ကျွန်တော်နေခဲ့သောအိမ်(၁၁)

ကျွန်တော်နေခဲ့သောအိမ်(၁၁)
July 25, 2018 Asian Fame Media
ကျွန်တော်နေခဲ့သောအိမ်(၁၁)


သည်တစ်ကြိမ် ကျွန်တော်နေရသော အိမ်ကတော့ မြန်မာနိုင်ငံနှင့် ကွာလှမ်းသော ဝေးမြေရပ်ခြားမှ အိမ်ဖြစ်သည်။ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ထိုအိမ်မှာ ၂ နှစ်တိတိ နေထိုင်ခဲ့ရပါသည်။

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာရှိ သော အိုဆာကာနိုင်ငံခြား ဘာသာ သင်တက္ကသိုလ်(Osaka University of Foreign Studies) မှာ မြန်မာ စာဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ဖို့ ပညာရေးဝန်ကြီးဌာနက ကျွန်တော့်ကို တာဝန်ပေးသည်။ သို့ ဖြင့် ပြည်ပလစာမဲ့ခွင့်ယူခဲ့သော ဇနီး နှင့် တက္ကသိုလ်ဝင်တန်းအောင် ပြီးစ သမီးကို အဖော်ပြုလျက် ကျွန်တော် တို့ မိသားစု “ဝေးမြေရပ်ခြား တိုင်း တစ်ပါး”သို့ ရောက်လာကြပါသည်။

ကျွန်တော်တာဝန်ထမ်းဆောင် ရသည့် တက္ကသိုလ်မှာ အိုဆာကာမြို့ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မီနို (Mino) ဆိုသည့် မြို့ကလေးတွင် တည်ရှိပါသည်။ ကျွန်တော်တို့ နေရ သောအိမ်က မီနိုမြို့၊ အရှေ့ အိုနိုဟာ ရာရပ်ကွက် (Onohara Higashi) မှာ ရှိသည်။ အိုဆာကာနိုင်ငံခြား ဘာသာသင်တက္ကသိုလ်သို့ လာ ရောက်အမှုထမ်းနေသော နိုင်ငံခြား သား၊ ဧည့်ပါမောက္ခများအတွက် သတ်မှတ်ထားသော လေးထပ်တိုက် တစ်လုံးမှ မြေညီထပ်အခန်းတစ်ခန်း ကို အပိုင်စားရပါသည်။

အိပ်ခန်းကလေးက သပ်သပ် ရပ်ရပ်နေချင်စဖွယ်ဖြစ်သည်။ ဧည့် ခန်းက အလယ်မှာရှိသည်။ ဧည့်ခန်း ဘေးတစ်ဖက်တစ်ချက်မှာ အိပ်ခန်း တစ်ခန်းစီရှိသည့်အပြင် အပိုတစ် ခန်းရှိသေးသည်။ အိပ်ခန်း ၃ ခန်းဆို ပါတော့။ မီးဖိုနှင့် ထမင်းစားခန်းက ဆက်နေသည်။ အဝတ်လျှော်စက်ထား သည့်အခန်းဘေးမှာ ရေချိုးခန်းနှင့် အိမ်သာတွဲထားသည်။ အခန်းတွေမှာ အဲယားကွန်း (လေအေးစက်) လည်း ရှိသည်။ ဟီတာ (အနွေးပေးစက်)လည်းရှိသည်။ ထမင်းစားခန်းထောင့် မှာ ရေခဲသေတ္တာရှိသည်။ ဧည့်ခန်းထဲ မှာ တယ်လီဖုန်းရှိသည်။ တီဗီလည်း အဆင်သင့်။ ဖုန်စုပ်စက်ကလည်း သူ့ နေရာနှင့်သူရှိသည်။ အားလုံးအဆင် ပြေအောင် စီစဉ်ပေးထားသည်မှာ ကျေနပ်စရာကောင်းပါသည်။
ကျွန်တော်တို့ ဇနီးမောင်နှံက အိပ်ခန်းတစ်ခန်း၊ သမီးက အိပ်ခန်း တစ်ခန်း၊ ပိုနေသော အိပ်ခန်းကို ဧည့်သည်လာလျှင် အိပ်ဖို့ လျာထား သည်။ သမီးအိပ်ခန်းမှာ ဘုရားစင် ထားသည်။ မြန်မာနိုင်ငံမှ ယူလာခဲ့ သော ဆင်းတုတော်နှင့် စေတီတော် ပုံကားချပ်ကို ဘုရားစင်မှာ ပူဇော် ထားပြီး သောက်တော်ရေ၊ ပန်း၊ ဆီ မီးတို့ ကပ်လှူနိုင်ရန် စီစဉ်လိုက်သည်။

