ရုပ်သံဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့ ဖူးစုံ

ရုပ်သံဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့ ဖူးစုံ
July 18, 2018 AsianFame MediaGroup
ရုပ်သံဇာတ်လမ်းတွဲတွေပဲ ရိုက်ကူးဖြစ်နေတဲ့ ဖူးစုံ

ဖူးစုံဆိုရင် မြန်မာဇာတ်ကားချစ်ပရိသတ်တွေ မသိတဲ့သူသိပ်မရှိလောက်ပါဘူး။ သူက နှင်းဆီအဖွဲ့မှာလည်း အငြိမ့်မင်းသမီးအဖြစ် ကပြသေးတယ်။ နောက်ပိုင်း ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မလုပ်တော့တဲ့ ဖူးစုံကို ပရိသတ်နဲ့ နည်းနည်းဝေးသွားတဲ့အကြောင်း မေးဖြစ်တဲ့အခါ…

”ရုပ်သံဇာတ်လမ်းတွဲတွေ အမြဲရိုက်ဖြစ်ပါတယ်။ အခုဆိုရင်လည်း ချောက်မြို့မှာ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့သွားမှာပါ။ အခုလက်ရှိဇာတ်လမ်းတွဲ ၂ ခုကို ယိုးဒယားဒါရိုက် တာနဲ့ တစ်ခု၊ မြန်မာဒါရိုက်တာနဲ့တစ်ခု ရိုက်ကူးနေတယ်။ ပြီးတော့ ‘ရောင်နီမျှော်တဲ့နွေဦး’ကိုလည်း ဒါရိုက်တာ အကယ်ဒမီဇော်မြင့် ဦးနဲ့ ရိုက်ကူးထားပါတယ်။MRTV 4 မှာပဲ ပြမှာပေါ့နော်။ ရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေပါတယ်”လို့ ဖူးစုံကပြော ပါတယ်။ လက်ရှိအချိန်က ရုပ်သံဇာတ်လမ်းတွဲတွေ ခေတ်စား လာတဲ့အချိန်ရောက်ပြီလို့ဆိုရမယ့်ခေတ်ပါ။ ဗီဒီယိုဇာတ်ကား တွေနေရာမှာ ရုပ်သံဇာတ်လမ်းတွဲတွေ အစားထိုးလာတယ်လို့ ပြောနိုင်မလား။

ဇာတ်လမ်းတွေကလည်း ဆွဲဆောင်မှုရှိ တယ်။ ပရိသတ်ကလည်း ညစဉ်ည တိုင်းစောင့်ကြည့် ရတဲ့အနေအထားဆိုတော့လေလို့ ဖူးစုံကိုမေး တော့ …

”အရင်တုန်းကဆိုရင် အစ်မတို့ ဗီဒီယိုတွေရိုက်တယ်။ အခုဆိုရင် ဗီဒီယိုက တော်တော်ရှားသွားပြီ။ ကားရိုက်လာချိတ်တာတွေရှိ တယ်။ ဒါပေမဲ့ ဇာတ်လမ်းတွဲဘက် ကိုပဲ အစ်မအာရုံစိုက်နေတယ်။ ဇာတ်လမ်းတွဲက ရက်တွေ အချိန် တွေ အများကြီးပေးရတယ်။ ဒီနှစ် ထဲမှာ ဇာတ်လမ်းတွဲတွေတော်တော် လေး ရိုက်ကူးဖြစ်တယ်ပေါ့။ ဇာတ်လမ်း တွဲရိုက်ကူးတာတွေများရတဲ့ အကြောင်း ရင်းကတော့ ဗီဒီယိုကလည်း နည်းနည်းလေး ဒေါင်းသွားတာလည်းပါတယ်။ ဗီဒီယို သိပ်မရှိတော့ဘူး။ ဇာတ်လမ်းတွဲကိုလည်း လူကြည့်များလာတယ်။ ပြီးတော့ Free To Air လည်းဖြစ်တာကိုး။ အဲဒီလိုမျိုး ဆိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေက ထောင်တက်လာတဲ့သဘောရှိတာ ပေါ့”လို့ဖူးစုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*