အောင်မြင်မှုခြင်းအတူတူ ဘယ်သူမြတ်သလဲ

အောင်မြင်မှုခြင်းအတူတူ ဘယ်သူမြတ်သလဲ
July 2, 2018 AsianFame MediaGroup
အောင်မြင်မှုခြင်းအတူတူ ဘယ်သူမြတ်သလဲ

အောင်မြင်မှုဆိုတာ မတော်တ ဆဖြစ်လာတာ မဟုတ်ဘူး။ အောင် မြင်မှုဆိုတာ ရွေးချယ်မှုပေါ်မှာမူတည် တယ်။ ဒါဟာ အခွင့်အရေးမဟုတ် ဘူး။

လူတော်တော်များများက ကံ ကောင်းမယ့်အချိန်ကို စောင့်ကြ တယ်။ ဒါပေမဲ့ ဒီမဟာဗျူဟာက အောင်မြင်ဖို့ရာ တော်တော်ခဲယဉ်းပါ တယ်။ ရာနှုန်းအားဖြင့် အများဆုံး ၁ ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေး ရှိပါတယ်။

လူတစ်ယောက်ဟာ အောင်မြင် မှုတစ်ခုရပြီးပေမယ့် နောက်အောင် မြင်မှုတစ်ခုကို ဆက်လက်ရှာဖွေနေတဲ့ အချိန်မှာ တခြားသူတွေကတော့ အသင့်ပြင်နေတုန်းပဲ ရှိသေးတာ ဘာကြောင့်လဲ။ အောင်မြင်တဲ့သူက ကမ္ဘာကို တစ်ပတ်အေးအေးဆေး ဆေးပတ်ပြီးချိန်မှာ အသင့်ပြင်နေတဲ့ သူက အခုမှဖိနပ်စီးဖို့ ပြင်တုန်းဆိုတာ မျိုးပေါ့။

လူတစ်ယောက်က အခက်အခဲ အတားအဆီးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာပြီး ပန်းတိုင်အဝင်မှာ တခြားသူကတော့ သင်တန်းတက်ဖို့ စုံစမ်းတုန်းဆိုတာမျိုးကလည်း ဘာ ကြောင့်လဲ။

တကယ်တော့ ဒီမေးခွန်းတွေရဲ့ အဖြေက ရှင်းပါတယ်။

အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဘာသာ ရပ်ကို လေ့လာကြည့်ပါ။ အောင်မြင် သူတွေက သူတို့ရဲ့ အောင်မြင်မှုလျှို့ ဝှက်ချက်တွေကို ထားခဲ့ကြတယ်။ အောင်မြင်မှု သဲလွန်စတွေပေးခဲ့ကြ တယ်။ ဒါတွေကို တကယ်ရှာတတ် ရင်၊ လုပ်ကြည့်ရင် အောင်မြင်မှာပဲ။

မအောင်မြင်တဲ့သူတွေမှာလည်း ဘုံတူညီမှုတွေရှိတယ်။ ဒါတွေကို ရှောင်နိုင်ရင် အောင်နိုင်မှာပဲ။ ရှုံးနိမ့် မှုဆိုတာ အမှားတွေကို ထပ်တလဲလဲ လုပ်တာပဲ။ တော်တော်ရှင်းသွားတယ် မဟုတ်လား။ တကယ်တော့ အမှန် တရားက တော်တော်ပဲ ရှင်းပါတယ်။

သဘာဝက လူသားတွေကို ပေး ထားတဲ့အကြီးဆုံးလက်ဆောင်က ‘စဉ်းစားတွေးခေါ်တတ်မှု’ပဲ။ လူသား တွေဟာ သူ့ပတ်ဝန်းကျင်ကို သူဖန် တီးနိုင်တယ်။ တိရစ္ဆာန်တွေကတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ အောင်ပဲ နေနိုင်တယ်။ ဝမ်းနည်းစရာ ကောင်းတာက သဘာဝက ပေးထား တဲ့အကြီးမားဆုံးလက်ဆောင်ကြီးကို သုံးနိုင်တဲ့သူက ရှားတယ်။ အပြည့် အဝသုံးနိုင်တဲ့သူက ပိုလို့တောင် ရှား သေးတော့ ရှုံးနိမ့်ပြီးမှာ နှစ်မျိုးရှိ တယ်။ လုပ်တော့ လုပ်ပြီး ဘယ်တော့ မှ မစဉ်းစားတတ်တဲ့သူနဲ့ စဉ်းသာစဉ်း စားတွေးတောပြီး ဘယ်တော့မှမလုပ် တဲ့သူပဲ။ စဉ်းစားတွေးတောတတ်တဲ့ အရည်အသွေးကို မသုံးဘဲ ဘဝကို ဖြတ်သန်းတာဟာ မချိန်ရွယ်ဘဲ မြား ပစ်လိုက်တာနဲ့ အတူတူပဲ။

