မော်ဒယ်လ်အလုပ်က ပုံသေကျင့်ထားလို့ရပေမယ့် သရုပ်ဆောင်ပိုင်းက အစစအရာရာပြင်ဆင်ပြီး လုပ်ရတယ် ဂျူးဂျူးကေ

မော်ဒယ်လ်အလုပ်က ပုံသေကျင့်ထားလို့ရပေမယ့် သရုပ်ဆောင်ပိုင်းက အစစအရာရာပြင်ဆင်ပြီး လုပ်ရတယ် ဂျူးဂျူးကေ
June 26, 2018 AsianFame MediaGroup
မော်ဒယ်လ်အလုပ်က ပုံသေကျင့်ထားလို့ရပေမယ့် သရုပ်ဆောင်ပိုင်းက အစစအရာရာပြင်ဆင်ပြီး လုပ်ရတယ် ဂျူးဂျူးကေ

မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ ဂျူးဂျူးကေကတော့လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်သာံတ်လမ်းတွဲတွေ မှာပါဝင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ MRTV – 4 က ရိုက်ကူးတဲ့ ‘အလင်း ထဲကလူ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး..

”အခုလတ်တလောကတော့ MRTV – 4က ရိုက်ကူးတဲ့’အလင်းထဲကလူ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေ ပါတယ်။ အဲဒီရုပ်သံဇာတ်လမ်းတွဲမှာတော့ ညီမက ကာရိုက်တာနှစ်မျိုးပေါ့။ ချမ်းသာတဲ့ စိန်တိုက်ပိုင်ရှင်ကာရိုက် တာရယ်၊ လူယုံက ဒုက္ခပေးသွားလို့ ဆင်းရဲသွားပြီး အမေနဲ့ရုန်းကန်ရတဲ့ ကာရိုက်တာရယ်ပေါ့။ အဲဒီလိုကာရိုက် တာနှစ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကြိုတင်ပြင်ဆင်ရတာကတော့ ပါဝင်ရမယ့် ကာရိုက်တာက မြန်မာဆန်တယ်၊ စိတ်သဘောထားကောင်းတယ်၊ နူးညံ့သိမ်မွေ့တယ်၊ မိသားစုကို အလွန်းချစ်တယ်ဆိုတော့ ကာရိုက်တာဝင်အောင်လို့ ကားမရိုက်ခင်တစ်လလောက်ကတည်းက မြန်မာဝတ်စုံလေးတွေရှာပြီး ဝတ်ဖြစ် တယ်။ ဘယ်သွားသွား မြန်မာဝတ်စုံ အမြဲဝတ်ဆင်ဖြစ်တယ်။ ပြီးတော့ ကာရိုက်တာနဲ့ ပတ်သက်တာတွေကို လေ့လာတယ်၊ စဉ်းစားတယ်။ ဒါရိုက်တာက ထိုင်းလူမျိုးဒါရိုက်တာပါ။ တခြားပါဝင်တဲ့ သရုပ်ဆောင်တွေ ကတော့ စည်ဖြိုး၊ မုဏ်း၊ ဦးအောင်ခိုင်၊ အန်တီဝါဝါအောင်တို့လည်း ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင် တွေအားလုံးကတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ တစ်ယောက်လိုအပ်တာ တစ်ယောက် ဖေးမကူညီပေးကြပါတယ်။ ပျော်စရာလည်းကောင်းပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့သူမက သရုပ်ဆောင်ပိုင်းကို လုပ်ဆောင်လာတဲ့အခါ ပြောင်းလဲသွား တာတွေရှိလားလို့လည်း မေးမြန်းတဲ့အခါမှာတော့

”မော်ဒယ်လ်ကနေ သရုပ်ဆောင်လုပ်တဲ့အခါကျတော့ ပြောင်းလဲသွားတယ်လို့လည်း ပြောလို့ရ တယ်။ မပြောင်းလဲဘူးလို့လည်းပြောလို့ရတယ်။ ပြောင်းလဲတယ်ဆိုတာကတော့ မော်ဒယ်လ် လျှောက်တယ်ဆိုတာကတော့ ပုံသေပဲလေ။ ပုံသေကျင့်ထားပြီး လျှောက်လို့ရတယ်။ ဘယ်ပွဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဘယ် Music ပဲပြောင်းပြောင်း အဆင်ပြေတယ်။ သရုပ်ဆောင်ကကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ဥပမာ-ကာရိုက်တာအရ ဆင်းရဲတဲ့ကာရိုက်တာဆိုရင် ဘယ်လိုပြောရမယ်၊ ဘယ်လိုအဝတ်အစားဝတ်ရမယ်ဆိုတာတွေ အကုန်ကွဲပြားသွားပါတယ်”လို့ သရုပ်ဆောင် ဂျူးဂျူး ကေ က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*