အေးမြတ်သူကို အမြန်ဆုံးအိမ်ထောင်ပြုစေချင်ပီ သင်ဇာဝင့်ကျော်

အေးမြတ်သူကို အမြန်ဆုံးအိမ်ထောင်ပြုစေချင်ပီ သင်ဇာဝင့်ကျော်
July 11, 2018 AsianFame MediaGroup
အေးမြတ်သူကို အမြန်ဆုံးအိမ်ထောင်ပြုစေချင်ပီ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ လက်ရှိမှာ ရုံတင်ပြသလျက် ရှိတဲ့ ‘တိုး ကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားကိုတော့ ဒါရိုက်တာကျော်သားကြီး ရိုက်ကူးပြီး ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော်စတဲ့ သရုပ် ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြ ပါတယ်။ ပဲခူးရိုးမတောထဲမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက်ကြုံတွေ့ခဲ့ရ တဲ့အခက်အခဲတချို့ကိုလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော်က အခုလို ပြောပြခဲ့ပါ တယ်။

”ဒီဇာတ်ကားအတွက် အဝတ် အစားပိုင်းကိုတော့ ဒီဇိုင်နာနဲ့ ပရိုဂျူဆာက စီစဉ် ပေးတယ်။ အကုန်လုံးက လူယောင်ဖန်ဆင်းထားတဲ့ စုန်းမတွေပေါ့။ ဘယ်လိုပဲဝတ်ဝတ် ဝတ်လို့ရတယ်။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ ဆွဲဆောင်မှုလည်း ရှိရမယ်။ ဒါကြောင့်မို့လို့လည်း သူတို့ ဒီလိုဒီဇိုင်း မျိုးကို ရွေးချယ်လိုက်တာထင်ပါတယ်။ သင်ဇာတို့ ရိုက်တုန်းက တည်းရတဲ့ ဟိုတယ်ကတော့ မိုက်တယ်။ ဒါပေမဲ့အကောင်တွေပေါတယ်။ သင်ဇာကလည်း တောက်တဲ့တို့ဘာတို့အကောင်တွေဆို သိပ် ကြောက်တတ်တယ်။ အဲဒါကြောင့် အကောင်တွေ ဘာတွေထွက်လာမှာကိုလည်း စိုးရိမ်ခဲ့တာ ရှိပါ တယ်။ နောက်ဆုံးပါဝင်ရိုက်ကူးခဲ့တဲ့ အခန်းဆိုရင် အဲဒီနေရာကမြွေကုန်းကြီး။ ကိုယ်တွေက မသိဘဲ နဲ့တက်ပြီးရိုက်ကူးခဲ့ရတယ်။ ရိုက်ပြီး တော့မှ သိ တာကအဲဒီနေရာကို မြွေပွေးတွေရှိလို့ တစ်ရွာ လုံးကမသွားရဲကြဘူးတဲ့။ အဲဒီအခက်အခဲ တွေ တော့ရှိခဲ့ပါတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါ တယ်။

‘တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ’ ရုပ်ရှင်ဇာတ်ကားမှာ အတူပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်အေးမြတ်သူနဲ့က စိတ်တူကိုယ်တူမို့ အ လွန်ရင်းနှီးကြောင်းလည်း သင်ဇာဝင့်ကျော်က ပြောပြခဲ့ပါတယ်။ အေးမြတ်သူနဲ့က ကိုယ့်ချစ်သူ ကိုလည်းသူသိတယ်၊ သူ့ချစ်သူကိုလည်း ကိုယ်သိ တယ်လို့ဆိုလာတဲ့သရုပ်ဆောင်သင်ဇာဝင့်ကျော် က…

”မြတ်လေး(အေးမြတ်သူ)နဲ့က ရိုက်ကွင်းတွေမှာ သိပ်မဆုံဖြစ်ပေမယ့် ကိုရီးယားမှာ သီချင်းသွားဆိုတုန်းက ဆုံဖူးတယ်။ အဲဒီမှာ တစ်ခန်း တည်း အတူတူနေခဲ့တယ်။ သူနဲ့က စိတ်ဓာတ်ချင်း လည်း တူတယ်။ တူတယ်ဆိုတာက ယောက်ျားဆန်တဲ့ စိတ်ဓာတ်မျိုးပေါ့။ တစ်ခုခု သွားမယ်ဆို လည်း ထသွား လိုက်ကြတာပဲ။ သူက ဟန်ဆောင်တာတွေ ချေတာတွေ လည်းမရှိဘူး။ စိတ်ထဲရှိတဲ့အတိုင်းချစ်ချစ်ခင်ခင်ပဲနေ တယ်။ ကိုယ်ကလည်း အဲဒီလိုမျိုးပဲ ကြိုက်တယ်။ ကိုယ်နဲ့ စိတ်တူကိုယ်တူတွေမို့လည်း ပေါင်းလို့ရတာပေါ့။ မြတ် လေးနဲ့က သူ့ချစ်သူကိုလည်း ကိုယ်သိတယ်။ ကိုယ့်ချစ်သူ ကိုလည်း သူသိတယ်။ မြတ်လေးလည်း သူ့ချစ်သူနဲ့ အမြန် ဆုံးလက်ထပ်ပြီးတော့ပျော်ရွှင်သာ ယာတဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေ။ အမြန်ဆုံးလည်း အိမ်ထောင်ပြုစေချင်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့မြတ်လေးကအဲဒီလိုဘဝကို အလွန် တောင့်တတာလေ”လို့ ပြောပြခဲ့ပါတယ်။

သတင်း ၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*