ဘဝဆိုတာ ကိုယ်ထူကိုယ်ထ Self-Service စားသောက်ဆိုင်နဲ့ တူတယ်။ ကိုယ့်လင်ပန်းကိုယ်ယူ၊ ကိုယ်စားချင်တာ ကိုယ်ရွေး၊ ကိုယ် ထိုင်မယ့်နေရာကိုယ်ရှာ၊ ကိုယ့်ဘာ သာကိုယ်လိုသလောက်စား၊ စားမိ သလောက် ပိုက်ဆံရှင်း။ ဒါပါပဲ။

သူများလာချပေးတာပဲ စားမယ် ဆိုရင်တော့ ကြိုစောင့်နိုင်သလောက် စောင့်ပေါ့။ လာပေးသူရှိတောင် ကိုယ်ကြိုက်တာတော့ စိတ်ကြိုက် ဘယ်စားရမလဲ။ ပမာဏကလည်း နည်းချင်နည်းမယ်။ များချင်များမယ်။ ဘဝက ဒါပါပဲ။ ကိုယ့်ရွေးချယ်မှုကို ကိုယ်လုပ်ရမယ်။ အောင်မြင်ဖို့အ တွက် ထိုက်သင့်တဲ့ အဖိုးအခပေးရ မယ်။

အောင်မြင်မှုဇာတ်လမ်းဆိုတာ

ရှုံးနိမ့်မှု ပုံပြင်ပဲ

လူတစ်ယောက်အကြောင်းပြော မယ် –

သူက ၂၁ နှစ်မှာ စီးပွားပျက်

၂၂ နှစ်မှာ ဥပဒေစာမေးပွဲကျ

၂၄ နှစ်မှာ ဒုတိယမ္ပိ စီးပွားများ ထပ်ပျက်

၂၆ နှစ်မှာ ချစ်သူသေ

၂၇ နှစ်မှာ အာရုံကြောရောဂါ ဖြစ်

၄၄ နှစ်မှာ အမတ်ဝင်ရွေးတာ ရှုံး

၄၇ နှစ်မှာ ဒုတိယသမ္မတရွေး ကောက်ပွဲ ရှုံး

၄၉ နှစ်မှာ အထက်လွှတ်တော် အမတ်ရွေးပွဲ ရှုံး

၅၂ နှစ်ကျမှ သမ္မတဖြစ်။

သူကအမေရိကန်သမ္မတ အေဗရယ်ဟမ်လင်ကွန်းပဲ။

လျှပ်စစ်မီးသီးအပါအဝင် တီ ထွင်မှုတစ်ရာကျော် လုပ်ခဲ့တဲ့ ‘သော မတ်စ်အယ်ဒီဆင်’ က မွေးရာပါ နား ထိုင်းတယ်။ မူလတန်းမှာ စာသင်လို့ မရလို့ ကျောင်းက လက်မခံဘူး။ ဥာဏ် သိပ်တုံးလို့ ဘာသင်သင် မတတ်ဘူး။ အမေကိုယ်တိုင်အိမ်မှာ စာသင်ပေးရ တယ်။ ပုံမှန်ကျောင်းမှာ စာသင်ဖူး တာ သုံးလပဲရှိတယ်။ လျှပ်စစ်မီးသီး တီထွင်တာ အကြိမ် ၉၉၉ ကြိမ် မအောင်မြင်ဘူး။ အကြိမ်တစ်ထောင် ကျမှ အောင်မြင်တယ်။ အ သက် ၆၇ နှစ်မှာ သူ့စက်ရုံကြီးတစ်ခုလုံး မီး လောင်သွားတယ်။ ”သိပ်ကောင်း တယ်ကွ၊ ငါ့အမှားတွေအားလုံး မီးထဲ ပါကုန်တာ ဘုရားသခင် ကျေးဇူးပဲ။ အခုမှအသစ်ပြန်စရမယ်” လို့ ဝမ်း သာအားရ ထ,အော်တယ်တဲ့။ နောက် ထပ်သုံးလလည်း ကြာရော ဓာတ်စက် ကို တီထွင်လိုက်ပြန်ရော။

