ကြုံဖူးဆုံဖူး ကိုလူထူးများ (၁၃)

ကြုံဖူးဆုံဖူး ကိုလူထူးများ (၁၃)
June 26, 2018 AsianFame MediaGroup
ကြုံဖူးဆုံဖူး ကိုလူထူးများ (၁၃)

ရိုးရိုးသားသား ဝန်ခံပါရစေ။ စာ ရေးသူသည် လူတော်တော်များ များက ‘စာရေးဆရာ’ဟု အသိအ မှတ်ပြုထားကြသည့်တိုင် ‘စာရေး ဆရာ’ဟု အခေါ်ခံရလောက်သူ မဟုတ်။ ဝါသနာပါရာ တောင်ရေး မြောက်ရေး (မိမိ၏ ကလောင်ကို အမြဲတမ်းသွေး နေရရှာသော) ‘စာ ရေးသူ’ အညတရ တစ်ဦးမျှသာဖြစ်ပါ သည်။ စာရေးသက်နှစ် ၄ဝ နီးနီးရှိ လာပြီဖြစ်သော်လည်း ယနေ့ထက်ထိ သူငယ်တန်း ဖတ်စာအုပ်ကို ခုံခုံမင် မင် ဖတ်ရှုဆဲ ”ကလေးတွေ နားလည် အောင် ဒီလို ဖတ်စာအုပ်မျိုး ငါမ ရေးတတ်သေးပါကလား။ ညံ့လိုက် တဲ့ငါ့နှယ်” ဟူ၍ ယူကျုံးမရ၊ တသသ နှင့် အားငယ်စိတ်ပျက်နေဆဲဖြစ်ပါ သည်။ သို့ကိုယ်တိုင် ကြုံဖူးဆုံဖူးသော စာပေအနုပညာနယ်မှ ပုဂ္ဂိုလ်အချို့ နှင့် စာပေအပေါင်းအသင်းများ အ ကြောင်းကို (ကြုံဖူးဆုံဖူးကိုလူထူးများ) အမည်တပ်လျက် ခပ်တည်တည်ကြီး ရေးသားလျက်ရှိသည်။ တကယ် တော့ ဆရာတစ်ယောက်၏ အသုံး အနှုန်းအတိုင်း (ခါနာတစ်လုတ်အ တွက်၊ ဝါစာကမာ တစ်ပုဒ်ကို ကပျာ ကယာရေးထုတ်နေရခြင်းမျှသာဖြစ် ပါသည်။

