လွမ်းမောရသော စာပေတက္ကသိုလ် နေ့ရက်များ(၂)

လွမ်းမောရသော စာပေတက္ကသိုလ် နေ့ရက်များ(၂)
July 11, 2018 Asian Fame Media
လွမ်းမောရသော စာပေတက္ကသိုလ် နေ့ရက်များ(၂)

တက္ကသိုလ်ဆိုတဲ့ ဝေါဟာရဟာ”တက္ကသီလာ”ဆိုတဲ့ ပါဠိဘာသာ ကဆင်းသက်လာကြောင်း၊ အဆင့် မြင့်ပညာရပ်များကို သင်ကြားဆည်း ပူးရာကျောင်းကြီး …ရယ်လို့ ခရီး ဆောင်မြန်မာအဘိဓာန်က ဖွင့်ဆို ထားကြောင်း မှတ်သားသိရှိထားပါ တယ်။ ဟိုအရင်တစ်ပတ်က ဟော သည့် ပေါ်ပြူလာဂျာနယ်မှာ ကျွန် တော်အမှတ်တရရေးသားသုံးနှုန်းခဲ့ တဲ့ “စာပေတက္ကသိုလ်”ဆိုတာ ဘယ် လိုတက္ကသိုလ်မျိုးလဲ။ တည်နေရာ ဘယ်မှာရှိသလဲဆိုတာကို မှတ်မိသူ များ သတိရကြပါလိမ့်မယ်။

နာမည်ကျော်စာဟောဆရာ ကလေးလည်း ဖြစ်၊ ကျောင်းဆရာက လေးလည်းဖြစ်ရှာတဲ့ “မောင်သာချို” ခမျာကလေးကတော့ ပညာရေးတက္က သိုလ်က စာသင်စာပြဆရာကလေး (သီလရှင်မဟုတ်)လို့ သိရပါတယ်။ သူ့ကံက အထူးသားခင်ဗျ။ နိုင်ငံ တော်က ပေးတဲ့လုပ်ခလစာဟာ သူ့ စာဟောလို့ရတဲ့ အခကြေးငွေရဲ့ ဆယ်ပုံတစ်ပုံတောင် ရှိမယ်မထင် ဘူး။ သူက စင်ကာပူနိုင်ငံအထိတောင် “လေစာ” တွေ သွားဟောခဲ့ရတာကိုး။ သို့သော် သူက ကျွန်တော်တို့လို စာ ပေတက္ကသိုလ်ကို မတက်ခဲ့ဖူးဘူးခင် ဗျ။ ကျွန်တော်တို့က စာပေတက္ကသိုလ် ကနေ ဘွဲ့ထူးဂုဏ်ထူးအထပ်ထပ်ရ နေချိန်မှာ မောင်သာချိုကလေးက တော့ စာပေတက္ကသိုလ်အနားကို သီ တောင်မသီနိုင်ခဲ့ရှာပါဘူး။

ကျွန်တော့်ရဲ့ မိတ်ဆွေစာဖတ် သူတစ်ယောက်က ပြန်ပြောပြတယ်။ မောင်သာချိုက ဟောသတဲ့။ “ံမြန်မာ ပြည်မှာ အမျိုးသားမှတ်ပုံတင်မရှိတဲ့ စာရေးဆရာနှစ်ယောက်ရှိတယ်။ တစ်ယောက်က သွားလေသူ ဆရာ မောင်သာရ၊ နောက်တစ်ယောက်က ကြူးနှစ်”တဲ့။

ဟုတ်တာပေါ့။ မှန်တာပေါ့ခင် ဗျာ။ ဆရာမောင်သာရရှိစဉ်တုန်းက တစ်ခါမှတော့ ကျွန်တော် “ရင်း”ထ လာတာနဲ့ ရန်ကုန်မြို့လယ် (၃၃) လမ်းတစ်နေရာမှာ ပုဆိုးအသစ်အင်္ကျီ အသစ်နဲ့ စတိုင်ကျကျထိုင်နေတဲ့ ဆရာမောင်သာရဆီ ချဉ်းကပ်ပြီး “ဆရာကြီး ကျွန်တော့်ကို စောင့် ရှောက်ပါဦး”လို့ အလှူခံဖူးတယ်။ ဆရာမောင်သာရက ခိုညည်းသလို ညည်းပြီး “ငါ့မှာ ငွေတစ်ပြားမှ မရှိ ဘူးကွ”လို့ ပြောရင်း သူ့ရဲ့အကောင်း စားပိုက်ဆံအိတ်ကြီးကိုပါ ဇစ်တွေ ဖွင့်ပြတယ်။ အိတ်ထဲမှာ ပိုက်ဆံနဲ့ တူ တာဆိုလို့ စက္ကူစုတ်ကလေး တစ်ရွက် တောင် မရှိရှာပါဘူး။ သူသောက်နေ ကျ နှလုံးအားတိုးဆေးတောင့် ဆေး ပြားကလေးတချို့ပဲ တွေ့ရပါတယ်။

