သရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲဂီတဘက်ကိုသာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဆွိဝတ်ရည်သောင်း

သရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲဂီတဘက်ကိုသာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဆွိဝတ်ရည်သောင်း
July 24, 2018 Asian Fame Media
သရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲဂီတဘက်ကိုသာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဆွိဝတ်ရည်သောင်း

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာလောထဲမှာ ပြန်လည် အောင်မြင်မှုရရှိလာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက အနု ပညာအလုပ်တွေကို ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစားနေ တာကို တွေ့မြင်ရပါတယ်။ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ် ရည်သောင်းတို့ ညီအစ်မ သုံးယောက်စလုံးက အနုပညာကို စိတ်ဝင်စားသူ တွေဖြစ်ပြီး အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းဟာ အစ်မနှစ်ယောက် နဲ့မတူတဲ့အရာက သရုပ်ဆောင်အလုပ်အပေါ် စိတ်မဝင်စားဘဲ ဂီတနဲ့ပဲ သူ့ရဲ့ရှေ့ ဆက်မယ့် အနာဂတ်ကို အလှပဆုံးဖြစ်အောင် ဖန်တီးပုံဖော်နေပါတယ်။ ငယ်ငယ် ကတည်းက သီချင်းတွေ သီဆိုရတာသဘော ကျပြီး သီချင်းတွေနဲ့ပဲ အနာဂတ်ကို ရှေ့ ဆက်ချင်တယ်လို့ ဆွိဝတ်ရည်သောင်းက …

“ညီအစ်မသုံးယောက်စလုံး အနုပညာကို စိတ်ဝင်စားကြတယ်။ ငယ်ငယ် ကတည်းကပေါ့။ ဒါပေမဲ့ အစ်မကြီး နှစ်ယောက်က သရုပ်ဆောင်ဘက်ကိုပဲ အဓိက လုပ်ကိုင်ကြတယ်။ ဒါကလည်း အစ်မတွေရဲ့ ဝါသနာက သရုပ်ဆောင်ဘက် ဖြစ်နေတာ ကိုး။ ညီမကျတော့ ငယ်ငယ်လေးကတည်းက သီချင်းတွေပဲ ဆိုချင်တာ။ ညီမချစ်တဲ့ ဂီတ ကို ပရိသတ်တွေဆီ ဘယ်လိုချပြရမလဲဆိုတာပဲ စဉ်းစားနေတာ။ နောက်ထပ်လည်း ညီမရဲ့သီချင်း တွေကို အများကြီး ပရိသတ်အတွက် ချပြပေးသွား မှာပါ”လို့ ပြောပါတယ်။

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည် သောင်း နဲ့ ဆွိဝတ်ရည်သောင်း ဆိုပြီး ညီအစ်မ သုံးဦး ရှိတဲ့အထဲက အစ်မအကြီးဆုံးဖြစ်သူ နှင်းဝတ်ရည်သောင်းကလည်း အိမ်ထောင်ကျ ပြီး ခင်ပွန်းသည်နဲ့အတူ နိုင်ငံခြားမှာ သွား ရောက် နေထိုင်တာဖြစ်တဲ့အ တွက် ဒီမှာ ကျန်ရစ်ခဲ့တဲ့ အစ်မဖြစ် သူ အေးဝတ်ရည် သောင်းနဲ့ရော ဘယ်လိုကိစ္စမျိုးတွေကို တိုင်ပင် ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဆွိဝတ်ရည်သောင်း က…

“အစ်မနဲ့တွေ့ဆုံချိန်က နည်း တယ်။ သူက သိပ်အလုပ်များတော့ အိမ် မှာတောင် မတွေ့ဖြစ်ဘူး။ တစ်ခါတလေ ဖုန်းဆက်ပြီးတော့ ဘယ်မှာလဲ၊ ဘယ်သွား နေတာလဲဆိုတာ လှမ်းမေးရတယ်။ ဒါပေမဲ့ တွေ့ ဖြစ်တဲ့အချိန်မှာလည်း အစ်မကသူ့ရဲ့ အလုပ် ကိစ္စတွေ၊ ကျန်တဲ့အကြောင်းတွေရော ညီမတိုင်ပင် တယ်။ မအေးသောင်းကတော့ ညီမ အားကျရတဲ့ သူတစ်ယောက်ပါ။ သူအိမ်မှာဆိုရင်လည်း ညီမက အငယ်ဆိုပေမယ့် အဲဒီလိုချွဲတာတို့ ဘာတို့လည်းမရှိဘူး။ ပြီးတော့ သီချင်းတွေဆိုလည်း ညီမက စိုင်းထီးဆိုင်တို့၊ လူကြီးသီချင်း အေးအေးလေးတွေပဲ ကြိုက်တယ်။ မအေး သောင်းကတော့ အလွန်ချွဲပြီးနုရွတဲ့ သီချင်းတွေ ဘာ တွေဆိုလည်း လူငယ်ဆန်ဆန် ကြိုက်တယ်။ ချွဲချွဲ နွဲ့နွဲ့ လေးတွေ လုပ်တတ်တယ်။ ပြီးတော့ သူက သိပ် ကြောက်တတ်တယ်။ ညီမက သူ့အခန်းထဲ ဖားပြုတ် ထည့်ထားရင် သူအလွန်စိတ်ဆိုးတယ် (ရယ်လျက်)။ အဲဒီလို မျိုးလေးတွေတော့ ညီအစ်နှစ်ယောက် အတူ တူရှိနေတဲ့အချိန်မှာဆိုရင် အမှတ်တရတွေနဲ့ပဲ ဖြတ် သန်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*