သွားလေသူဆရာကြီး ‘မောင် ထင်’က စာပေအနုပညာနှင့် နိုင်ငံ ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များအကြောင်း ကို ‘ပုဂ္ဂလအဘိဓာန်’ အမည်ရှိ စာ အုပ်တွင် ခံ့ခံ့ညားညား ရေးသားတင် ပြခဲ့ဖူးပါသည်။ သွားလေသူဆရာကြီး ‘ဒဂုန်တာရာ’ကလည်း အလွန်နာမည် ကျော်သော ‘ရုပ်ပုံလွှာ’စာအုပ်တွင် မြန်မာနိုင်ငံမှ သူနှင့်ခေတ်ပြိုင် အ ကျော်ဇေယျများ အကြောင်းလှလှပပ သေသေသပ်သပ်ရေးသွားနိုင်ခဲ့ပါ သည်။ ထိုသို့သော အရေးအသားပုံစံ ကို အင်္ဂလိပ်ဘာသာဖြင့် Literary Portrait ဟုသုံးတတ်ကြရာ အ နောက်တိုင်းစာပေပုံသဏ္ဌာန်များကို နို့သက်ခံစို့ကြရာ၌ အထုံဝါသနာကြီး လှသော ထိုဗမာသာကီမျိုးစာရေး ဆရာများက ‘စာပေရုပ်ပုံလွှာ’အဖြစ် လိုင်စင်မယူတော့ဘဲ ခပ်တည်တည် ယူသုံးလိုက်ကြပါသည်။ ဆရာကြီး မောင်ထင်ကတော့ ပညာရှိပီပီ အာ ပတ်လွတ်အောင် ‘ပုဂ္ဂလအဘိဓာန်’ ဟု ကင်ပွန်းတပ်သည်။ သွားလေသူ ပညာရှိပညာတတ်ကြီး ဆရာကြီး ပါ ရဂူကတော့ စာမတတ်သူတွေက ဗိန္ဓောဆေးစပ်နည်းစာအုပ်များလား ဟု ထင်မှတ်ရစေသည့် ‘ပရကထာ’ အမည်ဖြင့် ရုပ်ပုံလွှာတွေကို ဖော် ကျူးသည်။ စင်စစ်၊ ထိုသို့သော စာ ပေအရေးအသားပုံစံကို လက်လွန်မ ဆွတီထွင်ခဲ့သူမှာ (ဟိုး ..) ရှေး အတီတေကခေါမပညာရှိစာရေးဆ ရာကြီး ‘ပလုတပ်’ Plutarch ဖြစ်ပေ သတတ်။ ပလုတပ်သည် ခန့်မှန်းခြေ ခရစ်နှစ် ၄၆မှာ မွေးပြီး၁၂ဝ ပြည့်နှစ် မှာ လွန်လေသတည်း။ အမယ်လေး …ရုပ်ပုံလွှာအရေးအသားဟာ သက်တမ်းရှည်လာလိုက်တာ နှစ် ပေါင်း ၂ဝဝဝ နီးနီး ရှိပါပေါ့ကလား။

စာရေးသူသည်လည်း အစဉ်အ လာ ဂန္ထဝင်သမား မည်းပြာပုဆိုးဂိုဏ်း ဝင်ဖြစ်ရာ မီးကျိုးမောင်းပျက်ပုံစံ ရုပ် ပုံလွှာတွေကို ရေးနေပါသည်။ မော် ဒန်ပုံစံတွေကို မရေးဝံ့ပါ။ မော်ဒန် သမားဆိုသူများကို စာရေးသူက တစ္ဆေသရဲထက် ပိုကြောက်တတ်လို့ ပါ။

ယခုတစ်ပတ်၊ စာရေးသူသတိ ရ၊ တမ်းတလာမိသော ‘ကိုလူထူး’မှာ သွားလေသူကဗျာဆရာ၊ စာရေးဆ ရာ၊ ရုပ်ရှင်ဒိုင်ယာလော့ခ် cinematic dialogue ဆရာ၊ ယောဂကျင့်စဉ် အခြေခံဇာတ် ဘာသာစကားအရေး အသားဆရာ၊ ကက်ဆက်ဇာတ်လမ်း ရေးဆရာ၊ စွယ်စုံအနုပညာရှင်၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင်ဒေသ သမထဂုရုကြီးဖြစ်သည့် ဆရာကြီး ‘နေသွေးနီ’ပင်ဖြစ်ပါသည်။ သူက စာ ရေးသူ၏ အစ်ကိုအကြီးဆုံးအရွယ် ဖြစ်ရကား …။ သူ့ကိုစာရေးသူက ဆရာတွေ ဘာတွေမခေါ်ဘဲ ‘အစ် ကိုကြီး’ဟုသာ ခေါ်ဝေါ်ခဲ့ပါသည်။

