ဦးနှောက်ခွဲစိတ်ကုသထားရတဲ့ ကလေးမလေးကို သွားရောက်အားပေးတဲ့ကေတီပယ်ရီ

ဦးနှောက်ခွဲစိတ်ကုသထားရတဲ့ ကလေးမလေးကို သွားရောက်အားပေးတဲ့ကေတီပယ်ရီ
August 6, 2018 Asian Fame Media
ဦးနှောက်ခွဲစိတ်ကုသထားရတဲ့ ကလေးမလေးကို သွားရောက်အားပေးတဲ့ကေတီပယ်ရီ

အဆိုတော်ကေတီပယ်ရီတစ်ယောက် အသက်ရှစ်နှစ်အရွယ် လူနာကလေး မလေးတစ်ဦးဆီကို သွားရောက်ပြီးအားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရ ပါတယ်။ ကလေးမလေးက အသက်ရှစ်နှစ် အရွယ်သာရှိသေးပြီး ဦးနှောက်ထဲမှာ ခြောက်စင်တီမီတာအရွယ်ရှိတဲ့ အကျိတ်တစ်ခုကိုတွေ့ရှိလို့ ခွဲ စိတ်ကုသမှုခံယူထားရတဲ့ဝေဒနာရှင်လေးတစ်ယောက်ဖြစ်ပါ တယ်။

ကလေးမလေးရဲ့ နာမည်က ဂရေ့စ်လို့ခေါ်တယ်လို့ သိရပြီး သူ့ရဲ့အစ်မဖြစ်သူ အသက် ၁၆ နှစ်အရွယ် တီနာနဲ့ပြောပြချက်အရ ခွဲစိတ်ကုသမှုတွေမလုပ်မီက ဂရေ့စ်ဟာ ကေတီပယ်ရီ စတိတ်ရှိုးကို သွားပြီး ကြည့်ခဲ့သေးတယ်လို့ သိရပါတယ်။ တီနာကတော့ သူ့ရဲ့တွစ်တာ စာမျက်နှာပေါ်မှာ သူတို့ ညီ အစ်မတွေက ကေတီရဲ့အမာခံပရိသတ်တွေလို့ ရေးခဲ့ပါတယ်။

နောက် ထပ်ပြီးရေးလိုက်တာက သူ့ညီမလေး ဂရေ့စ်က သုံးနှစ်သမီးအရွယ်လေးကတည်းက ကေတီပယ်ရီကို စွဲစွဲလမ်းလမ်း နှစ်ခြိုက်အားပေးခဲ့တာလို့ ဆိုပါတယ်။ နောက်မကြာခင်တီနာရဲ့စာကိုဝိုင်းပြီးတုံ့ပြန်အားပေးရေးသားခဲ့တဲ့ စာတွေရဲ့အကြိမ်အရေအတွက်က ၂၀ဝ၀ဝ ကျော်သွား ခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ ကေတီက ဒီစာအကြောင်းကို သိသွားပြီး ဂရေ့စ်လေးကို လာတွေ့ပြီး အားပေးဖို့ဆက်သွယ်လာတာဖြစ်ကြောင်း သိရပါတယ်။ ကေတီပယ်ရီဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး အမေရိကန်အဆိုကျော်တစ်ဦးဖြစ်ပါတယ်။

Ref:BBC

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*