မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးအလုပ်အမှုဆောင်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းမည်

မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးအလုပ်အမှုဆောင်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းမည်
July 11, 2018 AsianFame MediaGroup
မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးအလုပ်အမှုဆောင်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းမည်

မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး အလုပ်အမှုဆောင် ကော်မတီရွေးချယ်တင်မြှောက်ပွဲကိုဇူလိုင် ၉ ရက်၊ နံနက် ၉ နာရီ တွင် မန္တလေးမြို့၊ Great Wall Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သဘင်အစည်းအရုံး(ဗဟို)မှ သိရ သည်။

”ကျွန်တော်တို့တိုင်းကို ဖွဲ့စည်း ပြီးတဲ့အခါမှာ တိုင်းက အလုပ်အမှု ဆောင်အားနည်းနေခြင်း၊ လျော့ကျ နေခြင်း၊ မပြည့်ဝခြင်း၊ တာဝန်များကို ထမ်းဆောင်ဖို့အတွက် လစ်ဟင်းနေ ခြင်း၊ အဖွဲ့က မညီညွတ်ခြင်း၊ တွေရှိ နေရင် ဗဟိုသဘင်အစည်းအရုံးအနေ နဲ့ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ ကော်မရှင်စည်းကမ်း နံပါတ် ၈ မှာ ဖော်ပြထားပါတယ်။ မန္တလေးတိုင်း မှာက အကြောင်းကြောင်းတွေကြောင့် နုတ်ထွက်သွားတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်၊ အဲဒီတော့ အင်အားက တော်တော်လျော့နည်းသွားတဲ့အ တွက် ဗဟိုကနေပြီး ပြန်လည်ရွေး ချယ် တင်မြှောက်ပေးမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၏ ဒုတိယဥက္ကဋ္ဌ ဦးမိုး ဝင်းက ပြောသည်။

အလုပ်အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ပွဲတွင် မန္တလေး တိုင်းအတွင်းရှိ တိုင်း၊ မြို့နယ်နှင့် သဘင် ပရဟိတအသင်းများမှ တိုင်း အလုပ်အမှုဆောင် ၁၅ ဦးကို ရွေး ချယ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*