နေ့စဉ်ဟင်းလျာဝယ်ဖို့ “ကင် ဆိုင်းစူပါ”ခေါ် စူပါမားကတ်က အနီး အနားမှာရှိသည်။ ၁ဝ မိနစ်လောက် လမ်းလျှောက်လျှင်ရောက်သည်။ စား ကုန်သောက်ကုန် အမျိုးမျိုးရသည်။ စာတိုက်နှင့် ဘဏ်ခွဲတစ်ခု မနီးမဝေး မှာရှိသည့်အတွက် စာပို့ဖို့၊ လစာ ထုတ်ဖို့ အဆင်ပြေသည်။ အနီးအနား လမ်းတစ်လျှောက်မှာလည်း ဝယ်စရာ ခြမ်းစရာဆိုင်တွေ အများကြီးရှိသည်။

နေ့စဉ်အိမ်မှ ထွက်ပြီး ကျောင်း တွေ ရုံးတွေ သွားလျှင် ခြေကျင် လျှောက်သည့်နေရာလျှောက်၊ ဘတ် စကားစီးသည့်နေရာစီး၊ ရထားစီး သည့် နေရာစီး၊ ဤ ၃ နည်းဖြင့် သွားကြရသည်။ ကျွန်တော်နေ့စဉ် ကျောင်းသွားလျှင် အိမ်မှ ဘတ်စကား မှတ်တိုင်သို့ ၁၅ မိနစ်လောက် လမ်း လျှောက်ရသည်။ ဘတ်စကားမှတ် တိုင်မှာ ကားရောက်မည့်အချိန်ဇယား ကို ကြည့်ပြီး စောင့်နေရုံပင်။ ၂ မိနစ် တစ်စီးလောက် ဝင်လာသည့်ကား များမှာ အချိန်အလွန်တိကျသည်။ ကားလာလျှင် ကားပေါ်တက်ပြီး ယာဉ်မောင်းနားက ပုံးထဲသို့ ကား လက်မှတ် သို့မဟုတ် ကားခငွေ အကြွေကို ထည့်လိုက်ရသည်။ ငွေ စက္ကူထည့်ပြီး အကြွေအမ်း၍လည်း ရသည်။ ကားလက်မှတ်တွေကိုလည်း ဆိုင်တွေမှာ ကြိုဝယ်ထားလို့ရသည်။ ဘယ်ခရီးကို ကားခဘယ်လောက်ဟု သတ်မှတ်ပြီးသားဖြစ်သည်။ ကားရပ် မည့်မှတ်တိုင်များကို အစဉ်အတိုင်း ကြေညာသွားသည့်အတွက် ကိုယ်ဆင်း မည့် မှတ်တိုင်ရောက်လျှင် တံခါးပွင့် သွားသည်နှင့် ဆင်းလိုက်ရုံဖြစ်သည်။

ရထားလည်း အသုံးများသည်။ ရထားစီးမည်ဆိုပါက ဘူတာမှာလက် မှတ်ရောင်းသော စက်ထဲ ပိုက်ဆံ ထည့်လျှင် လက်မှတ်ထွက်လာ သည်။ ရထားစင်္ကြံအရောက် အဝင် အထွက်အပေါက်များကို ကွန်ပျူတာ စနစ်ဖြင့် ထိန်းချုပ်ထားသည်။ လက် မှတ်ပေါက်တွေထဲ လက်မှတ်ထည့်မှ ဝင်ပေါက်ဖွင့်ပေးသည်။ ရထားအချိန် ဇယားလည်း အလွန်တိကျပါသည်။

