နိုင်ငံကျော် အနုပညာရှင်များနဲ့အတူ Balance Fitness -3 ဖွင့်ပွဲ အခမ်းအနားနဲ့ Launch Party ကျင်းပ

နိုင်ငံကျော် အနုပညာရှင်များနဲ့အတူ Balance Fitness -3 ဖွင့်ပွဲ အခမ်းအနားနဲ့ Launch Party ကျင်းပ
July 26, 2018 Asian Fame
နိုင်ငံကျော် အနုပညာရှင်များနဲ့အတူ Balance Fitness -3 ဖွင့်ပွဲ အခမ်းအနားနဲ့ Launch Party ကျင်းပ

Balance Fitness -3 ဖွင့်ပွဲ အခမ်းအနားနဲ့ Launch Party ကို ဇူလိုင်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အလုံလမ်းနဲ့ ဗဟိုလမ်း ထောင့်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ခါရာ၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ပိုပိုဟေသာစတဲ့ အနုပညာရှင်များနဲ့ Balance Fitness ရဲ့ Customer များလည်း တက်ရောက်ခဲ့ကြပါတယ်။ Balance Fitness -3 နဲ့ပတ်သက်ပြီး Balance Fitness ရဲ့ Director တစ်ဦးဖြစ်သူ ကိုကျော်ဇေယျက အခုလို ပြောပါတယ်။

”ကျွန်တော်တို့က လူတွေအကုန်လုံး ကျန်းမာပြီး အားကစားဆိုတာ ကို စွဲစွဲမြဲမြဲဖြစ်သွားပြီးတော့ ဘဝနေထိုင်မှုပုံစံရဲ့တစ်စိတ်တစ်ပိုင်းမှာ နေ့စဉ်နဲ့အမျှ လှုပ်ရှားနိုင်ဖို့ ဝန်ဆောင်မှုပေးချင်တယ်။ စက်တွေ ဆို လည်း အကောင်းဆုံး Brand တွေကို သုံးထားတယ်။ ပြီးတော့ Trainer တွေခန့်တယ်။ ခန့်ပြီးလို့ရှိရင်လည်း လာကစားမယ့် Customer တွေက အမျိုးမျိုးရှိတယ်လေ။ အားတဲ့သူရှိသ လိုမအားတဲ့သူလည်း ရှိတယ်။ လူငယ်၊ လူကြီးအားလုံးပေါ့။ အဲဒါကို ကျွန်တော်တို့က လာကစားတဲ့သူနဲ့ အလိုက်ဖက်ဆုံး အားကစားနည်းတွေ ကို ရွေးချယ်ပေးတယ်။ အဲဒီလိုဝန် ဆောင်မှုတွေပေးဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မင်းမင်းထွန်း

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*