ဝါသနာပါရာ Beauty Blogger အလုပ်ကို လုပ်ခွင့်ရတာ ဘဝမှာ ဂုဏ်ယူလို့ မဆုံးဘူး နေခြည်ဦး

ဝါသနာပါရာ Beauty Blogger အလုပ်ကို လုပ်ခွင့်ရတာ ဘဝမှာ ဂုဏ်ယူလို့ မဆုံးဘူး နေခြည်ဦး
June 28, 2018 AsianFame MediaGroup
ဝါသနာပါရာ Beauty Blogger အလုပ်ကို လုပ်ခွင့်ရတာ ဘဝမှာ ဂုဏ်ယူလို့ မဆုံးဘူး နေခြည်ဦး

‘ရန်သူ’နဲ့ ‘ဧည့်သည်’ ဆိုတဲ့ ရုပ် ရှင်ဇာတ်ကား ၂ ကားရိုက်မှာ ပါဝင် သရုပ်ဆောင်ကူးထား ပြီးဖြစ်တဲ့ နာ မည်ကျော် Beauty Blogger နေ ခြည်ဦး။ သူမဟာ ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက်မှာ Beauty by Nay Chi ဆိုတဲ့ ဖေ့စ်ဘုတ်ခ်ပေ့(ခ်ျ)ကနေ အလှအပရေးရာနဲ့ ပတ်သက်လို့ များ စွာဖော်ပြဖြစ်ခဲ့တယ်။ ပရိသတ်တွေ အားပေးကြတယ်။ ကြိုက်နှစ် သက် ကြတယ်။ ဒီလိုနဲ့ နေခြည်ဦးဆို ပြီးဖြစ်လာခဲ့တယ်။ သူမရဲ့ အစော ပိုင်းကာလလှုပ်ရှားမှုတွေပါ။ လက်ရှိ အချိန်မှာလည်း နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပေမယ့် သူမရဲ့ အလုပ်ဖြစ်တဲ့ Beauty Blogger အလုပ်ကိုတော့ စွန့်လွှတ် မသွားပါဘူး။ ဘာကြောင့် Beauty Blogger အလုပ်နဲ့ စတင်ဖြစ်တာ လဲ ဆိုတာကိုတော့ နေခြည်ဦးက …

”အဓိကကတော့ ဒီအလုပ်က နေခြည်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတဲ့အတွက် နေခြည့်အနေနဲ့ ဘဝမှာ ဂုဏ်ယူလို့မဆုံးဘူး။ ကိုယ် ဝါသနာပါတဲ့အလုပ်ကို ကိုယ့်ရဲ့ Career တစ်ခုအနေနဲ့ လုပ်နေရတဲ့ အတွက် ပင်ပန်းလို့ရှိရင်လည်း ပင် ပန်းလိုက်တာဆိုတဲ့စိတ်လေး ခဏ လေးပဲဝင်တယ်။ နောက်နေ့ကျရင် ငါဘာတွေအသစ်လုပ်ပြရင် ကောင်း မလဲ၊ ငါဘယ်လိုမျိုးတွေ ဝတ်ပြရင် ကောင်းမလဲ၊ ငါဘာမျိုးတွေ Review လုပ်ပြရင်ကောင်းမလဲ၊ ဒါမျိုး တွေကိုပဲ အမြဲစဉ်းစားနေတဲ့အတွက် ကိုယ့်အလုပ်ရဲ့ ပင်ပန်းမှုက ကိုယ့် အလုပ်ကပေးတဲ့ ပျော်ရွှင်မှုနဲ့ပဲ ပြန်ကျေသွားတယ်။ အဲဒီတော့ နောက် နေ့မှာ ဆိုရင် နေခြည်က နေ့သစ်၊ စိတ်သစ်နဲ့ပဲ ပြန်စနေပါတယ်။ အရေးကြီးဆုံးက ဘဝ မှာ ကိုယ်ရွေးချယ်တဲ့ Career က ကိုယ်နဲ့ကိုက်ညီ ဖို့လိုအပ်မယ်ထင်ပါတယ်” လို့ပြောပါတယ်။

နေခြည်ဦးမှာ သန္နိဋ္ဌာန်ချ ထားတာတစ်ခုလည်းရှိပါသေးတယ်။ အဲဒီ သန္နိဋ္ဌာန်ကတော့…

”နေခြည်ကတော့ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန် ချထားတယ်။ နေခြည့် ရဲ့ Beauty by Nay Chi နေ ခြည့်အငွေ့အသက်တွေ ပိုပြီးတော့ လွှမ်းမိုးလာအောင်လုပ်မယ်။ ပြီး တော့ နေခြည် Review တွေဆိုရင် လည်း ကိုယ်ကြိုက်တာ ကိုယ်ရေးမယ်။ တကယ်လို့ လူတွေ သိပ်မကြိုက် တဲ့ Brand တွေဆိုရင်လည်း နေခြည် ကြိုက်ရင် နေခြည်ရေးမယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် ပိုပြီးချစ်ပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး Confidence ရှိပြီးတော့၊ နေခြည့်ရဲ့ Beauty by Nay Chi ကို အသက်သွင်းမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ သူက ပြောပါတယ်။

ဆန့်ကျင်ဘက်တွေ အမြဲ တမ်းရှိ တတ်တဲ့ ဒီလောကကြီးမှာ နေ ခြည်ဦးကို ချစ်ခင်အားပေးတဲ့သူတွေ ရှိသလို ဝေဖန် တိုက် ခိုက်တဲ့သူတွေ လည်းရှိပါတယ်။ အဲဒီ အပေါ်မှာ လည်း နေခြည်ဦးရဲ့ ရှုမြင်ပုံကတော့…

”နေခြည့်ကို အားပေးနေတဲ့ သူ တွေ အကုန်လုံးကိုရော၊ ဝေဖန်နေတဲ့ သူတွေအကုန်လုံးကိုရော နေခြည် က ကျေးဇူးတင်တယ်လို့ ပြောချင်ပါ တယ်။ နေခြည်တို့အလုပ်က ဒီလိုမျိုး Social Media မှာလုပ်နေရတဲ့ အလုပ်ဖြစ်တဲ့အတွက် နေခြည့်ကို မကြိုက်လို့ရှိရင် ကိုယ့်ရဲ့ဖေ့စ်ဘုတ်ခ် တွေမှာ ပေါ်လာလို့ရှိရင်လည်း နေခြည်က တောင်း ပန်ပါတယ်လို့ ပြော ချင်ပါတယ်။ ဒါပေမဲ့နေခြည့်ကို အားပေးနေတဲ့သူတွေ အကုန်လုံးကို နေခြည်က ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ကြောင့် အခုချိန်မှာ Chi Chi ဆိုပြီး နေခြည်ဖြစ်နေတာ ပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*