နောက်ဆုံးပေါ် နည်းပညာနဲ့ မျက်နှာကို ပြုပြင်လိုက်တဲ့ ကျော်ကျော်ဗို

နောက်ဆုံးပေါ် နည်းပညာနဲ့ မျက်နှာကို ပြုပြင်လိုက်တဲ့ ကျော်ကျော်ဗို
July 5, 2018 AsianFame MediaGroup
နောက်ဆုံးပေါ် နည်းပညာနဲ့ မျက်နှာကို ပြုပြင်လိုက်တဲ့ ကျော်ကျော်ဗို

ပြောင်းလဲသွားတဲ့ မျက်နှာ၊ အသားအရေနဲ့ပတ်သက်လို့ ကျော်ကျော်ဗို တစ်ယောက် အခုတလော အဖြေရဆုံးမေးခွန်းဖြစ်နေပါတယ်။ မျက်နှာတကယ် ခွဲစိတ်လိုက်တာလား၊ ဘာလားပေါ့။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျော်ကျော်ဗို ပြောပြတာလေးကို ဖော်ပြလိုက်ပါတယ်။ သူ ဆေးလိပ်ဖြတ် လိုက်တာ ၅ လ လောက်ရှိပြီ ဆိုတာလေးကလည်း ကျန်းမာရေးလိုက်စားသူ တွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ ကျော်ကျော်ဗိုက…

”ကျွန်တော်မခွဲဘူး။ ဒီခွဲတာ၊ မခွဲတာဆိုတာကလည်း ဒီဘက်ခေတ်ကြီး မှာ သိပ်ပြီးတော့ မထူးဆန်းဘူးပေါ့။ တစ်ကမ္ဘာလုံးက အနုပညာရှင်တွေရော၊ တကယ့်ကို အလှအပကို စိတ်ဝင်တစားလိုက်စားတဲ့သူတွေရော လုပ်နေကြတဲ့ ကိစ္စဆိုတော့ ဒါက သိပ်တော့ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မခွဲဘူးခင်ဗျ။ ကျွန်တော်ပြုပြင်တာပဲ ရှိတာ။ ပြုပြင်တယ်ဆိုတာ ကျွန်တော်Skin Care လုပ်တယ်။ Skin Care ကို သေသေချာချာလေးလုပ်တယ်။ နောက်ဆုံးပေါ် Technology တွေ ပေါ်လာတဲ့အတွက် အပေါ်ယံက ဆဲလ် တစ်ခုကို စားထုတ်လိုက်ပြီးတော့ ဆဲလ်အသစ်မွေးလိုက်တဲ့ဟာမျိုးတွေရှိတယ်။ ပြီးတော့ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာရှိတယ်။ ပြီးတော့ ကျွန်တော် Diet မလုပ်တော့ဘူး။ အစားတစ်လိုင်းကို ပြန်ရောက်နေတဲ့အချိန်တွေရှိတယ်။ အဲဒီတော့ အသားအရေတွေပြန် စိုပြည်လာတယ်။ ဝလာတယ်”လို့ ပြောပါ တယ်။ နှာခေါင်းကို ခွဲစိတ်ပြုပြင်ထားတယ်လို့ ပြောကြတာနဲ့ ပတ်သက် ပြီးတော့လည်း …

”ကျွန်တော့်နှာခေါင်းက လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် ကတည်းက ရုပ်ရှင်မင်းသား မဖြစ်ခင် ဇာတ်မင်းသားဘဝမှာကတည်းက ကျွန်တော်ပြဇာတ်ကရင်း ဖိုက်တင်ခန်းမှာ နှာခေါင်းရိုးကျိုးဖူးတယ်။ အဲဒါ လေးကို ဒေါက်ဆိုပြန်တင်ထားတာလေးရှိတယ်။ ဒါပါပဲ။ ကျွန်တော် မခွဲထား ပါဘူး” လို့ ကျော်ကျော်ဗိုက ရှင်းပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*