မိုးချုန်းပြီးရင် မုန့်လုံးလာမယ်

မိုးချုန်းပြီးရင် မုန့်လုံးလာမယ်
July 30, 2018 AsianFame MediaGroup
မိုးချုန်းပြီးရင် မုန့်လုံးလာမယ်

အခုလို မိုးလေးတွေများ တစိမ့်စိမ့် စွေနေပြီဆိုရင် ‘ကိုရင်ဘဂျာ’ ဂျာ အေးကို သတိရတော့တာပဲ။ ဘဂျာနဲ့ ဂျာအေး ဂျာချင်းတူပေမယ့် ဘဂျာက ‘လူ’ဖြစ်ပြီး ဂျာအေးက ကလေးကဗျာ ထဲက နာမည်ပါ။ ကြားဖူးကြမှာပေါ့ ‘ဂျာအေးသူ့အမေရိုက်၊ မှောင်မိုက်မှာ ငို၊ ကိုလူပျိုထရံပေါက်က …’ ဘာ ညာဆိုတာလေ။ ဂျာအေးက အဲဒီ စာသားထဲက ဂျာအေးပါ။ လူဖြစ်တဲ့ ဘဂျာကတော့ လွယ်လွယ်ကူကူ ဘဂျာဖြစ်တာတော့ မဟုတ်ဘူး။

ဒါဖြင့် ဘဂျာ၊ ဘာဘဂျာလဲ …။ ရှေးဗမာကြီးတွေလို နာမည် ပေး ဓလေ့ပုံစံကြောင့်လို့ပဲ ပြောရ မယ်။ ဥပမာ သမီးမိန်းကလေးမွေး တယ်ဆိုပါစို့။ မိဘက မစောမယ် (စောမယ်)လို့ ပေးမိတယ်ဆိုရင် ဒုတိ ယထပ်မွေးလာတဲ့ သမီးနာမည်က ‘စောကြွယ်’ဖြစ်မယ်။ ထပ်ပြီး သမီး လေးမွေးရင် ‘စောထယ်’လို့ ပေးမယ်။ ဒီတော့ စောမယ်၊ စောကြွယ်၊ စော ထယ်တို့ဟာ ခေါ်ရအဆင်ပြေစေမယ့် ဒီသုံးယောက်အပြင် စတုတ္ထသမီး ထပ်မွေးဦးမယ်ဆိုရင်တော့ အဲဒီမိန်း ကလေးနာမည် ‘စောဂွယ်’ပဲဖြစ်ဖို့ များတယ်။ အဲဒီအခြေအနေကျတော့ အဓိပ္ပာယ်တွေ ဘာတွေမစဉ်းစား တော့ဘူး။ ကာရန်တူနဲ့ နဘေထပ်ရ ရင်ပြီးရောပဲ။

ရှိသေးတယ်။ ယောက်ျားလေး မွေးလို့ သားဦးကို ‘သာလှိုင်’လို့ ပေး မိရင် နောက်ကောင်က ‘သာပိုင်’ ဖြစ်ကရော။ ဒါနဲ့ မရပ်ဘဲ နောက် ထပ်တစ်ကောင်မွေးရင် ဒီကောင် ‘သာမြိုင်’ဖြစ်လာရော။ စဉ်းစားကြည့် သူတို့ နာမည်ပေးပုံတွေက သာမြိုင် အထိ၊ ဟုတ်နေသေးပေမယ့် ထပ် မွေးရင်တော့ အဲဒီကောင် ‘သာဘိုင်’ ဖြစ်တော့တာ။

အဲ …ဘဂျာနာမည်ကလည်း အဲဒီလိုဖြစ်ခဲ့တာပါ။ သူတို့ညီအစ်ကို ပေါင်းသုံးယောက်ရှိတာ။ ဘဂျာက အလယ်လူ။ အကြီးဆုံးအစ်ကိုကြီးက ‘ဘသာ’။ အငယ်ဆုံးကောင်ရဲ့ နာ မည်က ‘ဘချာ’။ ဘဂျာက အလယ်လူ ဆိုတော့ ဘချာမဖြစ်တော့ဘူးပေါ့။ ဒါသုံးယောက်တည်းမို့ လေးယောက် သာ မွေးမယ်ဆိုရင်တော့ အဲဒီကောင် ‘ဘဂွါ’ပဲ။ ဘခွါမှ ဘဂွါ။

