ပရိသတ်အပေါ် စေတနာထားကြဖို့ မျိုးဆက်သစ် ဒါရိုက်တာတွေကို ပြောချင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း

ပရိသတ်အပေါ် စေတနာထားကြဖို့ မျိုးဆက်သစ် ဒါရိုက်တာတွေကို ပြောချင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း
June 27, 2018 AsianFame MediaGroup
ပရိသတ်အပေါ် စေတနာထားကြဖို့ မျိုးဆက်သစ် ဒါရိုက်တာတွေကို ပြောချင်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်း

အခုနောက်ပိုင်းမှာ မြန်မာ့ ရုပ်ရှင်လောကထဲကို လူငယ်မျိုးဆက် သစ် ဒါရိုက်တာတွေ အတော်များများ ဝင်ရောက်လာကြတာကို တွေ့ရပါ တယ်။ ဒီလိုမျိုးဆက်သစ်တွေ ပေါ် ထွန်းလာတာနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုချင်သလဲဆိုတာရယ်၊ မျိုး ဆက်သစ်တွေကို ဘာတွေ ပြောပြချင် လဲဆိုတာရယ်ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယကဖြစ်ပြီး ဝါရင့် ဒါရိုက်တာကြီးတစ်ဦးလည်း ဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ တွေ့ဆုံ ခိုက် မေးကြည့်မိပါတယ်။

”လူငယ်မျိုးဆက်သစ် ဒါရိုက် တာတွေ ဝင်ရောက်လာတာ ကောင်း ပါတယ်။ ကောင်းပါတယ်ဆိုတာက အချိန်က ပြောင်းရမှာပဲလေ။ ဆရာ တို့တွေထက် ကြီးတဲ့ ဒါရိုက်တာကြီး တွေလည်း ဆရာတို့ကို နေရာပေး သွားတယ်။ ဆရာတို့လည်း နောက် ထပ် ဒါရိုက်တာတွေ၊ ရုပ်ရှင်ပညာ သည်တွေကို နေရာပေးရမှာပဲ။ နေ ရာပေးရတဲ့အခါမှာ ရှေ့က ဆရာကြီး တွေက ဘာလေးတော့ တောင်းဆို သွားလဲဆိုတော့ ရုပ်ရှင်ကြည့်ပရိ သတ်အပေါ် စေတနာလေးထားဖို့ ပေါ့။ ဒါကိုတော့ ဆရာ ပြောချင်တာ ပေါ့။ ဆရာ့ဆရာကြီးတွေကလည်း ဒီလိုပဲ ဆုံးမသွားတာကိုးနော်။ စေ တနာထားရမယ်။ ငွေကြေးနောက် ကို၊ ကိုယ့်ရဲ့ နာမည်ကျော်ကြားမှု နောက်ကို ဒီလောက်ကြီး မလိုက်ဘဲနဲ့ ရုပ်ရှင်လောကသားတွေအတွက် ဘာ အကျိုးကျေးဇူးရှိနိုင်မလဲ စဉ်းစားပြီး တော့ စေတနာနဲ့ အလုပ်လုပ်ကြစေ ချင်တယ်”လို့ ဒါရိုက်တာ ကြည်စိုး ထွန်းက ပြောပါတယ်။

မျိုးဆက်သစ်ဒါရိုက်တာတွေ အတော်များများ ပေါ်ထွန်းလာတာက ရုပ်ရှင်လောကအတွက် ဘယ်လို အ ထောက်အကူဖြစ်စေမလဲလို့ ဆက် လက်မေးကြည့်တော့ …

”သူတို့ထားတဲ့ စေတနာအပေါ် မူတည်တာပဲ။ စေတနာ ကောင်း ကောင်းထားရင်တော့ ပိုကောင်း တာ ပေါ့။ ပရိသတ်တွေအတွက်လည်း ကောင်းတာပေါ့။ စေတနာနည်းရင် တော့ ဘယ်လောက်တော်တဲ့ တတ် တဲ့သူပဲဖြစ်ဖြစ် အလကားပဲလို့ ဆရာ ကတော့ယူဆတာပဲ။ စေတနာအရေး ကြီးတယ်။ အားလုံးကို Welcome ပါပဲ။ ဒါပေမဲ့ နောက်လာတဲ့ လူငယ် တွေက ကိုယ့်ထက် စေတနာကောင်း တဲ့လူတွေ ပရိသတ်အတွက် ကောင်း တာတွေ တင်ဆက်ပေးနိုင်တဲ့လူတွေ ကိုပဲ ဆရာမြင်ချင်ပါတယ်။ ခပ်ညံ့ ညံ့လူတွေ၊ စေတနာနည်းတဲ့လူတွေ၊ ပိုက်ဆံနောက် လိုက်တဲ့သူတွေ၊ နာ မည်ကျော်ကြားမှုနောက်ကိုပဲလိုက်တဲ့သူတွေကိုတော့ ဆရာသိပ်ပြီး အထင် မကြီးပါဘူး”လို့ ဒါရိုက်တာ ကြည်စိုး ထွန်းက ပြောပြခဲ့ပါတယ်။

စုမွန်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*