ချမ်းမြေ့မောင်ချို ကို မင်းသမီးလုပ်ဖို့ တိုက်တွန်းကြည့်မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

ချမ်းမြေ့မောင်ချို ကို မင်းသမီးလုပ်ဖို့ တိုက်တွန်းကြည့်မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်
July 5, 2018 AsianFame MediaGroup
ချမ်းမြေ့မောင်ချို ကို မင်းသမီးလုပ်ဖို့ တိုက်တွန်းကြည့်မယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

”သူနဲ့စတွေ့တဲ့အချိန်မှာ ကိုယ်က ဒါရိုက်တာ ဆိုတော့ မြင်တာနဲ့ ညီမလေးချောတယ် မင်းသမီးလုပ်ပါ လားပေါ့။ သူက အဆိုဝါသနာပါတာလို့ အန်တီအိက ပြောတယ်။ သြော်..အဲဒါဆိုရင်လည်း ပြိုင်ပွဲတွေဘာတွေ ဝင်ပြိုင်ပေါ့။ ညီမလေးက ရုပ်လည်းချောတယ်၊ ဆိုနိုင်လို့ရှိ ရင်တော့ ပါမှာပဲပေါ့နော်လို့ ပြောဖြစ်တယ်” လို့ ညီမဖြစ် သူချမ်းမြေ့မောင်ချိုနဲ့ ပတ်သက်လို့ အစ်မဝမ်းကွဲတော်စပ် သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ချမ်းမြေ့ မောင်ချိုက လက်ရှိ Myanmar Idol Season3 မှာလည်း ဝင်ပြိုင်နေတာကိုလည်း ဒါရိုက်တာ ကြည်ဖြူသျှင်က အားပေးလျက်ရှိနေပါတယ်။

”အစ်မတို့ကတော့ အနုပညာနဲ့ပတ်သက်ရင် လောဘ ကြီးတယ်။ လုပ်ပြီဆိုရင်လည်းတစိုက်မတ်မတ်နဲ့လုပ်စေ ချင်တယ်။ ပရိသတ်တွေ ရင်ထဲကိုရောက်တဲ့ ပရိသတ်ရင်ထဲ မှာ ခိုင်မာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်စေချင်တယ်။ ကိုယ့်ညီမဆိုတော့ အောင်မြင်စေချင်တယ်။ အားပေးစေချင် တယ်။ ပရိသတ်တွေကလည်း အားပေးကြတော့ ဝမ်းသာရ တယ်” လို့ ညီမဖြစ်သူအပေါ် အားပေးကြတဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်တဲ့အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ချမ်းမြေ့မောင်ချိုအနေနဲ့ ဒီပြိုင်ပွဲပြီးတဲ့နောက် မှာတော့ သူ့အနေနဲ့ ဘာဆက်လုပ်ချင်လဲဆိုတဲ့ အပေါ် မူတည်ပြီး ပံ့ပိုးကူညီသွားမယ်လို့ လည်း ဆက်ပြောပါတယ်။

”ကိုယ်ကသာ ရုပ်ရှင်လိုင်းမို့လို့ ရုပ်ရှင်ဘက်ကို ဆွယ် ချင်ပေမယ့် သူတို့ရဲ့ဝါသနာကလည်းရှိသေးတာပေါ့လေ။ ပြိုင်ပွဲကာလပြီးမှပဲ သူ့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒအရပေါ့လေ။ ကိုယ်ကတော့ဘာပဲပြောပြော ရုပ်ရှင်ဘက်ကို ဆွယ်တော့ ဆွယ်ကြည့်ရမှာပေါ့လေ(ရယ်လျက်)” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။ ချမ်းမြေ့မောင်ချိုအနေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလမှာ သူ့အပေါ် အားပေးတဲ့ လူတွေရှိမှာဖြစ်သလို တိုက်ခိုက်တဲ့လူတွေလည်း ရှိမှာဖြစ် တာကြောင့် ပြိုင်ပွဲကာလမှာဘာကိုမှ မခံစားစေချင် ကြောင်း၊ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ကိုပဲ အား ထုတ်သွားသင့်ကြောင်း၊ ဘာကြောင့်ပဲဖြစ်ဖြစ် ကြိုးစားမှု အပိုင်းကိုတော့ မလျှော့သွားဘဲနဲ့ ကြိုးစားတဲ့သူအတွက် တော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာ အခိုင် အမာရလိမ့်မယ်လို့တော့ ယုံကြည်ပါကြောင်း ဒါရိုက်တာကြည်ဖြူသျှင်ကညီမဖြစ်သူအပေါ် အားပေးစကား ပြော ကြားခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*