြသဘင်ရဲ့ မျိုးဆက်သစ်လေးဖြစ်လာမယ့် သူ့ရဲ့ရင်သွေးလေးကိုယူဖို့ ကြိုးစား နေပါပြီ။ သားသမီးကိုတော့ ရတဲ့အချိန်မှာ ယူသွားမှာဖြစ်ပြီး သားသမီး ရတနာ ဆိုတာကလည်း ဘုရားပေးတဲ့ ရတနာပါပဲလို့ သူက ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*