ပရိသတ်တောင်းဆိုမှုကြောင့် သရုပ်ဆောင်ပိုင်းကို တစ်ကျော့ပြန်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ဂန္ထဝင်

ပရိသတ်တောင်းဆိုမှုကြောင့် သရုပ်ဆောင်ပိုင်းကို တစ်ကျော့ပြန်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ဂန္ထဝင်
July 24, 2018 Asian Fame
ပရိသတ်တောင်းဆိုမှုကြောင့် သရုပ်ဆောင်ပိုင်းကို တစ်ကျော့ပြန်လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ဂန္ထဝင်

သရုပ်ဆောင် ဂန္နဝင်ကတော့ ဆယ်စုနှစ်တစ်ခုကျော် အနုပညာ လောကမှာ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှု ရရှိထားသူပါ။ အနုပညာနယ် ပယ်မှာ ရှိနေပေမယ့်လည်း သရုပ်ဆောင်ပိုင်းနဲ့ အချိန်အနည်းငယ်ကြာ ဝေးကွာခဲ့ပြီး လက်ရှိမှာ သရုပ်ဆောင် ပိုင်းကို တစ်ကျော့ပြန် ကြိုးစားလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူကတော့ လတ်တ လောမှာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် ‘မြင်းဖြူရှင်နှင့် မြင်းသည်တော် ဖိုးအေး’ ရုပ်ရှင် ဇာတ်ကားမှာပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာသူ့ရဲ့ပါဝင် သရုပ် ဆောင်မယ့် အကြောင်းအရာများနဲ့ပတ်သက်ပြီး သရုပ်ဆောင်ဂန္နဝင်က အခုလို ပြောပြ ခဲ့ပါတယ်။

”ဒါရိုက်တာ ကိုစတီးလ်နဲ့က အရင်ကတည်းက အလုပ်တွေ တွဲ လုပ်ဖူးတယ်။ အခုကိုစတီးလ်က လာကမ်းလှမ်းတာနဲ့ ဇာတ်လမ်းကိုရော ကာရိုက်တာပိုင်းကိုပါ ကြိုက်လို့ လက်ခံဖြစ်တာပါ။ ကိုစတီးလ် (ဒွေးမေတ္တာ) ဒါရိုက်တာအနေနဲ့ ရိုက်တဲ့ ကားထဲမှာ ပထမဆုံး သရုပ်ဆောင်ဖြစ် တာပါ။ ပါဝင်ရမယ့် ကာရိုက်တာလေး ကတော့ ခေတ်ပညာ တတ် ကျောင်း ဆရာမလေးပေါ့။ ရှေးရိုးစွဲနေတဲ့နယ် က လူတွေရဲ့မိရိုး ဖလာ အစွဲတွေကို ခေတ်နဲ့အညီ ရှင်း ပြရမယ့်ပုံစံလေးပါ။ အဲဒီအပေါ်မှာ အကောင်းဆုံးသရုပ်ဆောင်ထားသွား ရမှာပေါ့။ ဇာတ် ကားတွေ လက်ခံ ဖြစ်တာကတော့ ကိုယ့်အသက် အရွယ်နဲ့ လိုက်မယ်၊ ကိုယ့် ရုပ်နဲ့လည်းလိုက်တဲ့ ကာရိုက် တာမျိုးလည်း ဖြစ်မယ်၊ ကိုယ် ပါဝင်မယ့်ကာရိုက်တာက ဇာတ် တစ်ခုမှာ နေရာရမယ်ဆိုရင် လက်ခံဖြစ်မှာပါ။ နောက်ပိုင်း မှာလည်း သရုပ်ဆောင်ပိုင်း ကိုဆက်လုပ်သွားဖို့ ရှိပါ တယ်” လို့ ပြောပြခဲ့ပါ တယ်။ ဒီရုပ်ရှင် ဇာတ် ကားကတော့ သူ့အတွက် အနုပညာလောကကို ဒုတိယအကြိမ် ဝင်ရောက် လာ ချိန်မှာဒုတိယမြောက်ရိုက်ကူးရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းကို တစ်ကျော့ ပြန်လုပ်ကိုင်လာတဲ့ သူ့အတွက် ရုပ်ရှင် လောကရဲ့အပြောင်းအလဲတွေကဘာ များဖြစ်မလဲ…

”အရင်တုန်းက အစ်မတို့ခေတ် နဲ့ဆိုရင် အများကြီးပြောင်းလဲသွားပါ ပြီ။ အဲဒီလိုမျိုးအဆင့်ဆင့်ပြောင်းလဲလာတဲ့အပေါ် အသစ်အသစ်တွေ လည်း အများကြီးပေါ်ထွက်လာတယ်။ အားလုံးကလည်း အကောင်းဆုံးဖြစ် အောင် ကြိုးစားနေကြတဲ့အတွက် အကောင်းဆုံးရလဒ်တွေပဲရမယ် လို့ လည်း ထင်ပါတယ်။ သရုပ်ဆောင် ပိုင်းကို ပြန်လုပ်ကိုင်တဲ့အခါမှာလည်း အခက်အခဲတွေရယ်လို့ ထွေထွေထူး ထူးမရှိပါဘူး။ စက်ပိုင်းဆိုင်ရာတွေ ရောအားလုံးတိုးတက်လာတယ်။ အစ်မတို့ခေတ်တုန်းကဆိုရင် ဖလင် ခေတ်ပေါ့။ အခုခေတ်မှာဆိုရင်တော့ မှားလည်း ပြန်ရိုက်လို့ရတယ်။ ပိုပြီး တော့ ကောင်းလာတယ်လို့ မြင်ပါ တယ်။ အနုပညာအလုပ်ဆိုတာက တစ် ယောက်နဲ့ တစ်ယောက်ရင်းရင်း နှီးနှီး လုပ်မှအဆင်ပြေတာလေ။ အခု ပြန် လုပ်တဲ့အခါ စက်အဖွဲ့ရောလုပ် ဖော် ကိုင်ဖက်တွေ နည်းနည်းစိမ်းနေတာတော့ ရှိပါတယ်”လို့ သရုပ်ဆောင် ဂန္နဝင်ကပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*