ရေဘေးသင့်ဒေသမှာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ စိတ်ထားကောင်းတွေကို တွေ့ခဲ့ရတယ် ဟန်တီ

ရေဘေးသင့်ဒေသမှာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ စိတ်ထားကောင်းတွေကို တွေ့ခဲ့ရတယ် ဟန်တီ
August 6, 2018 AsianFame MediaGroup
ရေဘေးသင့်ဒေသမှာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ စိတ်ထားကောင်းတွေကို တွေ့ခဲ့ရတယ် ဟန်တီ

 

Miss Myanmar World 2018 အလှမယ် ဟန်တီက မကြာသေးမီကပဲ ရေဘေးသင့်ဒေသတွေဆီကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ ပြုလုပ် ခဲ့ပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အခြေအနေနဲ့ သူ့ရဲ့ ခံစားမှုတချို့ကိုလည်း အလှမယ် ဟန်တီက အခုလို ပြောပြခဲ့ပါတယ်။

”ပဲခူးမြို့မှာ ရေကြီးပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့သူတွေကို ဟန်တီတို့က ကူညီပေးရတာပေါ့နော်။ ကူညီရမှာကတော့ ပြည်သူ တွေရဲ့တာဝန် ဖြစ်သလို ကိုယ်တိုင်ကလည်း အများကြီး ကူညီပေးသင့်တယ်လို့ ထင်တယ်။ ဟန်တီကိုယ်တိုင်က Miss တစ်ယောက်ဖြစ်တဲ့အတွက် အလှူကို ကိုယ်တိုင်သွား ရောက် လှူဒါန်းဖြစ်တယ်။ နောက်ပိုင်းမှာလည်း ဒီထက်ပိုပြီး ပရဟိတအလုပ်တွေ ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ရေဘေးနဲ့ ကြုံနေရ တဲ့သူတွေကို မြင်ရတော့ အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ လိုအပ်တာတွေကို ကူညီမယ် ဆိုပြီး သွားလိုက်တဲ့အချိန်မှာ တကယ်ကို အကူအညီလိုနေကြတာ တွေ့ရပါတယ်။ အစားအသောက်တွေလည်း လို အပ်နေတာကို တွေ့ရတယ်။ ပြီးတော့ သူတို့က ရေထဲမှာ သွားလာ နေရတာဖြစ်တဲ့အတွက် ကျန်းမာရေးလည်း ထိခိုက်တယ်။ တချို့ဆိုရင် နေမကောင်းဖြစ်နေတာ တွေ့ရတယ်။ အဲဒါတွေကိုလည်း ဟန်တီကူညီ ချင်တယ်။ အဲဒီမှာ အစားအသောက်တွေ အဓိက လိုနေတာဖြစ်တဲ့အတွက် အစားအသောက်တွေကို အဓိကထားပြီး လှူဖြစ်ပါတယ်။ နောက်ထပ် သွားရောက် လှူဒါန်းမယ့်သူတွေ အနေနဲ့လည်း အစားအသောက်တွေကို သေချာလေး လောက် လောက်ငင ယူဆောင်သွားပေးပါ။ သူတို့နေ ရေးထိုင်ရေးမှာလည်း အခက်အခဲ တွေ ရှိနေပါသေးတယ်။ နွေးနွေးထွေးထွေးနေဖို့ လိုအပ်သလို အဝတ်အထည် တွေလည်း လိုအပ်တာ တွေ့ရပါတယ်။ တချို့ဆိုရင် အိမ်တစ်လုံးလုံး ရေနစ် သွားတာရှိတယ်။ အဲဒါကြောင့် ရေဘေးကြုံနေရသူတွေကို ကိုယ်ကူညီနိုင် သလောက် ကူညီစေချင်ပါတယ်”လို့ ဟန်တီက ပြောပြခဲ့ပါတယ်။

ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့စဉ်က မြန်မာလူမျိုးတွေရဲ့ ဂုဏ် ယူစရာ စိတ်ထားကောင်းတွေကို မြင်တွေ့ခဲ့ရပါတယ်လို့ ပြောလာတဲ့ အလှ မယ် ဟန်တီက ”ရေဘေးသင့်ဒေသတွေမှာ ဟန်တီ သွားရောက်လှူဒါန်းတုန်းက တစ်ခုမြင်တွေ့လိုက်ရတာကတော့ မြန် မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာစိတ်ထား ကို အများကြီး တွေ့ရှိလိုက်ရတယ်။ မြင်တွေ့ခဲ့ရတာတွေကတော့ အများ ကြီးပါပဲ။ အဲဒီအများကြီးထဲက ဟန်တီတစ်ခု ပြောပြချင်တာကတော့ လူ ငယ်တွေက သူတို့မုန့်ဖိုးလေးတွေနဲ့ ရေဘူးတွေ ဝယ်ယူလာပြီးတော့ ရေ ဆာနေတဲ့ သူတွေ ပါဝင်ကူညီနေတဲ့ သူတွေကို သူတို့ကိုယ်တိုင် ရေဘူးတွေ လိုက်ကမ်းကြတယ်။ အဲဒီလို မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူစရာ စိတ်ထားကို အများကြီး မြင်တွေ့ရတယ်။ မြန်မာ လူမျိုးအချင်းချင်း ကူညီကြတာတွေ့ရလို့ ဟန်တီအများကြီး ဂုဏ်ယူမိပါတယ်”လို့လည်း အလှမယ် ဟန်တီက ပြောပြခဲ့ပါတယ်။

ဟန်တီကတော့ လက်ရှိမှာMiss Myanmar World 2018 winner ဆုရှင်တစ်ဦးဖြစ်ပြီး Miss World 2018 မှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ် ပြိုင်မယ့် နိုင်ငံ့ဂုဏ်ဆောင်အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*