သူက စာရေးသူထက် အသက် ရော၊ စာပေအနုပညာဝါပါ အပုံကြီး ပိုကြီးသူဖြစ်သည်။ အနုပညာနယ် ပယ်တွင် သူ၏ ဝါနှင့်သမ္ဘာအရ၊ ဟိတ်ဟန်ဖြင့် နေနိုင်သော်လည်း သူ က ဟန်ဇာတ်မခုတ်။ အိုက်တင်မ လုပ်ပါ။ သူ့မိတ်ဆွေရုပ်ရှင်မင်းသား ကြီးမြတ်လေးကဲ့သို့ ဟန်နှင့်ပန်နှင့် တည်တည်ကြီး မနေပါ။ စကားပြော လျှင်လည်း ဟောဟောဒိုင်းဒိုင်း၊ ရယ် လျှင်လည်း ဝါးလုံးကွဲ။ ဝတ်ပုံစားပုံ ကလည်း သာမန်ပစ္စည်းမဲ့ အရပ်သား လို ရိုးရိုးစင်းစင်း။ ငယ်စဉ်က ယမ ကာကို စွဲစွဲလမ်းလမ်းသောက်ခဲ့သော် လည်း စာရေးသူနှင့် ဆုံစည်းခဲ့ချိန် (၁၉၇၈/၇၉) လောက် သူ့အသက် ၅ဝ လောက်မှာတော့ ယမကာမမှီဝဲ ရုံသာမက သက်သတ်လွတ်စားသူ ယောဂီတစ်ဦးဖြစ်နေခဲ့ပြီ။ (ယောဂီ ဆို၍ ကော်ဖီမှုန့်ရောင်ဝတ်စုံ ထက် အောက်ဆင်တူ ဝတ်ဆင်သူများကို ပြေးမမြင်ကြပါနှင့်။ ယောဂ Yoga အကျင့်ကို လိုက်စားအားထုတ်သူအား ယောဂီ Yogi ခေါ်ကြောင်းမှတ်။)

ထိုစဉ်က စာပေနယ်သို့ ဝင်ခါ စ ..၊ ကမြောက်ကခြောက် ဗုံမ ဟုတ်ပတ်မဟုတ် စာရေးသူကိုလည်း ဆရာကြီးနေသွေးနီက ငယ်ပေါင်း ကြီးဖော်၊ ပခုံးလက်တင်သူငယ်ချင်း လို ပြောဆိုဆက်ဆံသည်။ သူနှင့်မ ဆုံစည်းမီ နှစ်ပေါင်းများစွာကတည်း က သူ၏လက်ရာ လုံးချင်းဝတ္ထုများ၊ ကဗျာလုံးချင်းများ ‘ကမ္ဘာ့စာပေနိ ဒါန်း’ အမည်ရှိ အနုပညာကျမ်းစာ စဎနဟတို့ကို စာရေးသူက ဖတ်ပြီး သား။ ‘ရှောကိုလိုက်ရှာ မိခိုပြာ’ အမည်ရှိ ဘဝသရုပ်ဖော်ဝတ္ထုတို ကလေးမှာ သူ၏ ရဲတင်းသော ခေတ် ပြိုင်ထင်ဟပ်ချက်ဖြစ်သည်။ သူ့ကဗျာ တွေက အရပ်သုံးစကား၊ စကားပြော လေတို့ဖြင့် ထင်းထင်းပြက်ပြက် ကွက်ခနဲ ကွင်းခနဲပေါ်အောင် ဆတ် တောက် ဆတ်တောက်ဖွဲ့နွဲ့ထား သည်။ (မနေ့တစ်နေ့ကမှ ကဗျာကို စကားပြောလေးနှင့် ရေးရမည်ဟု အော်နေသူများ ပါးစပ်ပိတ်လိုက်ကြ တော့။ ကိုနေသွေးက ၁၉၇ဝ ပြည့် နှစ်မတိုင်ခင်ကတည်းက ရေးနေပြီဟု မှတ်ကြ။)