မနက်စောစော ဘတ်စကား မှတ်တိုင်သို့ လမ်းလျှောက်စဉ်အလွန် ချမ်းသည့် လများမှာ အထပ်ထပ် ဝတ်ပြီး ထွက်ရသည်။ တစ်ခါတစ်ခါ အောက်ဆုံးအသားကပ်အင်္ကျီမှ အပေါ်ဆုံး လောင်းကုတ်အင်္ကျီအထိ ခုနစ်ထပ် ဝတ်ရသည့်အတွက် အိမ် သားတွေက “ခုနစ်ထပ်ကြီး” ဟု နာ မည်ပေးသည်။ လက်အိတ်စွပ်မထား လျှင် လက်ဖျားကလေးတွေ ကျဉ်နေ တတ်သည်။ အိမ်ထဲမှာ ချမ်းလျှင်တော့ “ဟီတာ” ဖွင့်ထားနိုင်သည်။ အိပ်လျှင် လျှပ်စစ်စောင်ခြုံအိပ်နိုင်သည်။ အိမ် ထဲမှာ ထွေးထွေးနွေးနွေးနေရသည်။

တီဗီအစီအစဉ်တွေက “ချန် နယ်”အမျိုးမျိုးမှာ ညလုံးပေါက်လာ သည့်အတွက် ကြည့်ချင်ရာကြည့်နိုင် သည်။ ငယ်စဉ်က ကြည့်ခဲ့ရသော The King and I တို့ Psycho တို့ When the Cranees Fly တို့ကို ရုပ် ရှင်တွေကိုပြန်ကြည့်ရသည်မှာ သဘော ကျစရာကောင်းပါသည်။ ဂျပန်အစီ အစဉ်တွေထဲမှာ င်္ဒငျ့ငညါဒ ဆိုသော ငါးဖမ်းသည့်မှတ်တမ်း ရုပ်ရှင်ဇာတ် ကားအမျိုးမျိုးကို မုန်းလောက်အောင် ကြည့်ရှုရသည်။ ပျော်စရာအစီအစဉ် အမျိုးမျိုးလည်း ကြည့်ရှုရပါသည်။

အချိန်ကို သူတို့တွေ အကျိုးရှိရှိ သုံးကြပုံများမှာ အားကျစရာကောင်း သည်။ ဘတ်စကားစောင့်နေစဉ် အလကားမနေဘဲ စာအုပ်တစ်အုပ် ထုတ်ဖတ်ရင်း စောင့်သည်။ ဘတ်စ ကားပေါ်ရောက်တော့ စာဖတ်ပြီး လိုက်လာသည်။ မတ်တတ်လိုက်ရ လျှင် လက်တစ်ဖက်က သံတန်းကို ကိုင်ထားပြီး လက်တစ်ဖက်က စာ အုပ်ကို ဖွင့်ပြီး ဖတ်လာသည်။ ထိုင် စရာရလျှင် ပေါင်ပေါ်မှာ “လက် တော့ပ်” ကွန်ပျူတာကလေးတင်ပြီး အလုပ်လုပ်လာသူလည်း မရှားပါ။ ကျောင်းသင်ခန်းစာတွေကို အသံ ထွက်ပြီး ဖတ်လာသူတွေလည်း မရှား ပါး။ စက်လှေကားစီးတော့ ရွေ့နေ သည့် လှေကားကို နှေးသည်ထင်ပြီး ပြေးတက်ပြေးဆင်းကြသေးသည်။ အလျားလိုက်ရွေ့သော ရွေ့လျား စင်္ကြံပေါ်မှာလည်း ပြေးနေကြသည်။ ကျောင်းက စာကြည့်တိုက်ထဲမှာ ညဥ့် သန်းခေါင်အထိ လူမပြတ်ဘဲ စာ ဖတ်သူများရှိနေသည်။ စာအုပ်ဆိုင် တွေမှာ အမြဲလူပြည့်နေသည်။ အသစ်ထွက်သော အင်္ဂလိပ်စာအုပ်များ ထွက်ပြီး မကြာမီမှာပင် ဂျပန်ဘာသာ ပြန်နှင့် ယှဉ်တွဲထုတ်သည့် စာအုပ် တွေ ဆိုင်ပေါ်ရောက်လာသည်။

