ကရုဏာစိတ်ကိုယ်စီထား အနုပညာရှင်များရဲ့ သဘာဝဘေးကူညီရေး စကားသံများ

ကရုဏာစိတ်ကိုယ်စီထား အနုပညာရှင်များရဲ့ သဘာဝဘေးကူညီရေး စကားသံများ
August 7, 2018 AsianFame MediaGroup
ကရုဏာစိတ်ကိုယ်စီထား အနုပညာရှင်များရဲ့ သဘာဝဘေးကူညီရေး စကားသံများ

ဒီနေ့ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် နိုင်ငံ တိုင်းလိုလိုပင် သဘာဝကပ်ဘေးဆိုးကြီးတွေဖြစ်တဲ့ ငလျင်ဒဏ်ဘေး၊ ရေကြီးရေလျှံရေဘေး၊ မုန်တိုင်းဝင် လေဘေးစတဲ့ သဘာဝကပ် ဘေးဒဏ်များဖြစ်ပွားကာ နိုင်ငံသူနိုင်ငံသားတွေ အများအပြား သေဆုံးကြပြီးအတိ ဒုက္ခရောက်ခဲ့ကြပါတယ်။ ဒီလိုပဲ မြန်မာပြည်မှာ လည်း ၂ဝဝ၅ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့်ကပ်ဘေးမှအစပြုပြီး နှစ်စဉ်နှစ်တိုင်း ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးစတဲ့ သဘာဝကပ်ဘေးများ စဉ်ဆက်မပြတ်ဖြစ်ပွားနေလျက်ရှိပြီး ပြည်သူ အများအပြား သေသူသေ၊ အတိဒုက္ခရောက်သူတွေ ရောက်ခဲ့ကြပါ တယ်။ သဘာဝကပ်ဘေးသင့်မှုကြောင့် ပြည်သူတွေ အတိဒုက္ခ ရောက်ရှိနေချိန်မှာ ပရဟိတစိတ်ထားအပြည့်အဝထားပြီး သွေးသား ရင်းပမာ ပြည်သူပြည်သားများ အ ပေါ် လူသားချင်းစာနာမှုအသိစိတ် တို့နဲ့ အနုပညာရှင်များဟာ ကပ်ဘေးသင့်ရာ ဒေသများဆီသွားရောက် ကာ ကူညီဖေးမလှူဒါန်းမှုပြုလုပ်ကြလေ့ရှိပါတယ်။ ဒါကြောင့်မို့ ၂ဝ၁၈ ခုနှစ် ဇူလိုင်လထဲမှာ ဖြစ်ပွား ခဲ့တဲ့ ရေဘေးသင့်တိုင်းနဲ့ ပြည်နယ်အတွင်း က ပြည်သူတွေဆီ သွားရောက် လှူဒါန်းတဲ့အကြောင်းရယ်၊ ရေကြီးရေ လျှံ ရေဘေးသင့် ဖြစ်ပွားမှုအပေါ် အနုပညာ ရှင်တို့ ရဲ့ စိတ်ခံစားမှုနဲ့ အမြင် စကားသံတွေ ရယ်ကို စုစည်း ဖော်ပြလိုက်ပါ တယ်။

ထားထက်ထက်

ညီမက Miss Myanmar Chairty Group နဲ့အတူ ရေဘေး သင့် ပြည်သူတွေအတွက် သွားလှူဖို့ရှိ ပါတယ်။ ရေဘေးသင့်နေတဲ့သူတွေကို လည်းသနားတယ်။ နှစ်တိုင်း ဒီလို အချိန်ဆို အမြဲဖြစ်နေကြတယ်။ နှစ် တိုင်းဒီလိုမျိုးဖြစ်နေတာ အဆင် မပြေဘူး။ ဒီကိစ္စကြီးကို အကုန်လုံး ဝိုင်းဝန်းပူးပေါင်းပြီး ဖြေရှင်းစေချင် တယ်။ ဒါကိုတော့ ညီမတို့ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ အခု ဆို လည်း ဆင်းရဲနွမ်းပါးတဲ့ သူတွေကို မြင်တွေ့ရတယ်။ မြန်မာ နိုင်ငံမှာလည်း အများကြီးပဲ။ သူတို့ကို လည်း စာနာမိတယ်။ တချို့ကျတော့ ငါကံမကောင်းဘူး။ အဆင်မပြေဘူး ဆိုပြီး ညည်းညူနေကြတယ်။ စိတ် ဓာတ်ကျကြတယ်။ ညီမပြောချင်တာ က စိတ်ဓာတ်မကျကြပါနဲ့ အကုန်လုံး အဆင်ပြေသွားမှာပါ။ ဆင်းရဲပေမယ့် လည်း စိတ်ဓာတ်က အောက်တန်းမ ကျရင် ဒါဟာ အရမ်းအဆင့်အတန်း ရှိတဲ့လူတစ်ယောက်ပါ။ ကိုယ့်ဘက်က လည်း တတ်နိုင်သလောက် ကြိုးစား၊ အားစိုက်ရင် နောက်ပိုင်းတွေ သာမန်လူတွေနဲ့ တန်းတူနေ နိုင်သွားမှာပါလို့ ထားထက် ထက်က ပြောပါတယ်။

