ကျော်သူ၊ စိုးသူ ရိုက်ကူးထားတဲ့ ဒိုး ဇာတ်ကားမျိုး မြင့်မြတ်နဲ့ရိုက်ထားကြောင်း ခင်လှိုင် ပြော

ကျော်သူ၊ စိုးသူ ရိုက်ကူးထားတဲ့ ဒိုး ဇာတ်ကားမျိုး မြင့်မြတ်နဲ့ရိုက်ထားကြောင်း ခင်လှိုင် ပြော
July 23, 2018 Asian Fame Media
ကျော်သူ၊ စိုးသူ ရိုက်ကူးထားတဲ့ ဒိုး ဇာတ်ကားမျိုး မြင့်မြတ်နဲ့ရိုက်ထားကြောင်း ခင်လှိုင် ပြော

သရုပ်ဆောင် ခင်လှိုင်ကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး …

“ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာက တော့ ကျွန်းတစ်ကျွန်းမှာနေထိုင်ကြ တဲ့ လူမျိုးစုတစ်စုပေါ့။ ဟာသဇာတ် ရုပ်ပါပဲ။ ကျွန်တော်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခုကို ဒီဇာတ်ကားမှာ လုပ်ခွင့်ရခဲ့တာပေါ့။ ဇာတ်ကားရိုက် ကူးတုန်းကတော့ ပျော်စရာကောင်းသ လို ပင်လည်းပင်ပန်းခဲ့ပါတယ်။ စတင် ရိုက်ကူးတုန်းကတော့ ကျွန်တော်က တစ်ကိုယ်လုံး Tattoo တွေနဲ့ဆိုတော့ အကုန်ဆေးတွေနဲ့ဖုံးရတယ်။ ချွေး ပေါက်တွေ ပိတ်သွားတော့ ခေါက် တွေကိုက်ပြီး ကောင်းကောင်းတောင် အိပ်လို့မရပါဘူး။ ဇာတ်ကားရိုက်ကူး တုန်းက တစ်ချိန်လုံးတင်ပါးကြီးပေါ်ပြီး မြို့ထဲတွေလည်း သွားပြီးရိုက်ရတယ်။ Shopping Mall တွေ သွားပြီးရိုက်ကူး တယ်ဆိုတော့ ပရိသတ်တွေ ကြားထဲမှာ နေဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ ချွေးနံ့နံမှာလည်း စိုးတယ်။ တစ်ခန်းရိုက်ကူးပြီးပြီဆိုရင်လည်း အော်ပြောရတာက တော်တော်ပင် ပန်းတယ်”လို့ ခင်လှိုင်ကပြောပါတယ်။

သူငယ်ချင်းနှစ်ယောက်ရဲ့ မေတ္တာဖွဲ့ဇာတ်လမ်းကို သရုပ် ဆောင်မြင့်မြတ်နဲ့အတူ ရိုက်ကူးခွင့် ရခဲ့လို့ပျော်ရွှင်ပါတယ်လို့ပြောလာ တဲ့ သရုပ်ဆောင်ခင်လှိုင်က …

“ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ဖြစ်နေပါတယ်။ ဟိုတ လောကတော့ အက်ရှင်နဲ့ ဒရာမာ ရိုက်ကူးတာ နည်းနည်းများသွား တယ်။ မလေးရှားက ဒါရိုက်တာနဲ့ ရိုက်တဲ့ “ံနမသ” ဆိုတဲ့ဇာတ်ကားမှာ မြင့်မြတ်နဲ့ ကျွန်တော်နဲ့နှစ်ယောက် အက်ရှင်ဒရာမာဇာတ်ကားလေးပေါ့။ နောက်ထပ် ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “မျိုးရိုးဇိုး” ဆိုတဲ့ဇာတ် ကားမှာလည်း မြင့်မြတ်နဲ့ သူငယ် ချင်းနှစ်ယောက်။ “မျိုးရိုးဇိုး” ရှေ့မှာ ရိုက်ကူးခဲ့တဲ့ “ခိုးဆိုးလုနှိုက်”တို့ “တော ကျီးကန်း”တို့နဲ့တော့ မတူပါဘူး။ အဲဒီ မှာကျတော့ သူငယ်ချင်းကို သတ်ခဲ့ရ တယ်။ ဒီဇာတ်ကားထဲမှာကျတော့ ကိုယ်က သူငယ်ချင်းအတွက် ကာ ကွယ်ရတဲ့ ကာရိုက်တာပါ။ တအား ချစ်စရာကောင်းတဲ့ ဇာတ်ကားလေး ပါ။ အရင်တုန်းက ကျွန်တော်တို့ အားကျရတဲ့ ကိုကျော်သူတို့ ကိုစိုး သူတို့ ရိုက်ကူးခဲ့ကြတဲ့ “ဒိုး” ဇာတ် ကားလို သူငယ်ချင်းနှစ်ယောက်ရဲ့ မေတ္တာဖွဲ့ဇာတ်လေးပါ။ အရင်က တည်းက အဲ ဒီလိုဇာတ်ကားမျိုးမှာ သရုပ်ဆောင်ချင်နေ တော့ ပါဝင်သ ရုပ်ဆောင်ခွင့်ရ ခဲ့တဲ့အတွက် တအားပျော် ပါတယ်”လို့ ပြောပါတယ်။

 

သတင်း-ဇော်ဝင်းအောင်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*