ခြေဖ၀ါးတော်နုစဉ်

ခြေဖ၀ါးတော်နုစဉ်
July 16, 2018 AsianFame MediaGroup
ခြေဖ၀ါးတော်နုစဉ်

သာဓုခြံဆိုတာက ရုပ်ရှင်ခြံကို ဆိုလိုပါတယ်။ မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူတို့ရဲ့ ရွှေကြေးစည် လက်ဖက် ရည်ဆိုင်လေးလည်းရှိတယ်။ ဥာဏ် ပေါ်က မင်းလူ၊ သုမောင်က ဗလ၊ ဝဏ္ဏက မောင်ဝဏ္ဏ၊ နောက်ဆုံးလူက ရူပပဲကျန်ရစ်တော့တာပေါ့။ တကယ် တော့ လျင်မြန်စွာ လူ့လောကကြီးက နေ ခွဲခွာသွားကြသူတွေကို ဝမ်းနည်း လွမ်းဆွတ်စွာနဲ့ စာစီကုံးနေခဲ့မိပါပ ကောလား။ မှတ်မိပါသေးတယ်။ ‘ခြေဖဝါးတော်နုနု’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတုန်းက ဇော်လွင်၊ စမ်းစမ်း အေး၊ အောင်မြင့်၊ ပန်းချီအောင်စိုး၊ မျိုးငြိမ်း၊ မန္တလေး ယခု လမင်းတစ်ရာ မင်းသမီး ဌေးဌေးမြင့်က အခုတိုင် ရှိနေဆဲ။

စာရေးဆရာ ကိုအောင်လင်း ဟာ ပခုက္ကူသားဖြစ်တယ်။ အရိုင်း စံပယ်၊ မောင့်မမငြိမ်း၊ ဗေဒါစတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြင့်ခင်နှင့် တွဲပြီး)ပါဝင်ရိုက်ကူးခဲ့တယ်။ ကျွန် တော်က အဲဒီအချိန်ကာလက ပန်းနု ရောင်နှစ်ကာလဖြစ်လို့ ရုပ်ရှင်ပညာ ဆည်းပူးနေမိခဲ့တယ်ပေါ့။
အနေအထိုင်၊ အနေအထား စတဲ့ လူတစ်ကိုယ်လုံးရဲ့ လှုပ်ရှားမှုနှင့် ဆက်နွှယ်ပြီး သင်ပေးခဲ့တယ်။ အဲဒီ အချိန်က မောင်သိန်းဇော်၊ (မန္တလေး သိန်းဇော်)လည်း ရိုက်ကွင်းရှိရာ ရောက်ခဲ့တယ်။

တက္ကသိုလ်တင်ထွန်းအောင်က ဝတ္ထုလုံးချင်းစတင်ရေးသားနေတဲ့အချိန်၊ မြင့်အောင်က အကယ်ဒမီရပြီ လားမသိ။ ကိုစံ၊ ကိုစိုးစတင်တဲ့ စက် အဖွဲ့သားတွေ နှင့်အတူ ဖြေဖဝါး တော်နုနုကို မန္တလေးတောင် ခြေမှာ ဇာတ်ရုံဆောက်လုပ်ပြီး ရိုက်ကူးခဲ့ တယ်။ မန္တလေးက နန်းတော်ရှေ့ဆရာ တင်ရဲ့သား ရွှေနန်းတင် လည်းပါ တယ်။ စမ်းစမ်းအေးက မင်းသမီး၊ ပုဏ္ဏားက ဗဂျီအောင်စိုး၊ အောင်ပြည့်၊ စမ်းစမ်းအေး၊ ဇော်လွင်ပတ်မတီး ဆိုင်းရဲ့နရီ စည်းဝါးမိမိ ကကြရဲ့လား။ အဲဒီနှစ်ကာလ တွေမှာ မောင်း တီးတော့ ထမင်းပန်းကန်လေး တွေကိုင်လို့ တန်းစီပြီး စားသောက် ရတဲ့အချိန်၊ ခရီးသွားရင်းတေးဆို မယ်။ လေပြည် လေးတွေတိုးဝှေ့သွား တော့တေး သွားလေးတွေပေါ်လာ တယ်။ ထင်း ရှူးရွက်တွေ ချွန်ချွန် သွယ်၊ ဝင်းမှည့် နေတဲ့ စပါးခင်းလယ်၊ လေညင်းဖြတ် ပြေး လှိုင်းကလေးထ ပုံရယ် . . . စတာတွေနဲ့ လွမ်းခဲ့ရ တဲ့ ရိုက်ကွင်း ပေါ်မှာကျွန်တော့်ရင်ကို ထိစေခဲ့တာ အမှန်ပါပဲ။

