အဆွေးထည်

အဆွေးထည်
July 16, 2018 AsianFame MediaGroup
အဆွေးထည်

မင်းနဲ့တွေ့တိုင်း
စက်ချုပ်ခုံလေးအသံမြည်သလို
ငါ့နှလုံးသားက အသံမြည်တယ်။

မင်းကိုင်နေကျ ကတ်ကြေးလောက်မှ
မထက်မြက်သူဆိုတော့
မင်းချုပ်ထားတဲ့အထည်တွေနဲ့အပြိုင်
လှနေတဲ့မင်းကို
အဝေးကနေသာ ငေးကြည့်နေမိ။

ဘယ်လိုလှအောင်ချုပ်ချုပ်
လှမလာမယ့်ဘဝလေးဆိုတော့
မင်းဆီမှာ ပုံအပ်မထားရက်ဘူး။

စိုးနောင် (မုံရွာ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*