ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးရခြင်း အားသာချက်ကဘာလဲ သရုပ်ဆောင် ကျော်ကျော်ျ

ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးရခြင်း အားသာချက်ကဘာလဲ သရုပ်ဆောင် ကျော်ကျော်ျ
June 28, 2018 AsianFame MediaGroup
ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးရခြင်း အားသာချက်ကဘာလဲ သရုပ်ဆောင် ကျော်ကျော်ျ

သရုပ်ဆောင်ကျော်ကျော်က လက်ရှိအချိန်မှာ မြန်မာ့အသံကနေထုတ်လွှင့် ပြသလျက်ရှိတဲ့ ‘ဇနီးချောများကွန်ယက်’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ထားပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ် သက်ပြီး သရုပ်ဆောင်ကျော်ကျော်က အခုလိုပြောပြခဲ့ပါတယ်။

”ဇနီးချောများ ကွန်ယက်ရုပ်သံဇာတ်လမ်းတွဲကတော့ မြန်မာ့အသံမှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ မင်းသားမင်းသမီးတွေလည်း အများကြီး ပါတယ်။ ပရိသတ်တွေနှစ်သက်သဘောကျမယ့်ဇာတ်လမ်းတွဲတစ်ခုဖြစ်မယ် လို့လည်း မျှော်လင့်ပါတယ်။ အိမ်ထောင်သည်စုံတွဲတွေ အများကြီးပါတယ်။ ဥပမာ-နေယံနဲ့ စိုးပြည့်သဇင်ဆိုရင် ဒါရိုက်တာလင်မယားအတွဲ၊ ကျွန်တော်က တော့ မြနှင်းရည်လွင်ဆိုတဲ့ ညီမငယ်နဲ့တွဲပြီးသရုပ်ဆောင်ထားပါတယ်။ အိုင်တီ နည်းပညာကို လုပ်ကိုင်တဲ့သူပေါ့။ ဇနီးချောများ ကွန်ယက်ဆိုတဲ့ Page က အောင်မြင်နေတဲ့အခါကျတော့ အိမ်ထောင်သည်တွေမှာရှိတတ်တဲ့ ပြဿနာ တွေကိုလိုက်ပြီးတော့ ဖြေရှင်းပေးနေရတာပေါ့။ အခုခေတ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပရိသတ်ကို မက်ဆေ့ခ်ျပေးတဲ့ဇာတ်ကားမျိုးလေးပါ။ အမှတ်တ ရကတော့ ကိုဖိုးသောကြာတို့၊ ကိုနေယံတို့နဲ့ တခြားမင်းသမီးတွေဆိုရင် ကိုယ်နဲ့ တစ်ခါမှတွဲမရိုက်ဖူးဘူး။ ကိုယ်နဲ့တွဲပြီးသရုပ်မဆောင်ဖူးတဲ့သူတွေနဲ့တွဲပြီး သရုပ်ဆောင်ရတာပါပဲ”လို့ သူကပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဗီဒီယိုကားတွေမှာ ပါဝင်ရိုက်ကူးခဲ့တဲ့အတွက် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရတဲ့ အားသာချက်ကိုလည်း အခုလို ပြောပြရာမှာတော့ . . .

”ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရတဲ့ အားသာချက်က တော့ ဇာတ်ကောင်စရိုက် မပီပြင်မှာကို စိုးရိမ်စရာမလိုဘူး။ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုကို တစ်လ နှစ်လလောက်ရိုက်ကူးရတဲ့အခါကျတော့ သရုပ်ဆောင်ရ တာလည်း ကောင်းတယ်။ ပြီးတော့ နောက်တစ်ခုက ကာရိုက်တာတစ်ခုတည်းပဲ အချိန်ကြာကြာ သရုပ်ဆောင်ရတဲ့အခါကျတော့ မု(ဒ်)မဝင်မှာကိုလည်း စိုးရိမ်စ ရာမလိုဘူး။ ဗီဒီယိုတွေ ရုပ်ရှင်တွေကျတော့ အချိန်တိုတိုအတွင်းမှာ မု(ဒ်)ကို အတင်းကြီးသွင်းရတယ်။ အချိန်တိုတိုအတွင်းမှာ ကာရိုက်တာကို ပီပြင်အောင် လုပ်ရတဲ့အခါကျတော့ ဖိအားတော့ နည်းနည်းရှိတယ်။ အားသာချက် အား နည်းချက်ရှိတယ်ဆိုပေမယ့်လည်း အနုပညာမှာ အားစိုက်ထုတ်ရတဲ့အပိုင်းတွေ ကတော့ အတူတူပါပဲ” လို့လည်း သရုပ် ဆောင်ကျော်ကျော်က ပြောပြခဲ့ပါ တယ်။

သတင်း၊ဓာတ်ပုံ-ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*