ညမထွက်ရကဗျာ(၂)

ညမထွက်ရကဗျာ(၂)
July 10, 2018 AsianFame MediaGroup
ညမထွက်ရကဗျာ(၂)

သူ(မနေ့ကအတိုင်း)ညနေ ၆ နာရီ ထိုးတာနဲ့ အိမ်အပေါ်ထပ် ထပ် ခိုးကလေးပေါ်တက်လာခဲ့တယ်။

ကာလကလည်း (မနေ့ကလို) ညနေ ၆ နာရီက မနက် ၅ နာရီအ ထိ ညမထွက်ရ (ညမထွက်ရ) အမိန့် အောက်မှာ ‘ပြား’နေရတုန်း။ ဒီနေ့ ချဲနံပါတ်အပိုင်ရတာတောင် ပါဝါ ချိန်းသွားလို့ စိတ်ညစ်နေရတဲ့အထဲ ညမထွက်ရ ညကျမှလက ပါဝါချိန်း ပြီး၊ ထွက်ရမယ့်ရက် မထွက်ဘဲ လုပ် နေတယ်။

ကိန်းသေ လထွက်ရက်
အနက်ပိန်း ..ဘယ်ကောင်ချ
ပါဝင်ချိန်း ..ခံလိုက်ရတယ်။

ညမထွက်ရညတွေ ရိုးရိုးညတွေ ထက် ပိုပြီး ညဟာ ရှည်တတ်ကြောင်း အတွေ့အကြုံတွေအရ သိခဲ့ပြီမဟုတ် လား။ အရင်ကဆို ဒီလိုညမျိုးမှာ လ ထွက်ရင် ထွက်သလောက် ကဗျာ ရေးနေပြီ။ နောက်ဆုံးခြေသည်းခွံ၊ လက်သည်းခွံအရွယ်လောက်၊ လ က လေးဖြစ်စေဦး၊ ‘လ ကွေးလေးနဲ့ အငေး ..’တွေ ဘာတွေရေးတာပဲ။ ဒါ့အပြင် ‘တောင်တန်းမည်းမည်းကြီး တောင် တောမီးရည်တွေ စွန်းလို့’ ဘာတို့လည်း ပါတာပေါ့။ ဒါ့အပြင် ရိုးပြတ်တွေ မီးရှို့တာမြင်ရင် ‘ကန် ဟောင်းကြီးထဲ မီးတွေ ဟည်းထလို့ ပေါ့ အချစ်ရယ်တွေ ဘာတွေနဲ့အပြင် ကန်ဟောင်းကြီးထဲက ရိုးပြတ်ရှို့မီး တွေက ငါ့ရင်ကိုလာ တုပကြတယ် ..’ တို့ ဘာတို့လည်း ပါမှာပေါ့။ နော့။

တကယ်ဆို သူဟာ ကဗျာဆရာ အဖြစ်နဲ့ ညတွေမှာ တောက်စားခဲ့သူ ပါပဲ။ အခုတော့ ထပ်ခိုးလေးထဲ ကြွက်ကုပ်ကုပ်လို့၊ လူက ညမထွက်ရ ဆိုတော့ ညမထွက်ပေမယ့်၊ စိတ်က တော့ ညထွက်တယ်။ ဘာပြုလဲပေါ့။ စိတ်ဟာ ညထွက်ရုံတင်မကဘူး …

နင်တစ်ယောက်ကတော့
အနောက်ဘက်အနားသတ် မျဉ်းပေါ် …ဘာညာတွေ …
မြို့ကြီးတစ်မြို့၊ အခြားခံရခြင်း အပေါ် …ငါသေမလောက်ဖြစ် …ဘာညာတွေ

နာမည်တွေ တင်ထားတဲ့ ငါ့ နှုတ်ခမ်းပေါ်က
နင့် နာမည်တွေ အကြိမ်ကြိမ် ထ ပျံနေရဲ့ ဘာညာတွေ ..
ဒါပေမဲ့ မြို့တစ်နေရာမှာ နင့် နာမည်လေး ပျက်ကျသွားတာ
နင် …သိရဲ့လား … ဘာ ညာတွေ

‘ရင်တွေဆိုတာကလည်း
မြွေတစ်ကောင် ကြပ်ကြပ်ထုပ် စည်းထားတဲ့
ပီနံအိတ်ရဲ့ မျက်နှာပြင်ပေါ့
အသက်ကလေး ရနေတော့ လည်း
ခပ်ဟောင်းဟောင်း သိက္ခာ အိတ်ကြီးထဲမှာ
အချစ်ဟာ ကြိတ်နယ်ခံနေရ .. ဘာညာတွေ …

နင့်လို …ငတိမလေးရဲ့တည် ငြိမ်ပြမှု
ရင့်ကျက်ပြမှုနဲ့ သိက္ခာရှိပြမှု တွေက
ငါ့ရင်ကို ဆွဲဖျက်နေသလို … ဘာညာတွေ ..

မကြေညာတဲ့ သိက္ခာပြိုင်ပွဲကို
မကြိုက်ဘဲ ဝင်ပြိုင်နေရတဲ့ ဒီကောင်ကြီး …ဘာညာတွေ ..

ရှုံးပါရစေတော့
ရှုံးခွင့်သာ မြန်မြန်ပေးလိုက်ပါ တော့
အရှုံးပေးဖို့ လ ကွေးလေး လမ်း ပေါ်မှာ

ငါ …ငါ့စောင့် စောင့်နေ တယ်
သက်တံတွေ မှုတ်ထုတ်နေတဲ့
နင့် …မန္တလေးကို ငေးရင်း …ဘာညာတွေ

သီချင်းရွာနှစ်ရွာ ဆက်ထားတဲ့ (နန်းတော်ရှေ့နဲ့ အောင်ပင်လယ်) ဆက်ထားတဲ့ လ ကွေးလေးလမ်းပေါ် မှာ လူဆိုတာဝေး၊ ပိုးစုန်းကြူးတောင် ထွက်ခွင့်ရရဲ့လား မသိဘူး။

သူသည် ဘာညာဘာညာတွေ တွေးရင်း၊ ထပ်ခိုးလေးထဲမှာပဲ၊ မျက် ခွံတွေ ပင့်ရင်း မရင်း စောင့်နေခြင်း အကြည့်တစ်ဝက်ကို ဖျက်သိမ်းချင် လှပါပြီ …။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*