အရေပြား အလှအပဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်တဲ့ Clinique De Skin ရဲ့ တတိယမြောက် ဆိုင်ခွဲဖွင့်လှစ်

အရေပြား အလှအပဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်တဲ့ Clinique De Skin ရဲ့ တတိယမြောက် ဆိုင်ခွဲဖွင့်လှစ်
July 26, 2018 Asian Fame Media
အရေပြား အလှအပဆိုင်ရာ ဝန်ဆောင်မှုများ ရရှိနိုင်တဲ့ Clinique De Skin ရဲ့ တတိယမြောက် ဆိုင်ခွဲဖွင့်လှစ်

Clinique De Skin Der-matology & Laser Clinic ရဲ့ တတိယမြောက် ဆိုင်ခွဲဖွင့်လှစ်ပွဲကို ဇူလိုင်လ ၁၉ရက်နေ့ မနက် ၉နာရီ က အမှတ် ၂၈၄၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲကိုတော့ အနုပညာရှင်များဖြစ်ကြတဲ့ စံရတီ မိုးမြင့်၊ မေမြင့်မိုရ်၊ ခင်သဇင်နဲ့ ဟိန်းမင်းသူတို့က တက်ရောက်ခဲ့ ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါ တယ်။

Clinique အနေနဲ့ ကန်လမ်း နဲ့ တရုတ်တန်းတို့မှာလည်း ဆိုင်ခွဲ များဖွင့်လှစ်ထားပြီး Customer များနဲ့ နီးစပ်မှုပိုရှိဖို့အတွက် ဝေဇယန္တာလမ်းပေါ်မှာ တတိယမြောက်ဆိုင် ခွဲကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီ Clinique မှာ တည်ထောင်သူ၅ ဦးရှိကာ ဆိုင်ရဲ့ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး တည်ထောင်သူ တစ်ဦးဖြစ်သူ ဒေါက်တာ ရဲသွင်က …

“ကျွန်တော် တို့ ဆိုင်မှာအလှ အပနဲ့ ပတ် သက်တာ တော်တော် များများ ရပါ တယ်။ မျက်နှာ မှာ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်ရှိသူတွေ အတွက် အရေပြားအလှအ ပဆိုင်ရာ ကုသမှု တွေရမယ်။ ပြီးရင် ချွေးပေါက်ကျဉ်း တာမျိုး၊ ဝက်ခြံအမာရွတ် ကုသတာ မျိုး ဒါမျိုးတွေလည်းလုပ်လို့ရမယ်။ အဲဒီအပြင် မျက်နှာပုံစံပြုပြင်ချင်တာ၊ ဥပမာ နှာခေါင်းလေးပဲ ဖြစ်ဖြစ်၊ မေးစေ့လေးပဲဖြစ်ဖြစ် V-Shape ဖြစ်ချင်တာမျိုးတွေ ကုသလို့ ရပါ တယ်။ ဆံပင်ပိုင်းနဲ့ ပတ်သက်ပြီး ဆံပင်ကျွတ်တာ၊ ဆံပင် ပြန်စိုက်တာ မျိုးလည်းရတယ်။ ကိုယ်လုံးပိုင်းနဲ့ ပတ်သက်ပြီးလည်း ဗိုက်မှာ အဆီချ ချင်တာ၊ ပေါင်မှာ အဆီချချင်တာ မျိုးလည်း ဝန်ဆောင်မှုပေးပါတယ်” လို့ ပြောပါတယ်။ ဆိုင်ဖွင့်ပွဲအထိမ်း အမှတ်အနေနဲ့ ၁ဝကြိမ်ပါ Facial Package ကို ၄ဝ ရာခိုင်နှုန်းလျှော့ ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။

P-060၊

ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*