အမှန်အတိုင်းပြောရသော် စာ ရေးသူသည် ကိုနေသွေးနှင့် ခင်မင် ရင်းနှီးသော်လည်း သူ၏ စာပေလက် ရာများကို တရှိုက်မက်မက်စွဲလမ်းလှ သည်မဟုတ်ပါ။ သူက ရုရှားစာရေး ဆရာကြီး ‘ဂေါ်ကီ’ Gorky ကို ‘ဂေါ် …ရ…ကီ’ဟု လျှာလိပ်သံကြီး ဖြင့် ခေါ်သည်ကိုလည်း မကြိုက်ပါ။ မြန်မာပါးစပ်အတွက် ‘ဂေါ်ကီ’ပဲသင့် တော်သည်။ တမီလ်ကုလားသံကြီး ဖြင့် ‘ဂေါ် …ရ…ကီ”ဟုခေါ်ရ သည်မှာ အပေါက်အလမ်းမတည့်လှ ပါ။ သူဟာ ရုရှားခေါင်းဆောင်ကြီး ‘လီနင်’ V.I.Lenin ကို ‘လည်နင်’ဟု ခေါ်ဝေါ်သုံးနှုန်းသည့်အခါ စာရေး သူ၏ လည်ချောင်းထဲမှာ တစ်ခုခု နင်သလိုလို ခံစားရပါသည်။

ကိုနေသွေးနီသည် စိတ်ညစ်ဟန် မရှိ။ အမြဲတစေ ရယ်ရယ်မောမော ရွှင်ရွှင်ပျပျနေလေ့ရှိသည့်တိုင် သူ၏ မိသားစုဘဝက ပျော်စရာ မကောင်း လှပါ။ သူတို့ခမျာ တာမွေမြို့နယ်ထဲ ရှိ ‘ကျူး’ ဧရိယာတစ်ခုထဲမှာ နေ ထိုင်ခဲ့ကြရရှာသည်။ ထိုဘဝမျိုးမှာ ပင် သူက ရယ်စရာမောစရာ ရှေး ဟောင်းနှောင်းဖြစ်များကို ပြန် ပြောင်းပြောပြရင်း ရယ်မောနေတတ် ပါသည်။ တစ်ခါက သူပြောပြပုံမှာ …

”တစ်နေ့တော့ ဧရာဝတီမြစ် ကမ်းစပ်တစ်နေရာက သဲသောင်ပြင် မှာ ရှုတင်ရှိတယ်ဗျ။ မင်းသားက ညွန့်ဝင်း၊ မင်းသမီးက တင်တင်နွဲ့၊ မနက် ၈ နာရီလောက် ရှုတင်စမှာ။ ကျုပ်က ၇ နာရီလောက်ကတည်းက မူးယစ်ရီဝေနေပြီ။ ကျုပ်က စကားလုံး ဒါရိုက်တာဆိုတော့ မင်းသားကိုညွန့် ဝင်းက ကျုပ်ဆီလာပြီး (ဆရာ ဒိုင် ယာလော့ချပေးဦးလေ)တဲ့။ ကျုပ်က မနေ့ညကတည်းက ဒိုင်ယာလော့တွေ ရေးပြီး မင်းသားရော မင်းသမီးကို ပါ ပေးပြီးသား။ ဒီမနက်ခင်းမှာ ကျုပ်က ဆယ်ရက်မင်းစည်းစိမ်ရနေပြီ။ (ကို ညွန့်ဝင်း …ကြည့်ကြက် လုပ်လိုက် ဗျာ)လို့ ကျုပ်က ပြောတော့ မင်းသား ညွန့်ဝင်းက အိုကေဆိုပြီး ထွက်သွား တယ်။ မင်းသမီးတင်တင်နွဲ့က ရောက်လာပြန်ရော။ (ဆရာ.. ဒိုင် ယာလော့ခ်ချပေးဦးလေ)တဲ့။ ကျုပ် က (မတင်နွဲ့ရေ …ကြည့်ကြက် သာလုပ်လိုက်ပါဗျာ)လို့ ပြောလိုက်ရ ပြန်ရော။ ဒီလိုနဲ့ ရုပ်ရှင်က အောင် မြင်ခဲ့ပါသဗျား”

ယခုခေတ်ရုပ်ရှင်သမားတွေ လည်း ဆရာကြီးနေသွေးနီပြောခဲ့ဖူး သည့် လမ်းစဉ်အတိုင်း ‘ကြည့်ကြက် လုပ်’ နေကြသလားမသိ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*