သမ္မတဒေါ်နယ်လ်ထရမ့်နဲ့ အမျိုးတော်တော့မယ့် မော်ဒယ်လ် Karlic Kloss

သမ္မတဒေါ်နယ်လ်ထရမ့်နဲ့ အမျိုးတော်တော့မယ့် မော်ဒယ်လ် Karlic Kloss
August 1, 2018 AsianFame MediaGroup
သမ္မတဒေါ်နယ်လ်ထရမ့်နဲ့ အမျိုးတော်တော့မယ့် မော်ဒယ်လ် Karlic Kloss

အမေရိကန်မော်ဒယ်လ် Karlic Kloss နဲ့သူ့ချစ်သူ Josha Kushner တို့ရဲ့ စေစပ်သတင်းက ပရိသတ်တွေ ကြားမှာ လူပြောသူပြောများနေပါတယ်။ Josha က အနုပညာနယ်ပယ်က မဟုတ်ဘဲ အမေရိကန် စီးပွားရေး သမားတစ်ယောက်အဖြစ် အောင်မြင်နေတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

စေ့စပ်ကြောင်း လမ်းသတင်းကို လူတွေ စိတ်ဝင်စားရတဲ့အချက်က Josha ရဲ့ အစ်ကိုဖြစ်တဲ့ Jared Kushner ဆိုတာ လက်ရှိအမေရိကန် သမ္မတဒေါ်နယ်လ်ထရန့်ရဲ့ အစိုးရအဖွဲ့ မှာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေါ်နယ်လ်ထရန့်ရဲ့သမီး ဖြစ်သူ Ivanka Trump ရဲ့  ခင်ပွန်းဖြစ်ပြီး သားသမီး ၃ ယောက်ထွန်းကား ထားကြပါတယ်။

အခုလိုမျိုးKarlic Kloss နဲ့ Josha Kushner တို့ စေစပ်ကြောင်းလမ်းပြီး လို့ လက်ထပ်လိုက်ကြပြီဆိုရင် Kloss နဲ့ သမ္မတကြီး ထရမ့်တို့ဆွေမျိုးတွေ တော်စပ်ကြရတော့မှာပါ။ Ivanka နဲ့လည်း လင်ညီအစ်မတွေ ဖြစ်ကြဦးမှာမို့ ပရိသတ်တွေအတွက် စောင့်ကြည့်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေကြောင်းပါ။

Ref: CNN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*