တောင်ပြုံးပွဲတော်ကြီးတွင် င်္စပြသဘင်နှင့် ထွန်းလင်းသဘင်တို့ ကပြမည်

တောင်ပြုံးပွဲတော်ကြီးတွင် င်္စပြသဘင်နှင့် ထွန်းလင်းသဘင်တို့ ကပြမည်
July 25, 2018 Asian Fame Media
တောင်ပြုံးပွဲတော်ကြီးတွင် င်္စပြသဘင်နှင့် ထွန်းလင်းသဘင်တို့ ကပြမည်

အခုနှစ်တောင်ပြုံးပွဲတော်ကြီး မှာတော့ ဟန်ဇာမိုးဝင်းရဲ့ စံပြသဘင် နဲ့ အောင်ကျော်ဆန်းရဲ့ ထွန်းလင်း သဘင်တို့က ကပြကြမှာဖြစ်ပါတယ်။

သြဂုတ်လ ၂၂ရက်နေ့မှ ၂၆ရက်နေ့ အထိ ကပြသွားမှာဖြစ်ပြီး ဇာတ်ရုံ(၁)မှာ “ထွန်းလင်းသဘင် – အောင် ကျော်ဆန်း”၊ ဇာတ်ရုံ(၂) မှာ“ စံပြ သဘင် – ဟန်ဇာမိုးဝင်း” တို့က ကပြ သွားမှာဖြစ်ပါတယ်။ တောင်ပြုံးပွဲ တော်ကြီးက ဇာတ်အဖွဲ့တွေအတွက် အားထားရာပွဲတော်ကြီးတစ်ပွဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးပွဲတော် လည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲ တော်ကြီးမှာ ကပြဖို့အတွက်ကိုလည်း ဟန်ဇာမိုးဝင်းနဲ့ အောင်ကျော်ဆန်းတို့ က ဇာတ်တိုက်နေကြပြီဖြစ်သလို သူ တို့ ကြိုးစားထားကြတဲ့ သဘင်အနု ပညာတွေကိုလည်း ပရိသတ်တွေ အနေနဲ့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

စံပြသဘင်အနေနဲ့ကတော့ တောင်ပြုံးပွဲတော်ကြီးက အခုနှစ် သဘင်ရာသီရဲ့ ပွဲကြီးဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပရိသတ်တွေအနေနဲ့ အကသစ်တွေ၊ ပြဇာတ် အသစ်တွေ၊ နှစ်ပါးသွားအသစ်တွေကို ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ တောင်ပြုံး ပွဲရဲ့ လေလံကြေးကတော့ အရင်နှစ်တွေထက်စာရင် သိပ်ကျဆင်းခြင်းမရှိဘဲ ဇာတ်ရုံ ရရှိဖို့အတွက်ကိုတော့ ပွဲတော်မှာ ကပြမယ့်ဇာတ်အဖွဲ့တွေအချင်းချင်းပဲ ညှိနှိုင်းပြီး လေလံကြေးမတက်ဖို့ လုပ်ဆောင်ကြရတာများလှကြောင်း ပွဲစီစဉ်သူ ကိုကျော်ဇေယျ က ပြောပါတယ်။

လေလံကြေးမြင့်လာရင်လည်း ပွဲဝင်ခနဲ့ ဖျာဈေးနှုန်းကိုအများကြီး ဈေးတက်လို့မရဘဲ ပရိသတ်တွေကြည့်ရှုလို့ အဆင်ပြေတဲ့ဈေးနှုန်းကိုသာ ပွဲစီစဉ်သူ တွေအနေနဲ့ သတ်မှတ်ပေးထားရပါတယ်။ များပြားလှတဲ့အန်တာတိန်းမန့်တွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့ ဒီခေတ်မှာ မြန်မာ့ဇာတ်သဘင်အနေနဲ့လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကို လူငယ်တွေကြား ပျံနှံ့နိုင်ဖို့အတွက် ဇာတ်အဖွဲ့တွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်လည်း ဒီတောင်ပြုံးပွဲမှာ ဟန်ဇာ မိုးဝင်းတို့ စံပြသဘင်နဲ့ အောင်ကျော်ဆန်းတို့ရဲ့ ထွန်းလင်းသဘင်တို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ကြိုးစားထားကြလဲ၊ ဘယ်လိုတွေ တင်ဆက် ကြမလဲဆိုတာ တောင်ပြုံးပရိသတ်တွေ ကြိုတင်ရင်ခုန်နေကြရတော့မှာလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*