ဇွန်သံစဉ်

ညီမတို့ သြဂုတ်လ ၁ ရက်နေ့က Online Donation အဖွဲ့တွေနဲ့ ရေဘေးသင့်ပြည်သူတွေ အတွက်သွားလှူဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကလည်း အဲဒီလိုမျိုး ကိုယ်တိုင်လိုက်သွားပြီး လှူဒါန်းဖြစ် တာတွေရှိပါတယ်။ သဘာဝဘေး အန္တရာယ်ဆိုတာ ဘယ်သူမှရှောင်လွှဲ လို့မရဘူး။ ဖြစ်သွား တော့လည်း အချင်းချင်းရိုင်းပင်း ကူညီကြရုံပဲရှိတာပေါ့။ ညီမတို့ သွားလှူတဲ့နေ့ကဆို သူ တို့မှာ ရေကြီးနေပေမယ့်လည်း အဲဒီ လိုစိတ်ဓာတ်ကျတာတွေမတွေ့ရပါ ဘူး။ အဲဒီအတွက်လည်း ဝမ်းသာမိ တယ်။ ပီတိဖြစ်မိတယ်။ ညီမကတော့ အလှူရှင်တွေများများလာပြီး လှူဒါန်း နိုင်ကြပါစေလို့ မျှော်လင့်တယ်။ ဆင်း ရဲနွမ်းပါးတဲ့သူတွေ ဘယ်သူမဆို ညီမ တို့ရိုင်းပင်းရမယ်။ ညီမတို့ သူတို့ကို ဖေးမမှ ညီမတို့မြန်မာနိုင်ငံလည်းတိုး တက်မှာပါ။ ဆင်းရဲနွမ်းပါးတဲ့သူတွေ ကို အကြံပေးချင်တာက စိတ်အား ငယ်စရာမလိုဘူး။ ဖြစ်နေတဲ့ဘဝမှာ အကောင်းဆုံးနေထိုင်ဖို့ပဲ ကြိုးစား ကြပါလို့ ပြောချင်ပါ တယ်။

ဂုဏ်ရည်အေးကျော်

နှစ်တိုင်းဖြစ်နေတဲ့ ဒီရာသီဥတု ကြီးက တအားဆိုးလာတယ်။ ဒီနှစ် ရာသီဥတုက နေပြည်တော်လို မိုး နည်းတဲ့ နေရာမှာတောင် မိုးက နေ့ စဉ်ရက်ဆက်ရွာနေတာ မနားဘူး။ အဲဒီအတွက် ရေကြီးရေလျှံမှုတွေက ဆက်တိုက်ဖြစ်ပွားနေမှာပါ။ တစ် နှစ်တစ်ခါ ဒုက္ခသည်တွေဖြစ်နေရ တယ်။ သူတို့တွေ အိုးပစ်အိမ်ပစ်တွေ ဖြစ်ပြီး အမြဲတမ်းဒုက္ခတွေ ရောက် ကြရတယ်။ အဲဒီအတွက်လည်း စိတ်မကောင်း ဘူး။ အစ်မတို့ကတော့ အစ်မတို့ လုပ် ပေးနိုင်တဲ့အထဲကနေပဲ အကောင်းဆုံးလုပ်ပေးမယ်။ မြန်မာ နိုင်ငံ ဆင်းရဲနွမ်းပါးတဲ့သူတွေများ လာတာက မြန်မာလူမျိုးတွေသာ အလှူအတန်းတွေတအား ရက်ရော တော့ တချို့ဆင်းရဲနွမ်းပါးတဲ့သူ တွေက အဲဒါကို အခွင့်ကောင်းယူပြီး တောင်းစားနေတဲ့သူတွေကိုလည်း မုန်းတယ်။

ဇွဲပြည့်

ကျွန်တော့် Fan တွေနဲ့ အတူတူ ပိုက်ဆံတွေစုပြီးတော့ ကရင်ပြည်နယ် ဘက်ကို သွားရောက်လှူဒါန်းခဲ့တယ်။ အဓိကကတော့ တဖြည်းဖြည်းနဲ့ ကိုယ့်နိုင်ငံက သဘာဝဘေးအန္တရာယ် ကြီးက ဆိုးလာတဲ့ဒုက္ခတွေရောက်ကုန် ကြတာပေါ့။ သဘာဝဘေးအန္တရာယ် ကလည်း ဘယ်သူမှတားလို့မရတဲ့ အခါကျတော့ တော်တော်ကို ဒုက္ခ ရောက်ကြရပါတယ်။ ရေဘေးဖြစ်နေ တဲ့ ပြည်သူတွေကို မြင်ရတာလည်း စိတ်ထဲမကောင်းဘူး။ ဆင်းရဲနွမ်းပါး တဲ့သူတွေ မြင်ရင်လှူချင်နေတာ ကျွန် တော်တို့ အကျင့်တွေဖြစ်နေတယ်။ တစ်ခါတလေလမ်းသွားနေရင်း သန် သန်မာမာကြီးတွေနဲ့ လိုက်တောင်းနေ တဲ့သူတွေမြင်ရင်လည်း ဒေါသထွက် မိတယ်။ လုပ်စားလို့ရတဲ့ အခြေအနေ မှာ မလုပ်စားဘဲနဲ့ အဲဒီလိုမျိုး လိုက် တောင်းရမ်းနေတဲ့အခါ မသနားတော့ ဘဲနဲ့ ဒေါသတွေထွက်မိတယ်။ တ ကယ်ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေ ရှိသလို လိမ်ညာပြီးလှည့်စားနေတဲ့ သူတွေလည်းရှိပါတယ်။ အဲဒီ လူတွေ ကိုလည်း ဆင်ခြင်စေချင်တယ်။