“ကိုယ်ထူကိုယ်ထ”လုပ်ကြရ သည့် အလေ့ကို ကောင်းကောင်းသိ လိုက်တာကတော့ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံက လေဆိပ်သို့ ရောက်က တည်းက ဖြစ်သည်။ ပါသွားသော အထုပ်အပိုးတွေကို အလုပ်သမား ငှားပြီး သယ်မည်ဟူသော အတွေး ဖြင့် သယ်သွားသမျှ ဟိုရောက်တော့ ဘာအလုပ်သမားမှ မတွေ့ရပါ။ ကိုယ်ထူကိုယ်ထ သယ်နေကြသည်ကို တွေ့မှ သဘောပေါက်ပြီး အထုပ် အပိုးတွေကို ကိုယ်တိုင်သယ်ရသည့် အချိန်ကစပြီး သင်ခန်းစာရသွားပါ သည်။ လေဆိပ်မှာ ပစ္စည်းပို့သည့် ဌာနရှိမှန်းလည်း မသိသည့်အတွက် ကိုယ်တိုင်အကုန်သယ်ပြီး မောနေကြ ရပါသည်။

နည်းနည်းအနေကြာလာတော့ အိမ်နီးချင်းများနှင့် သိကျွမ်းခင်မင် လာသည်။ ဟိန္ဒီ၊ ပြင်သစ်၊ အာရပ်၊ အီတာလျံ၊ စပိန်၊ ထိုင်း၊ မွန်ဂိုလီယာ စသည့် အရှေ့အနောက် နိုင်ငံများမှ ဧည့်ပါမောက္ခများနှင့် အသိအကျွမ်း ဖြစ်သည်။ နေထိုင်ရာအိမ်မှာ သာ ရေးနာရေးကိစ္စမှာ တိုင်ပင်ဆွေးနွေး နိုင်သည့် အခန်းတစ်ခန်းစီစဉ်ထား သည့်အတွက် ထိုအခန်းမှာ စုဝေးပြီး ဆွေးနွေးတိုင်ပင်ကြသည်။ ဂျပန် ဆရာမတစ်ဦးက ဂျပန်စကားသင်ပေး သည့် သင်တန်းကို တက်ရသောအခါ ကျွန်တော်တို့ အားလုံး ကျောင်းသား တွေ ပြန်ဖြစ်သွားကြသည်။ အလှည့် ကျကျွေးမွေးသည့် အစီအစဉ်များ လည်းလုပ်ကြတော့ ကိုယ့်လူမျိုး အလိုက် ဟင်းလျာများကို ချက်ပြီး ကျွေးမွေးကြသည်။ စားပွဲသောက်ပွဲ တွေ ကျင်းပပြီး ပျော်ပျော်ရွှင်ရွှင် ပြောကြဆိုကြသည်။

ဂျပန်မှာ ကျွန်တော်တို့ မိသားစု အေးအေးချမ်းချမ်းနေကြရပါသည်။ ကျွန်တော်က မြန်မာစာအဓိကယူ သော ဂျပန်ကျောင်းသားများကို ပထမနှစ်မှ မဟာဝိဇ္ဇာတန်းအထိ မြန်မာစာသင်ကြားပို့ချပေးသည်။ ဇနီးက လူမှုရေးအသင်းတစ်ခုမှာ ဂျပန်စကားပြောသင်တန်းတက် သည်။ သမီးက ဂျပန်ကောလိပ်တစ် ခုမှာ တက်သည်။ အေးအေးချမ်းချမ်း နေရသော်လည်း ကျွန်တော်တို့ မပျော်လှပါ။ အိမ်ရှင်ပါမောက္ခများက ဧည့်ဝတ်ကျေကြသည်။ လိုလေသေး မရှိ အကူအညီပေးကြသည်။ သို့ပါ လျက် ဘာကြောင့် မပျော်တာပါလိမ့် ဟု စဉ်းစားကြသည်။ အဖြေက ကျွန်တော်တို့ တစ်သက်လုံး ခံစား လာကြသော “မြန်မာအငွေ့အသက် ၏ နွေးထွေးမှု”နှင့် ဝေးကွာနေသော ကြောင့်ဟု သဘောပေါက်မိသည်။ ဂျပန်မိတ်ဆွေတွေနှင့် ဘယ်လောက် ခင်မင်ပါစေ အလုပ်သဘောဆန်ဆန် သာ ဆက်ဆံပြောဆိုရသည်။ ဓလေ့ စရိုက်ကွာခြားသည့်အတွက် တစ်ခုခု “လို”နေသလို ခံစားရသည်။ ပြီးတော့ အိုဆာကာပတ်ဝန်းကျင်မှာ မြန်မာ လူမျိုးများများ မရှိသဖြင့် မြန်မာလို ပြောဖို့ အခွင့်မသာပါ။ အခြားနိုင်ငံ များမှ ဧည့်ပါမောက္ခများနှင့်လည်း အင်္ဂလိပ်လိုသာ ပြောကြရသည်။ တစ်ခါတစ်ခါ တိုကျိုကို အလည် သွားတော့ မြန်မာတွေ အများကြီး နှင့် တွေ့ပြီး အားရပါးရ စကားပြော ရသည်။ တစ်နှစ်တွင် တိုကျိုက မြန်မာများ အားလပ်ရက်မှာ ကျူရှု ကျွန်းမှ ကမ္ဘာအေးစေတီကို သွားဖူး သည်နှင့် ကြုံ၍ လိုက်သွားကြသည်။ ထိုအခါကျမှ မြန်မာဘုန်းတော်ကြီး ကို ဖူးခွင့်ကြုံတော့သည်။ မြန်မာဘုန်း တော်ကြီး၏ တရားဟောသံကို ကြား နာရတော့သည်။

