အိန္ဒိယ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်ရမယ့် နိုင်ငံရေး သတင်းထောက်မလေးနေရာအတွက် လျှောက်လွှာတင်ထားတဲ့သရုပ်ဆောငလှယဉ်ကျေ်း

အိန္ဒိယ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်ရမယ့် နိုင်ငံရေး သတင်းထောက်မလေးနေရာအတွက် လျှောက်လွှာတင်ထားတဲ့သရုပ်ဆောငလှယဉ်ကျေ်း
July 23, 2018 Asian Fame Media
အိန္ဒိယ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်ရမယ့် နိုင်ငံရေး သတင်းထောက်မလေးနေရာအတွက် လျှောက်လွှာတင်ထားတဲ့သရုပ်ဆောငလှယဉ်ကျေ်း

“မုဒြာခေါ်သံ”၊ “မောင့်အိမ်သူ” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိ သတ်အားပေးမှု အရှိန်အဟုန်မြင့်လာခဲ့တဲ့ အလှမယ်မော်ဒယ်လ် လှယဉ် ကျေးကတော့ သူ့ရဲ့ပထမဦးဆုံး အနုပညာလက်ရာဖြစ်လာမယ့် ဇာတ်ညွှန်းကို ရေးသားပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အဲဒီဇာတ်ညွှန်းက Laurel Production ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ရေးသားပေးခဲ့တာ ဖြစ်ပြီး ထုတ်လုပ်သူ ဘက်ကလည်း ကြိုက်နှစ်သက်နေတာမို့ ရိုက်ကူးဖြစ်ဖို့ ရာခိုင်နှုန်း အားဖြင့် သေချာနေခဲ့ပြီ ဖြစ်ပါတယ်။

“ဒါရိုက်တာကဘယ်သူဖြစ်မလဲ ဆိုတာတော့ ထုတ်လုပ် သူတွေဘက်က ညှိနှိုင်းနေဆဲဖြစ်တာမို့ မသေချာသေးပါဘူး။ တကယ်လို့ ရိုက်ကူးဖြစ်ခဲ့မယ်ဆိုရင်တော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း လှယဉ်ကျေးအဖြစ် အနုပညာ နောက်ထပ်ခြေလှမ်း တစ်ခုဖြစ်လာပါမယ်။ သရုပ်ဆောင်ကို လုပ်နေရင်းနဲ့ ကိုယ် ထင်သလောက် လုပ်ခွင့်မရခဲ့ဘူး။ အဲဒီတော့အနု ပညာ လောကမှာ ဆက်လက်ရပ်တည်ချင်တယ်။ ညီမကလည်း အရင်က ဇာတ်လမ်း တိုလေးအတွက် ကိုယ့်ဘာသာဇာတ် လမ်းရေးရတာကို ဝါသနာပါတယ်။ ဇာတ်ညွှန်းကိုလည်း ဝါသနာ ပါတယ်လေ။ အဲဒါကြောင့် Laurel Production အတွက်အကနဲ့ပတ် သက်တဲ့ ဇာတ်လမ်း ဇာတ်ညွှန်းလေး ကိုရေးသားဖြစ်ခဲ့တာဖြစ်ပါတယ်။ လူငယ် အက သမားလေးတွေရဲ့အကြောင်းပေါ့။ ဒါပေမဲ့ အက ချည်းပဲ ပြနေရင်လည်း ပရိသတ်စိတ်ဝင် စားမှု လျော့ကျနိုင်တဲ့အတွက် ဒရာ မာပုံစံလေးနဲ့ ရော ယှက်ထားပါတယ်။ အကဇာတ်လမ်းလေးကို အခြေခံထားတဲ့အတွက် ဇာတ်ညွှန်းကောင်း တစ်ခုကို ဖန်တီးနိုင်အောင် ညီမ ကိုယ်တိုင် အက သင်တန်းသွားတက်တယ်။ ဝင်ရောက် ခံစားတယ်။ တအား ကြိုးစားအားထုတ်ထားပါ တယ်။ ညီမ ကိုယ်တိုင် ပါဝင်သရုပ် ဆောင်သွားဖို့ အစီအစဉ်တော့ မရှိပါဘူး။ Laurel Production က မင်းသမီး ဧငြိမ်းဖြူကတော့ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားဖို့ ရှိမယ်ထင်ပါတယ်” လို့ လှယဉ်ကျေးက ပြောပြပေးပါတယ်။

“မုဒြာခေါ်သံ” ၊ “မောင့်အိမ်သူ” ရုပ်ရှင် ဇာတ်ကားတွေနဲ့ ပရိသတ် အားပေးမှုကို ရရှိခဲ့ပေမယ့်လည်း နောက်ထပ်ရုပ်ရှင် ဇာတ်ကားရိုက်ကူး ခွင့်အတွက် အခု အချိန်ထိ ထပ်မံ ကမ်းလှမ်းခံရတာမျိုး မရှိသေးပါဘူး။ အဲဒါ ဘာကြောင့်လို့ထင်သလဲလို့ မေးမြန်းကြည့်ဖြစ်တော့ “ဘာ ကြောင့် လဲတော့သေချာမသိဘူးပေါ့နော်။ ဒါပေမဲ့ စဉ်းစား ကြည့်ရင်တော့ လိုက်ဖက်ညီတဲ့ နေရာမရှိသေးလို့ မခေါ် တာလို့ပဲ ထင်တယ်ပေါ့။ ဒါပေမဲ့ အခုတော့ ရုပ်ရှင်ဇာတ်ကား တစ်ကားလာကမ်းလှမ်းထားတာရှိပါတယ်။ သူက ဇာတ်ညွှန်း ရေးနေရင်းနဲ့ ညီမနဲ့လိုက်ဖက်ညီတယ်လို့ ခံစားမိလို့လာ ရောက် ကမ်းလှမ်းတာပေါ့။ အဲဒါတစ်ခုတော့ ရှိနေပါ တယ်။ သူတို့ကိုက်ညီတယ်လို့ ထင်တဲ့အခါမှာတော့ အခွင့်အရေး တွေရောက်လာတတ်ပါတယ်” လို့ လှယဉ်ကျေးက ပွင့်ပွင့် လင်းလင်း ပြောပြပေးပါတယ်။

ဒါ့အပြင်အိန္ဒိယဇာတ်လမ်း တွဲတစ်ခုမှာ သရုပ်ဆောင်ရမယ့် နိုင်ငံရေးသတင်း ထောက်မ လေးနေရာ အတွက်လည်း လျှောက်လွှာ တင်ထားတယ်လို့ ဆိုတယ်။ အဲဒီဇာတ်လမ်းတွဲဟာ နိုင်ငံ ပေါင်း ၂ဝ ကျော်မှာ ပြသ မှာဖြစ်တာမို့ အဲဒီဇာတ်ကောင်အတွက် Casting တွေ ခေါ်ယူရာမှာ မြန်မာနိုင်ငံထဲကလည်း ပါဝင်တာကြောင့် လျှောက် လွှာတင်ဖြစ်ခဲ့တာလို့ လှယဉ်ကျေးက ဆိုပါတယ်။ ရွေးချယ် ခံရဖို့ကရာခိုင်နှုန်း အင်မတန်နည်းနေပေမယ့်လည်း ကြိုး စားအားထုတ်မှုက အရာထင်ခဲ့ရင်တော့ ပျော်ရွှင်မိမှာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်းမှာလည်း လှယဉ် ကျေးက ဇာတ်ညွှန်းတွေ အများကြီးရေးသားသွားဖို့ ကြိုးစား သွားမှာလည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

ထက်လူ
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*