Russell

URC Company နဲ့ အတူ အားလုံးပူးပေါင်းပြီး အသင့်စား အ စားအစာများ လာရောက်လှူဒါန်းတာ ပါ။ အစတော့မသိခဲ့ဘူး။ ဒီကို ရောက်မှပဲ ဒီလောက်အခြေအနေ ဆိုးမှန်းသိပါတယ်။ အိမ်ခြေပေါင်း ၂၅ဝ လူဦးရေ ၇၅၄ ဦးက ဒီရွှေ မော်တောရအနီးမှာရှိတဲ့ ကျောင်းမှာ လာရောက်ပြီးတော့ နားခိုနေကြ တယ်ဆိုတော့ တော်တော်လေးကို များပါတယ်။ အခုတော့ ရေကျသွားပြီ လို့ ကြားသိရပါတယ်။ အခုလိုလာ ရောက် လှူဒါန်းရတဲ့အတွက်လည်း တကယ်ကို ဝမ်းသာပါတယ်။ ကိုယ် က ငွေကြေးပဲလှူဒါန်းလိုက်လို့ရပါ တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် လာ ရောက်ပြီး အားပေးဖြစ်တယ်။ ကိုယ် နှစ်သိမ့်လိုက်တဲ့ စကားတစ်ခွန်းက ကိုယ်အတွက်ကတော့ ဘာမှမဟုတ် ပေမယ့် သူတို့အတွက်ကတော့ အင် အားတစ်ခုဖြစ်စေပါတယ်။ ဒီကျောင်း မှာ စားသောက်ဖွယ်ရာတွေ နေ့စဉ်လှူ ဒါန်းတာရှိတယ်လို့တော့ ကြားသိရ တယ်။ ရေပြန်ကျတဲ့အချိန်မှာလည်း သူတို့ အတွက် အိုးခွက်ပန်းကန်တွေ အသုံးအဆောင်တွေလိုအပ်မယ်လို့ ထင်ပါတယ်။

လီယို ( အိပ်မက်ဆုံရာ)

URC Company က ပါဝင် လှူဒါန်းဖို့ ကမ်းလှမ်းလို့ လာရောက် လှူဒါန်းဖြစ်တာပါ။ ကျွန်တော်တို့ ရန်ကုန်မှာကျတော့ အေးအေးဆေး ဆေးနဲ့ ဘာမှမဖြစ်ဘူး။ ဒီမှာကတော့ အိုးပစ်အိမ်ပစ် အကုန်ပြေးရတယ်။ အခြေအနေကတော့ လိုအပ်နေတာ တွေ အများကြီးပါပဲ။ ရေကြီးနေတဲ့ နေရာတွေကလည်း အများကြီးဖြစ် တဲ့အတွက် လိုအပ်နေတဲ့နေရာ တွေ လည်း အများကြီးရှိတယ်။ များများ လှူဒါန်းနိုင်ရင် ပိုကောင်းပါတယ်။ လှူဒါန်းချင်တဲ့သူတွေလည်း နီးစပ် ရာစုပြီးတော့ ကိုယ်တတ်နိုင်သလောက် လှူကြပါလို့ ပြောချင်ပါတယ်။

သက်နိုးဝေ
(The Voice Myanmar)

URC Company နဲ့အတူ အလှူမှာ ပါဝင်ရတဲ့အတွက် တအား ကို ဝမ်းသာပါတယ်။ ဒီကိုရောက်တဲ့ အခါမှာ ရေဘေးသင့်နေတဲ့သူတွေလည်း အများကြီးတွေ့ရတယ်။ လူကြီးပိုင်းတွေ ရော ကလေးတွေရောအများကြီးပါ ပဲ။ သူတို့ကိုမြင်တွေ့လိုက်ရတဲ့အခါ မှာတော့ ကိုယ်တိုင် ကူညီလှူဒါန်းချင် တဲ့ စိတ်တွေလည်းပေါ်လာတယ်။ တခြား လူတွေလည်း ဒီကိုလာရောက်ပြီး တော့ လှူဒါန်းစေချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*