ဒေါ့ဂျစ်ကားပေါ်မှာ ကိုဝဏ္ဏ ရယ်၊ ညောင်ဦးဖိုးချိုရယ်၊ ကိုအောင် ပြည့်ရယ်ပေါ့။ ကိုအောင်ပြည့်မှာ ‘ပြို မှာလေလား . . .မိုးရဲ့’ ဝတ္ထု မျက် နှာဖုံး၊ ‘နေရစ်တော့ မြသီလာ’ ကဗျာ စာအုပ်မျက်နှာဖုံး၊ ရုပ်ရှင်ပိုစတာ ပန်းချီကား တစ်ချပ်အကြောင်းလေး ပြောဆိုပါရစေ။

ဇာတ်ပွဲစင်တစ်ခုပေါ်က မှန်က လေး။ မင်းက မှန်ကလေးဖြစ်တော့ ဇာတ်ပွဲတွေသွားရာ လိုက်ခဲ့ရတယ်။ မှန်ကြည့်သူတွေကို မင်းကပြန်ပြီး မြင်ရအောင် ကျောပြင်မှာ ပြဒါး လေးတွေ သုတ်ထားတယ်။ ပြဒါး မပြယ်ပါစေနဲ့နော် မှန်ကလေး။ သြော်တကယ်တမ်းကျတော့ ပြဒါး ပါတဲ့မှန်ကလေး ကွဲသွားတယ်။ ပျက် စီးသွားတယ်မဟုတ်လား။

ကျွန်တော်က ကိုဝဏ္ဏရဲ့ ပိုစ တာ ‘ခြေဖဝါးတော်နုနု’မှာ မှန် ကြည့် တဲ့ ဘီလူးပုံ ပန်းချီကားတစ် ချပ်ကို ရေးဆွဲခဲ့တယ်။ ဘီလူးက မှန် ကြည့် နေတဲ့ ပုံလေးပါ။ စမ်းစမ်းအေး က ရှက်တဲ့ပုံလေ။ မင်းသား ဇော်လွင် က ပတ်မတီးနေတဲ့ပုံလေးပေါ့။ ပိုစတာ ပုံကို ရုပ်ရှင်မြှင့်တင်ရေးမှာ ဆင်ဆာ လည်းတင်ရတယ်။ ပုံတွေလည်း တင်ရတယ်။ ပိုစတာ ပန်းချီ ကားကို တင်ပြသူက မင်းသား သုမောင်ပါ။ အဲဒီအချိန်က သုမောင် က မင်းသား ဖြစ်ခါစပါ။

စာရေးဆရာ မြတ်ထန်ရဲ့ ‘နှောင်းတမြေ့မြေ့’ကို ရုပ်ရှင် ရိုက်ကူး နေတဲ့ သုမောင်က ဘီလူး မှန်ကြည့် နေတဲ့ ပန်းချီပိုစတာသွားတင်ပြတော့ ဗိုလ်ကြီးမျိုးမြင့်က ”ဘာဖြစ်လို့ ဘီလူး မှန် ကြည့်ရသတုံးဗျာ”လို့ မေးသတဲ့။ ပိုစတာကို ခွင့်ပြုရမှာ ခက်နေတယ် ဗျာတဲ့။

