ရောသမနှပ် လက်ဖက် ကို ပြည်ပနိုင်ငံတွေ အထိဖြန့်ချိမယ့် သားစိုး

ရောသမနှပ် လက်ဖက် ကို ပြည်ပနိုင်ငံတွေ အထိဖြန့်ချိမယ့် သားစိုး
July 11, 2018 AsianFame MediaGroup
ရောသမနှပ် လက်ဖက် ကို ပြည်ပနိုင်ငံတွေ အထိဖြန့်ချိမယ့် သားစိုး

သားစိုးရဲ့ ရောသမနှပ် လက် ဖက်ကို ဇူလိုင်လ ၆ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိလိုက် ပြီဖြစ်ပါတယ်။ ဒီလက်ဖက်ကတော့ သားစိုးကိုယ်တိုင် စမ်းသပ်ပြီး အရ သာပိုင်းရော၊ အရည်အသွေးပိုင်းပါအ ကောင်းမွန်ဆုံးဖြစ်ပြီဆိုမှ ပရိသတ် ထံဖြန့်ချိတာဖြစ်ပါတယ်။ စတင်ဖြန့်ချိခြင်းအထိမ်းအမှတ်အနေနဲ့လည်း သားစိုးက စားသုံးသူတွေအတွက် ကံ စမ်းမဲအစီအစဉ်လည်း စီစဉ်ထားပါ တယ်။ အဲဒီအစီအစဉ်ကတော့ …

”၅ဝ တန်ရောသမနှပ် အထုပ် လေးနဲ့ ဆယ်ဖီရိုက်ပြီးတော့ ရောသမ နှပ်ဖေ့စ်ဘုတ်ခ် page ကို ပို့ပေး ရမယ်။ ပြီးရင် Like & Share လုပ် ပေးရမယ်။ အဲဒါဆိုရင် ကျွန်တော်က အဲဒီလူကို ကံစမ်းမဲစာရင်းထဲမှာထည့် ထားပြီးတော့ ရွှေပြားကံစမ်းမဲဖောက် ပေးမှာပါ။ ကျွန်တော်ကိုယ်တိုင်ကံ စမ်းမဲနှိုက်ပေးမှာပါ။ ဒီဇင်ဘာလထဲ မှာ ကံစမ်းမဲဖောက်ပေးမှာပါ”လို့ သားစိုးက ပြောပါတယ်။

ရောသမနှပ်လက်ဖက်ကိုတော့ မြန်မာနိုင်ငံမှာတင်မကဘဲ တစ်ကမ္ဘာ လုံးအနှံ့ ဖြန့်ချိမှာဖြစ်ပြီး အခုအချိန် ကတည်းကလည်း ပြည်ပကို စတင် ဖြန့်ချိနေပါပြီလို့ သိရပါတယ်။

သားစိုးရဲ့ ရောသမနှပ် လက် ဖက်ရဲ့ အရသာကတော့ လက်ရှိဈေး ကွက်မှာ ဖြန့်ချိနေတဲ့ လက်ဖက်တွေနဲ့ တူမှာမဟုတ်ဘဲ ဒီလိုမတူရအောင် လည်း ကြိုးစားထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

”အရသာကလည်း မတူသလို ဒီဇိုင်းကလည်း တူမှာမဟုတ်ပါဘူး။ အဲဒါကိုကျွန်တော်ရဲရဲကြီး အာမခံရဲ ပါတယ်။ ဒီလက်ဖက်က ကျွန်တော် ကိုယ်တိုင်ဖော်စပ်ထားတဲ့ ဖော်မြူ လာအတိုင်း သွားတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရောသမအခွေကို နား ထောင်တဲ့ ပရိသတ်ကြီးကိုပဲ အဓိကကျွေးချင်တာဖြစ်ပါတယ်။ ပရိသတ် တွေအနေနဲ့ လျှာလည်သွားစေမယ့် ကျွန်တော့်ရဲ့ ရောသမနှပ်အရသာကို စားသုံးတွေ့ထိရမှာဖြစ်ပါတယ်”လို့ လက်ဖက် နဲ့ပတ်သက်လို့ သားစိုးက ပြောပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*