“ရှီကျင့်ဖျင်”တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု မြန်မာဘာသာပြန်စာအုပ်မိတ်ဆက်ပွဲနှင့် တရုတ်-မြန်မာနိုင်ငံရေးရာ စီမံခန့်ခွဲရေး ဆွေးနွေးပွဲကျင်းပ

“ရှီကျင့်ဖျင်”တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု မြန်မာဘာသာပြန်စာအုပ်မိတ်ဆက်ပွဲနှင့် တရုတ်-မြန်မာနိုင်ငံရေးရာ စီမံခန့်ခွဲရေး ဆွေးနွေးပွဲကျင်းပ
July 18, 2018 Asian Fame Media
“ရှီကျင့်ဖျင်”တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု မြန်မာဘာသာပြန်စာအုပ်မိတ်ဆက်ပွဲနှင့် တရုတ်-မြန်မာနိုင်ငံရေးရာ စီမံခန့်ခွဲရေး ဆွေးနွေးပွဲကျင်းပ

“ရှီကျင့်ဖျင်”တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှုမြန်မာဘာသာပြန်စာအုပ် ထုတ်ဝေဖြန့်ချိမိတ်ဆက်ခြင်းအခမ်းအနားနှင့် တရုတ်-မြန်မာနိုင်ငံရေး ရာ စီမံခန့်ခွဲရေးဆွေးနွေးပွဲကို ဇူလိုင် လ ၉ ရက်နေ့လယ်ပိုင်းက နေပြည် တော်ရှိ MICC-2 တွင် ကျင်းပခဲ့ သည်။

အဆိုပါအခမ်းအနားသို့ အမျိုး သားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေး သာအောင်၊ ပြည်သူ့လွှတ်တော် ဒုတိ ယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေ မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးဦးအောင်လှထွန်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက် ခဲ့ကြသည်။
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင် ၏ မိန့်ခွန်းများကို စုစည်းထားသည့် ယခုစာအုပ်သည် ရှီကျင့်ဖျင်၏ အ တွေးအမြင်တို့ကို သိရှိစေရန်အတွက် အရေးပါသည့်စာအုပ်တစ်အုပ်ဖြစ် ပြီး ခေတ်သစ်တရုတ်နိုင်ငံနှင့်ပတ် သက်၍ ပိုမိုသဘောပေါက်စေသော စာအုပ်လည်းဖြစ်ကြောင်း၊ တရုတ် နိုင်ငံ ပြည်သူတို့နှင့် တရုတ်လူမျိုးတစ် ရပ်လုံး ပြန်လည်နိုးကြား တိုးတက်စေ ရန်၊ လူသားမျိုးနွယ်ထု တစ်ရပ်လုံး ငြိမ်းချမ်းစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ ၏ လုပ်ဆောင်ချက်များကို စုစည်း တင်ပြထားခြင်းလည်း ဖြစ်ကြောင်း၊ ယင်းစာအုပ်ကို မြန်မာဘာသာဖြင့် စတင်ထုတ်ဝေနိုင်ခြင်းသည် မြန်မာ ပြည်သူတို့ တရုတ်နိုင်ငံနှင့်ပတ်သက် ၍ ပိုမိုသဘောပေါက်နားလည်စေ ရန်အတွက် ပြတင်းပေါက်အသစ် တစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးအတွက် လည်း ပေါင်းကူးတံတားအသစ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ နိုင်ငံရေး စီမံခန့်ခွဲမှုဆိုင်ရာ တို့ကို ပိုမိုနက်ရှိုင်းစွာ ဖလှယ်နိုင်စေ မည့် စာအုပ်တစ်အုပ်လည်း ဖြစ်လာ ကြောင်း အခမ်းအနားသို့ တက် ရောက်ခဲ့ကြသည့် နှစ်နိုင်ငံမှ ပုဂ္ဂိုလ် များက ပြောကြားခဲ့ကြသည်။

ထို့နောက် တရုတ်-မြန်မာ နိုင်ငံ ရေးရာ စီမံခန့်ခွဲရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာပြည်သူ့လွှတ် တော်နိုင်ငံတကာ ဆက်ဆံရေးကော် မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ သုတေသီ ဦးအေးမောင်ကျော်၊ နိုင်ငံတကာ ရေးရာသုတေသီ ဦးကိုကိုလှိုင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော် မတီ ပြန်ကြားရေးဌာန အပြည်ပြည် ဆိုင်ရာ သတင်းဓာတ်ပုံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျောက်ကျင့် ကွန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ သံမှူးကြီး ရန်းဟိုယမ်းနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မ တီ ပြန်ကြားရေးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဝမ်စီးမုတို့က တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု မြန် မာဘာသာပြန် စာအုပ်ပါအကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ ကြသည်။

ထိုသို့ဆွေးနွေးကြရာတွင် ယူ နန်တက္ကသိုလ်မှ ပါမောက္ခက ယခုစာ အုပ်မှ နှစ်နိုင်ငံအတွေ့အကြုံဖလှယ် နိုင်အောင် ကြိုးစားကြရင်း နိုင်ငံ သားတိုင်းက သံတမန်ဖြစ်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းကာ ယူနန်တက္ကသိုလ်သို့လည်း ပညာရှင် အဖြစ် လာရောက်လေ့လာကြပါရန် နှင့် ပညာလာသင်နိုင်မည့် အစီအစဉ် များရှိကြောင်းလည်း ပြောကြားခဲ့ သည်။

သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်း များကိုစုစည်းထားသည့် တရုတ်နိုင်ငံ ရေးရာစီမံခန့်ခွဲမှုစာအုပ် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံး အကြိမ်အဖြစ် တရုတ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံထုတ်ဝေခဲ့ သည်။ ထို့အပြင် ယင်းစာအုပ်အား သာသာစကား ၂၄ မျိုး ၊ ဒီဇိုင်းပုံစံ ပေါင်း ၂၇ မျိုးဖြင့် နိုင်ငံနှင့်ဒေသ ပေါင်း ၁၆၀ ကျော်တွင် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခု ပထမဆုံးအကြိမ် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်မှာ တရုတ်နိုင်ငံ နိုင်ငံခြား ဘာသာပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း နှင့် မြန်မာနိုင်ငံမှ Asian Fame Media Group တို့ ပူးတွဲထုတ်ဝေ သည့် ပထမဦးဆုံးသော နိုင်ငံတကာ ပူးပေါင်းထုတ်ဝေခြင်းဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုရာတွင်မူ ပေကျင်းတက္ကသိုလ်၊ ယူနန် တက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

အောင်ပြည့်စုံ၊
ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*