“ကဲ …မင်းယုံပြီလား ကြူး နှစ်”လို့ မေးတော့ ကျွန်တော်လည်း သက်ပြင်းမှုတ်ရုံပေါ့ခင်ဗျာ။ သူ့မှာ မှတ်ပုံတင်ရှိရင် သူ့အကောင်းစား အိတ်ထဲမှာ မှတ်ပုံတင်ရှိရမှာပေါ့ဗျာ။ (အံမယ်) ပိုက်ဆံမရှိတဲ့သူက ကျွန် တော့်ကို “မင်း ထမင်းစားမလား။ မင်းကြိုက်တဲ့ဟင်းနဲ့ ငါအဝလိုက် ကျွေးမယ်”လို့ လုပ်နေသေးတာ။ သူ လောကွတ်ချော်တာမဟုတ်ဘူးခင်ဗျ။ အဲသည်တုန်းက ဆရာမောင်သာရ ဟာ ရန်ကုန်မြို့လယ်စာပေရပ်ကွက် မှာ တကယ့်ကို ဩဇာကြီးနေခဲ့တာ။ “ရင်း”ထနေတဲ့ကောင်ကို ထမင်းစား မလားလို့ မေးတာကတော့ တကယ့် ကို မသိသားဆိုးရွားတာပဲ။ (အင်း) ပညာရှိ၊ သတိဖြစ်ခဲ ဆိုတာမျိုးပ။

မောင်သာချိုပြောတဲ့ ကျွန်တော့် မှာ အမျိုးသားမှတ်ပုံတင်မရှိဘူးဆို တာ အားလုံးမမှန်ပါဘူး။ ကျွန်တော် က မင်္ဂလာဒုံမြို့နယ်မှာ အသက် ၁၂ နှစ်ပြည့်ကတည်းက မှတ်ပုံတင်လုပ် ထားခဲ့တာ။

ကျွန်တော်အသက် ၂၀ လောက် တပ်မတော်ထဲကိုဝင်တော့ မှတ်ပုံ တင်ကို တပ်က သိမ်းပြီး “တပ်မတော် သား သက်သေခံလက်မှတ်” ထုတ် ပေးတယ်။ တပ်က ထွက်လာတော့ အဲသည်လက်မှတ်ကို ပြန်သိမ်းပြီး “တပ်ထွက်လက်မှတ်”ထုတ်ပေးတယ်။ သည့်နောက် နိုင်ငံသားကတ်ရတယ်။ အဲသည်ကတ်ကလည်း ခဏခဏ ပျောက်သဗျ။ ပြန်လုပ်ရင် ငွေအများ ကြီးကုန်တာမို့ “ဘိုင်ကောင်”ကျွန် တော်နိုင်ငံသားကတ်ပြန်မလုပ်နိုင် တော့ဘူး။ လပေါ်သရေနိုင်တဲ့ ကိုယ့် ကိုယ်ကိုယ်လည်း ကျိန်ဆဲမိတယ်။ ကတ်အသစ်ထုတ်မပေးခင် ပါးစပ်ကြီး ဖြဲဟထားတတ်တဲ့ (လဝက)ဝန်ထမ်း ဆိုးတွေကိုလည်း စိတ်ကုန်တာနဲ့။