”ဒီလိုပါဗိုလ်ကြီးခင်ဗျာ။ ပန်းချီ ဆရာက ဒီလိုပြောပါတယ်။ ဘီလူး မှန်ကြည့်နေတာက သူ့ရဲ့မြန်မာမှု ခေါင်းပေါ်က ဘီလူးရဲ့ ဆောင်းထား တဲ့ဝတ်စုံကို တည့်မတည့် မှန်နှင့် ကြည့်တာဗျာ။ ဟေ . . .ပန်းချီ ဆရာ ခေါ်လာရင် ကောင်းမယ်ဆို တော့ ဒီလိုပါခင်ဗျာ ခြေဖဝါးတော် နုနု ဇာတ်ဝင်ခန်းက ဘီလူးလည်းပါ တယ်။ ပုဏ္ဏားလည်းပါတယ်ပေါ့ ဗျာ။ အဲဒါ အဲဒါ ကျွန်တော်တာဝန်ယူပါ တယ် ဗိုလ်ကြီးရယ်” စသဖြင့် သု မောင်က ပြန်ပြောခဲ့ပါတယ်။ ဒါဟာ ‘ခြေဖဝါးတော်နုနု’ရုပ်ရှင်ဇာတ်ကားကိုသရုပ်ဖော်ခဲ့တဲ့ မှန်ကလေး တစ်ချပ်ရဲ့ ဒိုင်ယာရီလေးပါ။

ဆရာကြီး မင်းသုဝဏ်ရဲ့ ‘လယ် တောကအပြန်၊ ပန်ချင်တယ် ခရေ ဖူး’ဆိုတဲ့ တေးသီချင်းကို ချိုပြုံးနှင့် တွဲပြီး သုမောင်ဆိုခဲ့တဲ့ အချိန်ကာလ နှစ်များဆီကို အမှတ်တရ သတိရနေ ပါတယ်။ အဲဒီအချိန်က ပြဒါးမပြယ် ခင်က မှန်ကလေးဟာ အခုတော့ ပြဒါးပြယ်သွားခဲ့ပါပြီ။ ရုပ်ရှင် အနုပ ညာသည်တွေအဖို့ ဆင်ဆာမရှိတော့ ပျော်ကြမယ်ပေါ့။ တကယ်တော့ မှန်ကလေးတစ်ချပ်လို မကောင်းခဲ့ လျှင်လည်း မှန်ကလေးကသိနေပါ လိမ့်မယ်။

မှန် – မမှန် မှန်လေးက တာ ဝန်ယူဖို့ မဟုတ်ဘူးလေ။ ကြည့်သူမှာ သာ တာဝန်ရှိတယ်။ မှန်ထဲမှာ ပြုံးပြ ရင်မှန်လေးက ပြန်ပြုံးပြတယ် မဟုတ်လား။ ပြဒါးပြယ်သွားတဲ့ မှန် ကလေးကတော့ ပြုံးတော့မှာ မဟုတ် ဘူးလေ။ မှန်ကလေးရယ်မင်းက နောက်ကွယ်မှာပြဒါးပြယ်အောင် လုပ်ရင်တော့ မင်းကိုဖောက်ထွင်းပြီး မြင်ရမှာပါ။

ကြည့်သူတိုင်းရဲ့ မှန်ကလေးတွေ
ပြဒါးမပြယ်ပါစေနှင့်
ကြည်လင်တဲ့ နှစ်ကလေး ဖြစ်ပါစေ။

ခြေဖဝါးတော်နုတဲ့ အနေအ ထားမှာ လမ်းလျှောက်ခရီးသွားရင်း တေးသီချင်းဆိုလို့ ရပြီမို့ နိုင်လွန် ကတ္တရာလမ်းတစ်လျှောက်မှာဖြင့် ခြေဖဝါး လေးတွေချလို့ ငါပြန်သွား ခဲ့ပြီ။ ပြောင်းလဲခဲ့တဲ့ နှစ်ကာလ တွေ ပေါ်မှာအကွေ့တွေကလည်းများ၊ အကောက်တွေက လည်းများ၊ ရောက်လိုရာ ရောက်ပါစေသား။ ရည်မှန်းချက် ကို အရောက်သွား။ သနားကမားနှင့် ခြေဖဝါး။ သြော် ခြေဖဝါးလေးတွေ မှန်ကြည့် ရင်း မသွားကြပါဘူးလေ။

စိတ်၏ခေါ်ရာ ဘဝမောစွာ လွမ်းဆွတ်ခါခါနှင့် ခရီးလမ်းက ညီညာခဲ့ပေမယ့်လည်း စိတ်တွေဆို တာကတော့ မညီညာကြပါဘူး။ မေတ္တာစိတ်တွေနဲ့ ခရီးသွားရပေဦး တော့မှာပါကလား။

ပန်းချီ တင်လှဝင်းထင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*