ညမထွက်ရ ကဗျာ(၁)

ညမထွက်ရ ကဗျာ(၁)
July 3, 2018 AsianFame MediaGroup
ညမထွက်ရ ကဗျာ(၁)

သူဟာ ညနေ ၆ နာရီထိုးတာနဲ့ အိမ်အပေါ်ထပ် ထပ်ခိုးကလေး ပေါ်တက်လာခဲ့တယ်။

ကာလက ညနေ ၆ နာရီက မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အောက်မှာ နေကြရတဲ့ကာလ။ ဒီတစ်ခါ သူကိုယ်တိုင်ကလည်း ညထဲ မှာ ထိုင်နေပေမယ့် ညနဲ့ဘာမှမ ဆိုင်သလို၊ ထပ်ခိုးလေးပေါ် တွင်း အောင်းနေခဲ့ရတယ်။ ဒါပေမဲ့ သူ ကုသိုလ်ကံကောင်းတယ်။ ထပ်ခိုး လေးက ပြတင်းပေါက်တစ်ပေါက် ရှိ နေလို့။ ဒါ့အပြင် သူကုသိုလ်ကံထပ် ကောင်းတာတွေရှိသေးတယ်။ သူ့ အိမ်လေးက မြို့ပြင်မှာ ရှိနေလို့။ သူ့အိမ်ရှေ့မှာ လယ်ကွင်းလွင်ပြင် ကြီးရှိနေလို့၊ အဝေးပြေးလမ်းမကြီး ရှိနေလို့၊ တောင်တန်းကြီး ရှိနေလို့။ အေးမြတဲ့ လေကောင်းလေသန့်တွေ ရှိနေလို့။ ညရဲ့ တိတ်ဆိတ်ခြင်းတွေ ရှိနေလို့။

ဒီတော့ သူပြတင်းပေါက်က ညတွေကိုကြည့်ဖြစ်တယ်။ ဒါပေမဲ့ သူနေရတာ အလင်းရဲ့ အခြားဘက်၊ လမင်းရဲ့အခြားဘက်၊ သူ့ဘက်မှာ ပဉ္စလက်ညရှိတယ်။ မာယာညရှိ တယ်။ ဒီညမျိုးတွေဟာ မှော်ဆရာ အင်္ကျီကို ဖိုသီဖတ်သီ ဝတ်တယ်။

ကောင်းကင်ကို ချောင်းကြည့် လိုက်တော့လည်း ကြယ်ခုနှစ်ပြောက် မှောက်လျက်လဲနေတာ သူတွေ့ရ။ သူ့ထပ်ခိုးကျဉ်းကလေးကလည်း အလင်းမဲ့လို့၊ လှောင်ကန်ထဲ ခွေသွင်း ထားလို့၊ ခြင်တွေရဲ့ သီချင်းခွေက လည်း တိပ်ကြိုးတွေ အလွန်ရှည်ကြ တယ်ဆိုရတော့မှာပဲ။ ဖြစ်နိုင်ရင် တော့ ထပ်ခိုးကလေးပေါ် ခိုးတက် ပြီး ခေါင်မိုးပေါ် ခြေဖျားထောက်၊ မိုးကျောက်ပုန်းသာ လှမ်းဖြုတ်ချင် တော့တယ်။ ကိုင်း . . . မိုး ကျောက်သင်ပုန်းဖြုတ်လို့ရပြီလား။ သူဘာလုပ်မှာလဲ။ သူကဗျာ ဆရာလေ။ မိုး ကျောက်သင်ပုန်းပေါ် လူတွေအတွက် သူ လ အရုပ်ရေး မှာပေါ့။ လရဲ့ အခြားဘက်ကို သူမနေချင်ဘူး။ လူတွေကိုလည်း မထားချင်ဘူး။

ထပ်ခိုးလေးပေါ်မှာ ကဗျာဆ ရာက တစ်ယောက်တည်းရယ်။ ကောင်းကင်နံရံက ဓမ္မသီချင်းတွေ ပြိုဆင်းလာခဲ့ဖူးတယ်။ အဲဒါလည်း ဟိုတုန်းကပါ။

အင်း . . သူတို့ကတော့ စပါး ပြီး စပါးဖြစ်အောင် သီးထပ်သီး ညှပ်တွေ စိုက်ပျိုးကြဖို့ တိုက်တွန်း နေတယ်။ ဒီမှာတော့ အိမ်ခေါင်ပေါ် တစ်ယံ မလပ် လေထပ်လေညှပ်တွေ စိုက်ပျိုးခံနေရတယ်။ အိမ်ခေါင် မိုးလည်း သစ်ကိုင်းတွေ တဂျစ်ဂျစ် ခြစ်လို့။

လက်နှိပ်ဒုတ်မီး တစ်လက် လောက်ရှိရင် အမှောင်ထဲ ထိုးကြည့် ချင်လိုက်တာ။ လက်နှိပ်ဒုတ်မီး အလင်းတန်း ဘယ်လောက်ပြေးလဲ သိချင်လို့။ ဘာမှမဟုတ်ပါဘူး။ ဒါ လောက်လေးပဲ သိချင်နေတာ။ ဖြစ်နိုင်ရင် သူအခုပဲ စက်ဘီးလေးနဲ့ အပြင်ထွက်ချင်လှတယ်။ ဒီတော့ စက်ဘီးလေးက အောက်ထပ်မှာ အသင့်စောင့်နေပြီလား။ ဘီးထဲမှာ လေကောရှိရဲ့လား။ လေမရှိလို့တော့ ခွပဲ။ ဂျပန်ခေတ်က ကြက်ပေါင်တပ် စီးရတဲ့ ဘီးမျိုးဆို အဆင်ပြေမယ်။ လေရှိပါစေ ဘီးထဲ။

အင်း . . .စိတ်ကသာ ဘီးထဲ ရောက်နေတာ။ မျက်လုံးကတော့ ပြတင်းပေါက်ကတစ်ဆင့် အဝေး ပြေးလမ်းကျော်၊ တောင်ပေါ်တက် နေတယ်လေ။ မျက်လုံး မတက်လို့မရ။ ဒီ တောင်ကုန်းက သူ့နာရီပေါ့။ နာရီ အမျိုးအစားက ‘တွန့်ခေါက်နာရီ’ လေ။ သူနေတဲ့ ထပ်ခိုးလေးက မနက် ၅ နာရီ ထိုး၊ မထိုး ဘယ်တော့မှ မသိ ရ။ ညမထွက်ရအမိန့် လွတ်မြောက် ကြောင်းကိုတော့ တွန့်ခေါက်နာရီ အမြဲကြေညာနေကျ။
သူ ကြည့်ငေးတုန်းမှာပဲ တောင် ပေါ်ခြေထပ်ကွေ့က ကားမီးအလင်း ရည်တွေ ကွေ့ကောက်ယိုဆင်းလာ နေတာကို သူမြင်လိုက်ရပြီ။

”ဟေး ၅ နာရီထိုးပြီကွ”

သူ ထပ်ခိုးပေါ်ကနေ စက်ဘီး ပေါ် ခုန်ချမတတ် မြန်သွားတယ်။ ပါးစပ်ကလည်း

”ဟေး . . လေးလံစွာ ဖိလုပ် ထားတဲ့ လင်းနို့အတောင်ပံတွေ ငါ့ ကိုယ်ပေါ်သာ ထပျံသွားပြီကွ။ ထ ပြန်သွားပြီ။

စောဘရန်ငြိမ်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*