ဒါမျိုးဥပမာတွေ အများကြီးပဲ။ တောင်ကိုရီးယား သမ္မတဟောင်း ‘လီမြွန်ဘတ်”ဆိုရင် ငယ်ငယ်တုန်းက ဆင်းရဲလွန်းလို့၊ ငတ်လွန်းလို့ သတ် သေဖို့ ကြိုးစားခဲ့တယ်။ ကျောင်းမနေ ရဘူး။ ကလေးတွေ စာအံကြတာ ကျောင်းဘေးက လိုက်နားထောင်ရင်း စာသင်ရတယ်။ ဈေးထဲမှာ အမှိုက် ကျုံးသမားလုပ်ရတယ်။ နောက်တော့ နိုင်ငံရေးလောကမှာ အောင်မြင်လာ ပြီး သမ္မတဖြစ်လာတယ်။ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် ‘နာရင်ဒြာမိုဒီ’ လည်း ဆင်းရဲတာပဲ။ ဘူတာရုံမှာ လက်ဖက်ရည်လိုက်ရောင်းရတယ်။ ကျောင်းတွေဘေးရစ်သီရစ်သီသွား ရင်း ကလေးတွေ စာသင်တာလိုက် နားထောင်၊ သူတို့ဆီက စာအုပ် ဟောင်းတွေ တောင်းပြီး ကိုယ့်ဘာ သာကိုယ်စာသင်။ နောက်တော့ ရုန်း ရင်းကန်ရင်းက ဝန်ကြီးချုပ်ဖြစ်လာ။

နိုင်ငံခြားတွေချည်း ဥပမာပေး နေလို့ မဖြစ်ဘူး။ မြန်မာပြည်မှာပဲ ကြည့်ဦး။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ကချင်ကိုယ်စား လှယ်အနေနဲ့ လက်မှတ်ထိုးခဲ့တဲ့ ‘ဆမားဒူဝါဆင်ဝါးနောင်’ဆိုရင် ဘုန်းကြီးကျောင်းမှာ သုံးလေးနှစ်ပဲ စာ သင်ဖူးတယ်။ ကိုယ့်ဘာသာကိုယ် စာဖတ်ပြီး တိုးတက်အောင်လုပ်ခဲ့သူ။ သူ့ကို ဝန်ကြီးခန့်ဖို့ အရည်အချင်း ဖြည့်ခိုင်းတော့ ‘ခေသူမဟုတ်’လို့ ဖြေ ခဲ့သူပဲ။ သမ္မတမန်းဝင်းမောင်ပြီးရင် သူက သမ္မတဖြစ်မယ့်သူ။ ဒါကြောင့် သူ့ရဲ့ ကိုယ်ရေးရာဇဝင်မှာ ‘သမ္မတ လောင်းပါ’လို့ ရေးထားတာ။ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း ပိုက်လို့သာ သူသမ္မတ မဖြစ်ခဲ့တာ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ သီရိ လင်္ကာသံအမတ်ကြီးတော့ ဖြစ်ခဲ့တာပဲ။ ပခုက္ကူဦးအုန်းဖေဆို လည်း သိပ်ဆင်းရဲတယ်။ ကျောင်း ကောင်းကောင်း မနေခဲ့ရဘူး။ ချမ်း သာချင်လို့ ဓားပြတောင် တိုက်ဖူး တယ်။ ထောင်ထဲကျမှ စာတွေဖတ်ပြီး လိမ္မာလာတာ။ အပြင်ရောက်တော့ ကြိုးစားလုပ်ကိုင်ရင်း ချမ်းသာလာ။ အခု ‘ပခုက္ကူ ဦးအုန်းဖေစာပေဆု’ ဆိုတာ သူ့လို စာမသင်ခဲ့ရသူတွေ မရှိအောင် စာပေလောကကို မြှင့် တင်လာနေတဲ့ စာပေဆုကို သူတီထွင် ခဲ့တာပေါ့။

