ကမ်းခြေဖက်ရှင်ကြောင့် ရှုတ်ချခံခဲ့ရတဲ့ Jessi

ကမ်းခြေဖက်ရှင်ကြောင့် ရှုတ်ချခံခဲ့ရတဲ့ Jessi
July 17, 2018 Asian Fame Media
ကမ်းခြေဖက်ရှင်ကြောင့် ရှုတ်ချခံခဲ့ရတဲ့ Jessi

ရက်(ပ်)တစ်ဦးဖြစ်တဲ့ Jessi ဟာ သူ့ရဲ့ကမ်းခြေဖက်ရှင်ကို ပရိသတ်တွေ အမြင်မကြည်လင်ဖြစ်နေခဲ့တာကို ပြော ကြားခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့ကSBS Power FM &Power Time အစီ အစဉ်မှာ သူ့ရဲ့ သီချင်းသစ် Down ကို ပရိုမိုးရှင်းလုပ်ဖို့ အတွက် ပါဝင်ခဲ့ ပါတယ်။ ရေဒီယိုမှာ အသံလွှင့်နေစဉ် DJ က Jessi ရဲ့ ခန္ဓာကိုယ်လန်းနေ တဲ့အကြောင်းရင်းကို မေးခဲ့ပါတယ်။

Jessi က သူ အခုလို ခန္ဓာ ကိုယ် ကောက်ကြောင်းရအောင် တစ် နေ့ကို ၃ နာရီ လေ့ကျင့်ခန်းပြုလုပ် နေကြောင်း၊ သူ့ရဲ့ Down သီချင်းက ကမ်းခြေမှာ ရိုက်ကူးတာမို့ ကမ်း ခြေဖက်ရှင်ဝတ်ဆင်ခဲ့တဲ့အပေါ် ပရိ သတ်တွေက အမြင်ရိုင်းတယ်ဆိုပြီး ဝေဖန်မှုတွေ ခံခဲ့ရကြောင်း ပြော ကြားခဲ့ပါတယ်။

အခုတော့ သူဟာ ဝေဖန်မှု တွေနဲ့ အသားကျနေပါပြီ။ အမျိုး သမီးတိုင်းလည်း ကိုယ့်ရဲ့လှပတဲ့ ကောက်ကြောင်းကို ထုတ်ဖော်ပြသ တာက ရှက်စရာလို့ မမှတ်ယူသင့် ဘူးလို့ သူက အကြံပေးခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*