
သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်လိုက်တဲ့ ဓာတ်ပုံကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဝေဖန်မှုတွေထဲမှာ အဆိုးဆုံးကွန်းမန့် ပေးထားတဲ့ အကောင့်တစ်ခုကို သင်ဇာဝင့်ကျော်ဟာ တရားစွဲမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးသားထားပါတယ်။ ဝေဖန်နေတဲ့အကြောင်းရင်း အသေးစိတ်ကို သရုပ်ဆောင်သင်ဇာဝင့်ကျော်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
“ဖက်ရှင်နဲ့ ပတ်သက်ပြီး သင်ဇာ အမြဲတမ်း ဝေဖန်ခံနေရတဲ့ သူတစ်ယောက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဇာကတော့ ကိုယ့်ရဲ့ဖက်ရှင် ကိုတော့ အမြဲတမ်း အကောင်းဆုံးဖြစ်အောင်ပြင်ဆင်တယ်။ Sexy အင်္ကျီတွေ ဝတ်တာကလည်း ပရိသတ်ကို Entertainment လုပ်တာပါ။ အဲဒီနေ့ကဖြစ်ချင်တော့ အဲဒီအင်္ကျီဝတ်ပြီး တင်ဖြစ်တာက စိတ်ထဲမှာ လည်း တင်ချင်စိတ်ပေါ်လို့။ တစ်ခါမှလည်း အဲဒီလိုပုံမျိုး သင်ဇာမ တင်ဖူးဘူး။ ပြီးတော့သင်ဇာကလည်း အဲဒီနေ့ကအွန်လိုင်းပေါ်က အင်္ကျီတွေမှာ တစ်ယောက်တည်း ပျင်းလို့ ဆိုပြီး အခန်းထဲမှာကိုယ့်ဘာသာ တစ်ယောက် တည်း အဲဒီအင်္ကျီတွေ ဝတ်ကြည့်နေတာ။ ပြီးတော့လည်း ဘာမှမဟုတ်ဘူး စိတ်ကပေါက်လို့တင်တာ။ အဲဒါကို သင်ဇာ့ကွန်းမန့်မှာ ဝင်ပြီးလာဆဲတာ။ လူလည်းတအား ဒေါသထွက်သွားတယ်။ အရင် တုန်းကဆိုရင် သင်ဇာ ဒီလိုအင်္ကျီတွေဝတ်တယ်။ဖေ့စ်ဘွတ်ခ်ပေါ်တင် တယ်။ ဝေဖန်ကြတယ်။ ဒါပေမဲ့ အဲဒီလောက် ပြင်းပြင်းထန်ထန်ကြီး မဝေဖန်ခံရဘူး။ သူပြောတာသင်ဇာကပဲ ဒီလို လုပ်နေတယ်ဆိုတော့ သင်ဇာ့သိက္ခာ ထိခိုက်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
အဲဒီလိုဝေဖန်တဲ့သူကို လတ်တလောမှာတော့ တရားစွဲဆိုတာမျိုးမလုပ်သေးဘူးဆိုတာကိုလည်း “တကယ်လို့ သူတို့ ပြောတဲ့ အတိုင်း သင်ဇာဟုတ်တယ်ဆိုရင်သက်သေနဲ့လာပြီး ပြောလေ။ သက်သေ အတိအကျနဲ့လာပြော သင်ဇာလက်ခံတယ်။ မဟုတ်ဘဲနဲ့ လာမစွပ်စွဲနဲ့ လက်မခံနိုင်ဘူး။ အခု သင်ဇာ့ကိုဝေဖန်တဲ့ အကောင့်ကို သင်ဇာ့ကိုတောင်းပန်ဖို့ ပြောထားတယ်။ တော်ရုံတန်ရုံ မိန်းကလေးဆို အဲဒီ လိုမျိုးတွေပြောနေရင်အလွန်ရှက်နေလောက်ပြီ။ သင်ဇာသူတို့ကို လည်းဆက် သွယ်မှု ဥပဒေနဲ့ တရားစွဲလို့ရတယ်။ ဒါပေမဲ့ အခုအဲဒီလိုမလုပ်သေးပါဘူး။ သူ တို့ဘက်က ပြန်တောင်းပန်တာကို စောင့်နေပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ လတ်တလောမှာတော့သရုပ်ဆောင် သင်ဇာဝင့်ကျော်က သရုပ်ဆောင် မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်တို့နဲ့ အတူတွဲပြီး အချစ်ဆုံး(Crush) ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။
သဲစုလှိုင်၊
ဓာတ်ပုံ-မင်းမင်းထွန်း