ကစားပွဲဥပမာ

‘နိုင်ဖို့ကစားတာ’နဲ့ ‘မရှုံးအောင် ကစားတာ’က သိပ်ကို ကွဲပြားပါ တယ်။ နိုင်ဖို့ ကစားတာက စိတ်ပါ လက်ပါနဲ့ မိမိလေ့ကျင့်ထားသမျှကို အစွမ်းကုန်ထုတ်သုံးပြီး၊ သံန္နိဋ္ဌာန်နဲ့ ကစားတာ။ ‘မရှုံးအောင် ကစားတာ’ ကျတော့ အရှုံးကို ရှောင်ဖို့လောက် တင်ပါပဲ။ လူအားလုံးနိုင်ချင်ကြသူ တွေချည်းပါ။ ဒါပေမဲ့ နိုင်ဖို့ပြင်ဆင် ထားသူကတော့ တော်တော့်ကိုနည်း ပါတယ်။ ‘နိုင်ဖို့ကစားသူ’တွေက လှုံ့ ဆော်တက်ြ<ွကမှုကနေလာတာပါ။ မရှုံးအောင်ကစားတယ်ဆိုတာက တော့ စိတ်ဓာတ်ပျက်ပြားမှုက ထွက် လာတာပါပဲ။

အခုအချိန်က ရုရှားမှာ ကမ္ဘာ့ ဘောလုံးဗိုလ်လုပွဲကစားနေကြချိန် ပါ။ အကောင်းဆုံးအသင်းက ဘာလဲ၊ အဆိုးဆုံးအသင်းက ဘာလဲဆိုတာ နည်းပြဆရာ သို့မဟုတ် အားကစား သမားတစ်ဦးဦးကို မေးကြည့်ပါ။ ကစားသမားတစ်ဦးချင်းရဲ့ ကျွမ်းကျင် မှု၊ စွမ်းပကား၊ ကိုယ်လုံးကိုယ်ထည်၊ သိပ်မကွာကြပါဘူး။ ခြားနားတာက စိတ်ဓာတ်ပဲ။ အနိုင်ယူလိုက်တဲ့အ သင်းက ဦးတည်ချက်ပိုရှိပြီး ပိုကြိုး စားတယ်။ သူတို့မှာ အောင်ပွဲခံဖို့ အတွက် ပိုမိုပြင်းထန်တဲ့ဆန္ဒတွေ အပြည့်အဝရှိနေတယ်။

အနိုင်ရလိုသူအဖို့ –

– ပြိုင်ပွဲက ပိုကျပ်လေ

– မက်လုံးက ပိုများလေ

– လှုံ့ဆော်မှုက ပိုပြင်းထန်လေ

– လုပ်ဆောင်မှုက ပိုကောင်းလေ

– အောင်ပွဲက ပိုချိုမြိန်လေ

ကမ္ဘာ့အိုလံပစ်ချန်ပီယံနပန်း သမား ‘ဒန်ဂေဘယ်’ရဲ့ စကားကို အမြဲနှလုံးသွင်းထားပါ။

”ကျွန်တော်လေ့ကျင့်ရတာများ လို့ အရမ်းပင်ပန်းပြီး အနားယူလာ ချင်တဲ့အခါ ကျွန်တော့်ပြိုင်ဘက်ဘာ လုပ်နေသလဲဆိုတာ စဉ်းစားကြည့် တယ်။ သူလေ့ကျင့်နေဆဲဆိုတာထင် လိုက်တာနဲ့ ကျွန်တော်မနားဘဲ ထပ် လေ့ကျင့်တယ်။ သူလေ့ကျင့်ပြီးလို့ ရေချိုးနေတယ် စိတ်ကူးမိရင် ပိုပြီး လေ့ကျင့်ပစ်လိုက်တယ်။

အောင်မြင်သူအစစ်

အောင်မြင်သူတွေက သူတစ်ပါး မလုပ်တာတွေကို ကွဲပြားခြားနားစွာ လုပ်တဲ့သူတွေ မဟုတ်ဘူး။ သူတို့ လုပ်တာကိုက သူတစ်ပါးနဲ့မတူ ကွဲ ပြားခြားနားနေလို့ပါ။