“ငါ့ဘိုးဘေးဘီဘင်တွေ အား လုံး ဗမာပြည်ဇာတိ ဗမာနိုင်ငံသား ချည်းပဲ။ ငါ့မိဘတွေလည်း ဗမာနိုင် ငံသားစစ်စစ်တွေပဲ။ ငါ့လောက်ဗမာ နိုင်ငံသားစစ်တဲ့ကောင် ခပ်ရှားရှား ပဲ။ ငါမွေးကတည်းက ဗမာပြည်မှာ နေလာတာ။ မှတ်ပုံတင်ရှိရှိ၊ မရှိရှိ ဗမာနိုင်ငံသားက ဗမာနိုင်ငံသားပဲ။ မှတ်ပုံတင်မလုပ်ဘဲ နေသကွာ … ဘာဖြစ်လဲ”ဆိုပြီး အရွဲ့တိုက်နေလာ ခဲ့တာပါ။ မှတ်ပုံတင်နံပါတ်ကိုတော့ အလွတ်ကျက်ထားရသပေါ့။ သိချင် သေးသလား။S/RGN ဝ၀၃၈၁၇ တဲ့ဗျ။

လမ်းစဉ်ပါတီခေတ်တစ် လျှောက်လုံး ကျွန်တော်မှတ်ပုံတင် မရှိဘဲ ဟိုနေသည်နေ၊ ဟိုသွားသည် သွားလုပ်နေခဲ့တာပဲ။ တာဝန်အရ စစ်ဆေးသူတွေနဲ့တွေ့တဲ့အခါ “ပျောက်နေသဗျ၊ အသစ်ပြန်လျှောက် ထားတယ်”လို့ ခပ်တည်တည်လှိမ့် တယ်။ “ပျောက်ဆုံးကြောင်း ထောက် ခံစာပြပါ”လို့ သူတို့က “ရစ်”လာရင် “အဲသည်ထောက်ခံစာပါ ပျောက်နေ ပါသော်ကော”ဆိုတော့ ကိစ္စပြတ်သွား ကရော။

အခု နောက်ဆုံးကျွန်တော်ကိုင် ထားတဲ့ မှတ်ပုံတင်ကတော့ တန်ခိုး ရှိန်စော်အာနုဘော်ကြီးလှပါရဲ့။ တော်ရုံတန်ရုံ လူသာမန်တွေ ကိုင် တွယ်ထိတွေ့ခွင့်တောင်မရှိပါဘူး။ ကျွန်တော့်မှာ မှတ်ပုံတင်မရှိဘူးလို့ ပြောရှာတဲ့ စာဟောဆရာကလေး မောင်သာချိုတောင် ကျွန်တော့်လက် ရှိမှတ်ပုံတင်ကို မြင်တာနဲ့ ကျွန်တော့် ကို ချက်ချင်းထိုင် ရှိခိုးရမှာပါ။ သ ဘောပေါက်တယ်နော ..။

ရယ်စရာကောင်းတဲ့ မှတ်ပုံတင် ဇာတ်လမ်းကလေးတစ်ပုဒ် ပြောပြ ခွင့်ပြုပါဦး။
၁၉၈၉ ခုနှစ်တုန်းက ကျွန်တော့် ရဲ့ ဝတÄုတို တစ်ပုဒ်အတွက် “မန္တလေး စာဖတ်သူများဆု” ဆိုတာကိုရခဲ့ ဖူးတယ်။ ခေတ်ကလည်း ခရီးသွား ရင် အစစ်အဆေးထူပြောတဲ့ခေတ်။ “မာရှယ်လော”ခေတ်မှာ Safety first လုံခြုံရေးအဓိကမဟုတ်လား။

ပြဿနာကတော့ မန္တလေးကို ဆုသွားယူဖို့ကိစ္စမှာ ခရီးသွားရင် မပါ မဖြစ်တဲ့ မှတ်ပုံတင်ကျွန်တော့်မှာ ရှိ မနေခဲ့တာပါပဲ။ (အို) ဒါကလည်း ကျွန်တော့်အတွက် No Problem။ သွားမယ်ကွာ။ မရောက်ရောက် အောင် သွားမယ်ပေါ့။ အဖော်လိုက် မယ့် စာရေးဆရ”လေးကိုတင်”က ကျွန်တော့်မှာ မှတ်ပုံတင်မရှိဘူးဆို တော့ မျက်လုံးပြူးနေတယ်။ “ဟာ ဒုက္ခပဲ”လို့ ညည်းသေးတာဗျ။ နောက် သူက အကြံတစ်ခုရသွားတယ်။ အဲ သည် လထုတ် “သင့်ဘဝ”မဂ္ဂဇင်းမှာ ကျွန်တော့်ဝတ္တုနဲ့ ကျွန်တော့်ကိုယ် တစ်ပိုင်း ပုံပါတယ်။

