ပြက်လုံးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ဘာသာရေး ပြက်လုံးမျိုး မပြက်ဘူးဆိုတဲ့လူရွှင်တော်ကြီး ဦးဒီလုံး

ပြက်လုံးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ဘာသာရေး ပြက်လုံးမျိုး မပြက်ဘူးဆိုတဲ့လူရွှင်တော်ကြီး ဦးဒီလုံး
August 2, 2018 AsianFame MediaGroup
ပြက်လုံးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ ဘာသာရေး ပြက်လုံးမျိုး မပြက်ဘူးဆိုတဲ့လူရွှင်တော်ကြီး ဦးဒီလုံး

”ပြက်လုံးနဲ့ပတ်သက်လို့ အခုအချိန်အထိ နိုင်ငံရေးပြက်လုံးမျိုး ကျွန်တော်တို့မပြက်ဘူး။ ဘာသာရေး ပြက်လုံးမျိုး လည်းမပြက်ဘူး။ ပရိသတ်တွေကတစ်နေ့တာ ပင်ပန်းနေတာကို ပျော်ရွှင်စေဖို့ ရည်ရွယ်ပြီးတော့ ပျော်ရွှင်စရာကောင်း တဲ့ပျက်လုံးမျိုးတွေပဲပြက်တယ်။ ပြက်လုံးကို ရိုင်းတာမပါဘဲ ယဉ်ယဉ်ကျေးကျေးလေးတွေနဲ့ ပရိသတ်တွေရယ်မောရ အောင်စီစဉ်ထားပါတယ်”လို့ မျှော်စင်ကျွန်းမိုးရာသီဖျော်ဖြေပွဲမှာ ပြက်သွားမယ့်ပြက်လုံးတွေနဲ့ပတ်သက်လို့ လူရွှင် တော်ကြီး ဦးဒီလုံးကပြောပြပါတယ်။

ဒီနှစ်မိုးရာ သီဖျော်ဖြေပွဲက အရင်နှစ်တွေနဲ့မတူဘဲ အင်မတန်မှ ဖျော်ဖြေလို့ကောင်း တင်ဆက်မှုကောင်းမှာပဲဖြစ်ပြီး အားလုံးကလည်း အစွမ်းကုန်ကြိုးစားထားကြ ကြောင်း သူကပြောပါတယ်။ လူရွှင်တော်ကြီး ဦးဒီလုံးဆိုရင်လည်းလူရွှင်တော် သက်တမ်းကနှစ်ပေါင်း ၄ဝ ကျော်လောက်ရှိနေပါပြီ။ သူဟာ သူငယ်ချင်း ဖြစ်သူ ဦးနေကျော်နဲ့အတူ လူရွှင်တော်လောကကိုဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်းသဘင်မှာ လူရွှင်တော်အဖြစ် ပါဝင်ဖျော်ဖြေတင်ဆက်နေပါတယ်။ သူဟာ မျှော်စင်ကျွန်းမိုးရာသီဖျော်ဖြေပွဲမှာလည်း နှစ် စဉ်ကပြခဲ့ပါတယ်။ လူရွှင်တော်တွေဖြစ်တဲ့ အ တွက် သူတို့ဟာ ဘဝမှာဝမ်းနည်းစရာတွေ ကြုံ လာခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ်လည်း ပျော် ရွှင်အောင်နေတတ်အောင် ကျင့်ကြံနေသူတွေ ပါ။ ဇာတ်ခုံစင်မြင့်ထက်ရောက်သွားပြီဆိုတာ နဲ့ စိတ်ညစ်စရာတွေ ဒေါသထွက်စရာတွေကို ခေါင်းထဲမှာမတွေးတော့ဘဲ ပြုံးပျော်နေတာမျိုးတွေပဲ ပရိသတ်တွေကိုမြင်တွေ့ရအောင် နေထိုင်တယ်လို့ ဦးဒီ လုံးက ပြောပါတယ်။

”ကျွန်တော်တို့အနေနဲ့က ပရိသတ်တွေ ရယ်မော နေတာကိုပဲ ပီတိဖြစ်နေတာပါ။ ကျွန်တော်တို့ကို မြင် တာနဲ့ပရိသတ်တွေကို ပြုံးပျော်စေချင်တယ်။ ကျွန်တော် တို့ကိုလည်း ပရိသတ်တွေကပြုံးပျော်နေတာပဲ မြင်ချင်ကြ မှာပါ”လို့ ဦးဒီလုံးကပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*