နန်းတော်ရှေ့ဆရာတင် အမှတ်တရဂုဏ်ပြုပွဲကြီးလုပ်ဖို့ အစီအစဉ်ရှိကြောင်း ဦးနန်းဝင်း ပြော . . .

နန်းတော်ရှေ့ဆရာတင် အမှတ်တရဂုဏ်ပြုပွဲကြီးလုပ်ဖို့ အစီအစဉ်ရှိကြောင်း ဦးနန်းဝင်း ပြော . . .
July 17, 2018 AsianFame MediaGroup
နန်းတော်ရှေ့ဆရာတင် အမှတ်တရဂုဏ်ပြုပွဲကြီးလုပ်ဖို့ အစီအစဉ်ရှိကြောင်း ဦးနန်းဝင်း ပြော . . .

ဂီတစာဆို နန်းတော်ရှေ့ဆရာတင်ရဲ့အမှတ်တရဂုဏ်ပြုပွဲကြီးကိုပြုလုပ်သွားဖို့ နန်းမိသားစုက စဉ်းစားနေပြီဖြစ်ပါတယ်။ ဒီပွဲကိုတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ မြေး တစ်ဦးဖြစ်တဲ့ သဘင်မင်းသားကြီး ဦးနန်းဝင်းက ဦးစီးလုပ်ဆောင်ဖို့ စိတ်အားထက်သန် တက်ကြွနေပါတယ်။ ပွဲကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ချင်တဲ့အတွက်ကြောင့်လည်း အချိန်ယူနေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

”တာဝန်အရှိဆုံးက ဦးနန်းဝင်းဖြစ်နေတာပေါ့။ ပြီးရင်နန်းဝင်းလက်ရာဆိုရင်လည်း အားလုံးက စောင့်ကြည့်နေကြတာလေ။ အခုဆိုရင်ပိုဆိုးတာပေါ့။ အဲဒီအတွက်လည်း ဦးမှာတာဝန်ကြီးရပါတယ်” လို့ ပွဲနဲ့ပတ်သက်လို့ သဘင်မင်းသားကြီး ဦးနန်းဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ ဦးနန်းဝင်းက သံလွင်ပုဂ္ဂလိကကျောင်းမှာ သဘင်အနု ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိနေ ပါတယ်။ သူက ကျောင်းသား၊ ကျောင်းသူတွေကို သဘင်အနုပညာနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာတွေကို သင်ကြားပြသရင်း တူရိယာတွေနဲ့ မြန်မာအကပိုင်းကိုလည်း ကလေးတွေနားလည်လွယ်အောင် သင်ပြပေးလျက်ရှိပါတယ်။ အောင်မြင်ကျော်ကြားခဲ့တဲ့ဇာတ်မင်းသားဘဝကနေ ကျောင်းဆရာတစ်ဦးအဖြစ် လုပ်ကိုင်ရတဲ့အခါမှာ မတူကွဲပြား တဲ့ ဘဝနှစ်ခုနဲ့ ပတ်သက်ပြီးတော့ ဦးနန်းဝင်းက …

”ဟိုးတုန်းကတော့ ပရိသတ် တွေက စင်မြင့်အောက်ကနေ လက်ခုပ်တီးအားပေးတာ ခံယူရ တဲ့ ဇာတ်မင်းသားကြီးပေါ့။ အခု ကတော့ ကလေးတွေကို စာပေ ပညာရော၊ အနုသုခုမပညာကိုပါ သင်ပြပေးရတာ။ ကိုယ့်ဦးနှောက် ထဲမှာရှိနေတဲ့ ပညာတွေကို တခြားဦးနှောက်ထဲမှာ ထည့်ပေး ရတဲ့ ဆရာသမားတစ်ယောက် နေရာကို ခံယူရတဲ့အခါကျရင် တော်တော်ကြီးကိုပြောင်းလဲလိုက် ရတာပါ။ ပျော်ပါတယ်။ ဒီထဲမှာပဲပျော်ဝင်နေတယ်။ ပင်ပန်းလားမေးရင် မပင်ပန်းဘူး။ ကိုယ်လုပ်ချင်တဲ့ အနုပညာကိုပျော်ပျော်ပါးပါးလုပ် နေရတာရယ်၊ ဝါသနာနဲ့ တစ်ထပ်တည်းကျနေတဲ့အတွက် ပိုပြီး ပျော်ပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*