အေးလေ။ အခုပြောချင်တာက လည်း ရှေးဗမာလူမျိုးတွေရဲ့ နာမည် ပေးတာတွေကို ပြောချင်တာမဟုတ် ပါဘူး။ ချစ်စရာကောင်းလှတဲ့ ဓလေ့ လေးမို့ ပြောဖြစ်သွားတာပါ။ တကယ် ပြောချင်တာက ..ခုလိုမျိုးလေး တစိမ့်စိမ့်ခွေနေတာရယ်။ ဘဂျာ ရယ်၊ ဂျာအေးရယ်၊ မုန့်လုံး စက္ကူ ကပ်ရယ်၊ ဂျာအေးအမေရယ်၊ ပလ္လင် ပေါ်က မျောက်ကလေးရယ်၊ ကိုလူ ပျိုရယ်၊ ကိုလူပျိုအမြဲရပ်နေတဲ့ ထရံ ပေါက်ရယ်။ ဒါတွေကို မိုးတစိမ့်စိမ့် ထဲမှာ ဘဂျာစဉ်းစားပြန်တယ်။ စဉ်း စားတယ်။ စဉ်းစားတယ်။

ဘဂျာစဉ်းစားပုံက ‘ကိုလူပျို’ ဟာ သူတို့ငယ်ငယ်ကလေးဘဝက တည်းက ထရံပေါက်မှာ ရပ်နေတယ်။ အခု ဘဂျာကြီးလာတော့လည်း ကိုလူ ပျိုက ထရံပေါက်ရပ်တုန်း။ ဘာကိစ္စ ထရံပေါက် လာရပ်နေရတာတုံး။ ဒါ တစ်ပိုင်း။

ဒီလိုနဲ့ ဘဂျာဟာ သူ့ဂျာအေး အတွေးကို လက်ရှိတွေးပုံထက် နည်း နည်း ‘ကြီး’ပြီး တွေးကြည့်ဦးမယ် စိတ်ကူးတယ်။ဒီလိုနဲ့အတွေးကို ‘ကြီး’ ကြည့်မိပြန်လာရော …

သြော် ..လူဟာ၊ သင်္ခါရစက် ဝိုင်းအတွင်း သမိုင်းအသစ်တစ်ခု မွေးဖွားတိုင်းမှာ လူဟာ ဂျာအေးဖြစ် လိုက်၊ ဂျာအေးအမေဖြစ်လိုက်နဲ့ လုံး လည်လိုက်လိုက်၊ လုံးလည်း ရိုက်ရိုက် နဲ့ ရှုပ်ပွနေတာပါလားနော်။

အင်း …အားနည်းတဲ့အခါ လူဟာ ဂျာအေးဖြစ်လိုက်၊ အားကြီး တဲ့အခါ ဂျာအေးအမေဖြစ်လိုက်နဲ့၊ အင်း …ဒုက္ခ ဒုက္ခ မုန့်လုံးစက္ကူ ကပ်ဇာတ်လမ်းတွေမှာ အပ်ကြောင်း တွေကလည်း ထပ်။ ကြာကလပ်နဲ့ ဆွမ်းတော်တင်ခွင့် ရော့အင့် ရော့ အင့်လို့ ပေးလိုက်ရင်လည်း၊ ပလ္လင် ပေါ်က မျောက်ကလေးလို ဆင်းပြေး ဖို့ အခွင့်အရေးမှ ရပါ့မလား။ အခွင့် အရေးရလို့ ဆင်းပြေးနိုင်တယ်ထား ဦး။ ထရံပေါက်မှာ ဟိုတစ်ယောက်က ခြေထောက်ဆွဲဖို့ အသင့်ဖြစ်နေဦးမှာ …။ အဲဒီကောင်က ‘အား’နေတာ။ သူ့အလုပ်က သူများ ခြေထောက်ဆွဲ ဖို့ပဲလေ။

ဒီလိုဂျာအေးဇာတ်လိုတွေးရင်း ဘဂျာဟာ သူ့ကိုယ်သူသတိပေးတယ်။ ပြီးတော့ သူ့ကိုယ်သူ နားချတယ်။

”ဒီမယ် ဘဂျာ၊ ဇာတ်လမ်းက တော့ ပုံသေတွေချည်းပဲ။ မိုးတောင် က ချုပ်ပြီးရင် မုန့်လုံးလာမယ်။ မုန့် လုံးလာပြီးရင် အဲဒီမုန့်လုံးကို သူတို့ စက္ကူကပ်ကြလိမ့်မယ်။ ဒီတော့ မိုး တောင်က ချုန်းပြီး မုန့်လုံးမလာခင် မင်းလစ်တော့ စက္ကူကပ်တဲ့အထိ စောင့်မနေနဲ့ လစ်တော့ တော်ကြာ မှောင်မိုက်ထဲ မင်းငိုနေရလိမ့်မယ် …”

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*