“ကာတွန်းဝင်း အောင်”ရိုက်ထားတဲ့ပုံပေါ့။ ဓာတ်ပုံ ထဲက အင်္ကျီက မိန်းမဝတ်ဇာပေါက် လက်တို အင်္ကျီကြီးမှန်း ကာတွန်းဝင်း အောင်မသိဘဲ ဓာတ်ပုံစွတ်ရိုက်ထား တာ။ မဂ္ဂဇင်းထဲက ဓာတ်ပုံထဲမှာ စာ ရေးဆရာ ကြူးနှစ်ဟာ မိန်းမဝတ် အင်္ကျီကြီးဝတ်ပြီး ခပ်တည်တည်ကြီး ပြုံးလို့။ အဲသည့် မဂ္ဂဇင်းကို “လေးကို တင်”က လက်ကိုမချတာ။ ရဲတွေက လည်း မီးရထားစထွက်ကတည်းက တစ်ဖွဲ့ပြီးတစ်ဖွဲ့ မီးရထားပေါ်တက် ပြီး မှတ်ပုံတင်လိုက်စစ်နေကြတာ။ ကျွန်တော်ကတော့ မပူပါဘူး။ ရန် ကုန်ဘူတာကြီးက မထွက်ခွာခင် မှီဝဲ လာခဲ့တဲ့ ယမကာအရှိန်ကလေးနဲ့ မီး ရထားထွက်ကတည်းက ထိုင်ခုံပေါ် မှာ ခြေပစ်လက်ပစ် လှဲချပြီး ဆက် ရက်မင်းစည်းစိမ်ရော၊ လင်းတမင်း စည်းစိမ်ပါ ခံစားနေတာ။

လေးကိုတင်ဟာ ခေသူမဟုတ် ပါဘူး။ နိုင်ငံရေးနဲ့ နွယ်တဲ့ပြစ်မှု ကြောင့် ထောင်ဒဏ် ၁၀ နှစ်ကျဖူး တဲ့သူပါ။ သို့သော် သည်ငနဲက မှတ် ပုံတင်စစ်တဲ့ မီးရထားရဲတွေကို ကြောက်နေတယ်။ မှတ်ပုံတင်မရှိတဲ့ ကျွန်တော့်ကို ရဲကဖမ်းမှာ အစိုးရိမ် ကြီးနေရှာတယ်။ ရဲတွေ တက်လာ တိုင်း သူက “သင့်ဘဝ”မဂ္ဂဇင်းကို ထုတ်ပြီး မော်ဒယ်လ်ဘွိုင်းကြူးနှစ်ရဲ့ ပုံကို ထိုးထိုးပြတယ်။

“ဟောဒါ ..သူပဲ ဆရာတို့။ မန္တလေးစာပေဆုရတဲ့ စာရေးဆရာ ကြူးနှစ်ပဲ။ အခုဆုယူဖို့ မန္တလေးကို သွားမှာဟဲဟဲ”
ရဲတွေက အိပ်ချင်ယောင်ဆောင် နေတဲ့ ကျွန်တော့်ကိုတစ်လှည့်မဂ္ဂဇင်း ထဲက မိန်းမအင်္ကျီကြီးနဲ့ ဂန်ဒူးလို လို၊ အရူးလိုလို ပုံစံပေါက်နေတဲ့ ကျွန် တော့်ပုံကို တစ်လှည့်ကြည့်ကြတယ်။ ရဲတိုင်း …ရဲတိုင်း …လူတစ် လှည့် ဓာတ်ပုံတစ်လှည့်ကြည့်ရင်း ခေါင်းကုတ်ပြီး ပြန်ထွက်သွားကြရ တာချည်းပါပဲ။ သည်လိုနဲ့ပဲ … ကျွန်တော်ဟာ နောက်နေ့နံနက်ခင်း မှာ မန္တလေးရွှေမြို့တော်ကြီးကို ဘေး မသီရန်မခရောက်သွားခဲ့ကြောင်းပါ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*