မင်္ဂလာပွဲတွေ တက်တိုင်း စိတ်ထဲမှာ ကြည်နူးမိတယ် အေးဝတ်ရည်သောင်း

မင်္ဂလာပွဲတွေ တက်တိုင်း စိတ်ထဲမှာ ကြည်နူးမိတယ် အေးဝတ်ရည်သောင်း
June 28, 2018 AsianFame MediaGroup
မင်္ဂလာပွဲတွေ တက်တိုင်း စိတ်ထဲမှာ ကြည်နူးမိတယ် အေးဝတ်ရည်သောင်း

သရုပ်ဆောင် အေးဝတ်ရည် သောင်းကတော့ အသက် ၃၄ နှစ် အရွယ်ရှိနေပြီး လှပရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သလို ပရိသတ်ကလည်း သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားလျက်ရှိပါတယ်။ သူမရဲ့ အချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့သရုပ်ဆောင် အေးဝတ်ရည်သောင်းက …

”အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြားမရှိပါဘူး။ ဖူးစာပါရင် တော့ ဖြစ်လာမှာပဲလေ။ အခုလည်း ပိုင်ဖြိုးသုရဲ့ စေ့စပ်ပွဲကိုလာရောက်ပြီး ဂုဏ်ပြုပေးတာပါ။ အဲဒီလို မင်္ဂလာပွဲ တွေ တက်တိုင်း စိတ်ထဲမှာတော့ သူ တို့တွေကို ကြည့်ပြီး ကြည်နူး မိတယ်။ ပေါက်စီကတော့ ဖြစ်နိုင်ရင် မနက်ဖြန်တောင် မင်္ဂလာဆောင်ချင်တာ (ရယ်လျက်) နောက်တာပါ။ ဖူးစာပါ တဲ့နေ့တော့ လုပ်ဖြစ်မှာပါ။ ပေါက်စီ က အသက် ၂၄ နှစ်ကတည်းက ယူချင်တာ။ ယူလို့မရသေးလို့ (ရယ် လျက်)။ ငယ်ငယ်က စဉ်းစားခဲ့တာ။ အသက် ၂၄ နှစ်လောက်မှာ ယူမယ် လို့ စဉ်းစားထားတာ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးလည်း ယူမယ်ဆိုလို့ရှိ ရင် ပေါက်စီအသက် ၄ဝ လောက်ဆို ရင် ကလေးက ၁၆ နှစ်၊ အဲဒီလိုမျိုးလေး စဉ်းစားထားတာ။ ဒါပေမဲ့ ၂၄ နှစ်ကိုလည်း ဘယ်လိုကျော်သွားလဲ ဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘူး။ ဒီအချိန်ထိရောက်ခဲ့တာ ကိုယ်ချေးများတာလည်း ပါမယ်။ ပြီးတော့ ပြောရမယ်ဆိုရင် ဖူးစာပေါ့။ ကိုယ်က ချစ်ပေမယ့်လည်း သူကမချစ်တာရှိတယ်။ သူက ချစ်ပေမယ့် လည်း ကိုယ်က မချစ်တာရှိမယ်။ နောက်တစ်ခုက နှစ်ယောက်သားဆုံတွေ့ပြီး အခွင့်အရေးမပေးဖြစ်တာ တွေ ရှိမယ်။ အဲဒီလိုမျိုး လေးတွေကြောင့် အခုထိဒီလိုမျိုးဖြစ်နေတာပါ” လို့ပြောပါတယ်။

မင်္ဂလာပွဲတွေက တက်တိုင်းကြည်နူးမိတယ်ဆိုတော့ ကိုယ်တိုင် မင်္ဂလာဆောင်ရင်ကော ဘယ်လိုမျိုးလေးတွေ စီစဉ်ချင်လဲလို့ မေးကြည့်တဲ့အခါ…

“တကယ်လို့ ကိုယ်မင်္ဂလာ ဆောင်မယ်ဆိုရင်တော့ Pre Wedding လေးရိုက်ရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။Pre Wedding ရိုက်ရတာလည်း စိတ်ဝင် စားပါတယ်။ ဒါပေမဲ့ တချို့ကလည်း အဲဒီလိုရိုက်ရတာ အလွန်ပင်ပန်းတယ်လို့ ပြောတယ်။ ပေါက်စီထင်တာတော့ ပျော်ဖို့လည်း ကောင်းမယ်လို့ ထင်တယ်။ သူများနဲ့ မတူတာလေးတွေလည်း ရိုက်ချင်တယ်။ သူများတွေ ရိုက်တာကြည့်ပြီး သဘောကျတာလေးတွေလည်းရှိတယ်။ ပေါက် စီဘုရားကျောင်းလှလှလေးမှာ မင်္ဂလာဆောင်လုပ်ဖို့လည်း စဉ်းစားဖူးထားတာရှိပါတယ်။ အိမ်ထောင် ပြုဖို့ကျတော့ သူ့ရဲ့ရည်မှန်းချက်၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပြည့်ဖို့လည်းရှိတယ်။ တကယ်တမ်းကျတော့ အိမ်ထောင်တစ်ခုဆိုတာ ပြင်လို့မရဘူးလေနော်။ မိန်းကလေးတစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်ပိုပြီးတော့ ဆင်ခြင်ရမယ်။ ဂရုစိုက်ရမယ်။ အဲဒါလေးတွေကြောင့် နှောင့်နှေးနေတာပါ။ အိမ်ထောင်ပြုတာက ငယ်ရွယ်တုန်းမှာတော့ ပိုပြီး ရူးရူးမိုက်မိုက် စဉ်းစားဖြစ်မှာပေါ့။ အခုအသက် အရွယ်ကြီးလာတာနဲ့အမျှ မိဘတွေဘက်ပါ ထည့်စဉ်းစား လာမိတယ်”လို့ အေးဝတ်ရည်သောင်းကပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*