အောင်မြင်သူအစစ်က ဘယ်သူ လဲဆိုတာ အောက်ပါဖြစ်ရပ်ကို အခု လို ကြည့်ပြီး ကိုယ့်ဘာသာ ကိုယ်ဖြေ၊ ကိုယ့်စိတ်ဓာတ် ကိုယ်ပြင်ကြပေရော့။ (၁) အိုလံပစ်ရွက်လှေပြိုင်ပွဲတစ်ခု မှာ ကိုယ်က ပန်းဝင်ဖို့ ထိပ်ဆုံးရှေ့ မှာ ရောက်နေတဲ့အချိန်၊ ကိုယ့်နောက် က လှေ၊ လေအဝှေ့မှာ လှေမှောက် ပြီး ပြိုင်ပွဲဝင်သူ ရေနစ်သွားတယ်။ အဲဒါကို မြင်တော့ ပထမရမှာ သေ ချာတဲ့လှေက ဆက်မသွားတော့ဘဲ ရေနစ်နေတဲ့သူကို သွားကယ်လိုက် တယ်။ ဒီမှာတင် တတိယလိုက်ပါတဲ့ လှေက ကျော်တက်သွားပြီး ရွှေတံ ဆိပ်ရသွားတယ်။ သွားကယ်သူက ရွှေတံဆိပ်မရပေမယ့် သူကမှ အိုလံ ပစ်စိတ်ဓာတ်အပြည့်အဝရှိသူပဲ။

(၂) မြားပစ်ပြိုင်ပွဲတစ်ခုမှာ ပြိုင် ပွဲဝင်တစ်ယောက်ရဲ့ မြားချက်က ပစ် မှတ်ဗဟိုနဲ့ အနီးဆုံးကို အများဆုံး ပစ်နိုင်ခဲ့တဲ့အတွက် သူ့ကို ဒိုင်လူကြီး တွေက ရွှေတံဆိပ်ပေးတယ်။ သူက မယူဘူး။ ကျွန်တော်စည်းခိုးပြီးပစ် တာ ဘယ်သူမှ မမြင်ဘူး။ ကိုယ့်လိပ် ပြာကိုယ်မသန့်လို့ ဒုတိယလူကိုပဲ ပထမပေးလိုက်ပါလို့ ပြောခဲ့တယ်။ သူပထမမရဘူး။ ဒါပေမဲ့ သူကမှ တကယ့်အောင်နိုင်သူ။

(၃) အရောင်းသမား တချို့ နိုင်ငံတစ်ခုမှာ ပစ္စည်းများ ရောင်းဖို့ လေယာဉ်တစ်စင်းကို အမီလိုက်စီး ကြတယ်။ အရင်ရောက်သူက သူ့ ပစ္စည်းတွေ အရင်ရောင်းရမှာ သေ ချာတယ်။ လူတစ်ယောက်က ကမန်း ကတန်းလေဆိပ်ကို ပြေးရင်း သစ် သီးသည်လေးတစ်ယောက်ကို တိုက် မိတယ်။ အချိန်မရှိတော့လို့ အဲဒီသူ က ဆက်ပြေးတယ်။ သူ့နောက်က သူ့ရဲ့ ပြိုင်ဘက်လူက သစ်သီးသည် လေးရဲ့ သစ်သီးတွေ လိုက်ကောက် ပေးတယ်။ အနားရောက်မှ သစ်သီး သည်လေးက မျက်မမြင်မှန်းသိလိုက် ရတယ်။ သူက ပိုသနားသွားပြီး ပိုက် ဆံတွေတောင် ထုတ်ပေးလိုက်သေး တယ်။ မျက်မမြင်လေးက ”ရှင်က ဘုရားသခင်ဆိုတာလား”လို့ မေး လိုက်တယ်။ သူလေယာဉ်မမီဘူး။ သူ့ ပစ္စည်းတွေ မရောင်းရဘူး။ ဒါပေမဲ့ သူ့ဘဝမှာ သူအောင်ပန်းပန်နိုင်ခဲ့ပါ ပြီ။

ဟိန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*