အိုဆာကာသို့ မြန်မာဧည့်သည် များ ရောက်လာလျှင် အိမ်ကို ပါဖိတ် ပြီး ဇနီးက မြန်မာထမင်းဟင်းချက် ကျွေးသည်။ မုန့်ဟင်းခါးချက်ကျွေး သည်။ သူတို့နှင့် စကားပြောရတော့ အလွမ်းပြေသည်။ မြန်မာနိုင်ငံမှ တပည့်တွေ၊ မိတ်ဆွေတွေဆီက စာကို ပဲ မျှော်ရသည်။ စာပို့သည့် ဆိုင်ကယ် လာချိန်ရောက်ပြီဆိုလျှင် လည်တဆန့် ဆန့်နှင့် မျှော်ရတာအမောပါ။ ကိုယ့်စာ ပါလျှင် ဝမ်းသာအားရထွက်ယူသည်။ မပါလျှင်တော့ စိတ်ဓာတ်ကျသည်။

တိုကျိုရှိ မြန်မာစာအုပ်ဆိုင်တစ် ဆိုင်မှ လစဉ်မြန်မာမဂ္ဂဇင်းလေးငါး မျိုးမှာပြီး ဖတ်ရသည်။ မြန်မာသတင်း စာမှာ ဖတ်ရသည့် အိမ်ရှင်မြန်မာစာ ပါမောက္ခ ဂျပန်အမျိုးသမီးစုဆောင်း ထားသော မြန်မာဝတ္တုတွေ ငှားဖတ် ရသည်မှာလည်း အရသာရှိလှပါ သည်။ မြန်မာမိတ်ဆွေတွေဆီကို လည်း မကြာခဏဖုန်းဆက်ရသည်။ မြန်မာနိုင်ငံမှ စာတွေလာလျှင်တော့ မိတ်ဆွေတွေ အကြောင်း၊ တပည့် တွေ အကြောင်းသိရသည့်အတွက် စိတ်ထဲမှာ ကျေနပ်သွားသည်။

ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းက ကျင်းပသည့် မိတ်ဆုံပွဲတို့ ကြိုဆိုပွဲတို့ကို ဖိတ်သည့်အတွက် သွားသည့်အခါမှာတော့ ဂျပန်မိတ် ဆွေတွေရော မြန်မာမိတ်ဆွေတွေပါ တွေ့ဆုံရပါသည်။

ညတိုင်းလိုလို လုပ်ဖြစ်သည့် အလုပ်တစ်ခုကတော့ ဂျပန်ကိုလာ တုန်းက ယူလာခဲ့သော မြန်မာသီချင်း ကက်ဆက်ခွေများကို ဖွင့်ပြီး အလွမ်း ပြေနားထောင်သည့်အလုပ်ဖြစ် သည်။ ကိုဝင်းဦးတို့၊ မာမာအေး တို့၊ ကိုသန်းလှိုင်တို့၊ ရီရီသန့်တို့၏ သီချင်း တွေကို မရိုးနိုင်အောင် အကြိမ်ကြိမ် နားထောင်ပါသည်။ ထိုအိမ်ကလေး မှာ ဤသို့နေထိုင်ရင်း ၂ နှစ်တိတိ အကြာမှာ ရက်ပင်မစွန်းဘဲ မြန်မာ နိုင်ငံသို့ ပြန်ရောက်လာကြပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*