အနုပညာပြခန်းလေးတစ်ခုဖွင့်လှစ်ချင်တဲ့ ဦးချမ်းသာ

အနုပညာပြခန်းလေးတစ်ခုဖွင့်လှစ်ချင်တဲ့ ဦးချမ်းသာ
June 25, 2018 AsianFame MediaGroup
အနုပညာပြခန်းလေးတစ်ခုဖွင့်လှစ်ချင်တဲ့ ဦးချမ်းသာ

လက်ရှိအချိန်အထိ ကပြလျက် ရှိနေတဲ့ သဘင်မင်းသားတွေထဲမှာ သဘင်မင်းသားကြီး ဦးချမ်းသာ ကတော့ အသက်အရရော ဝါသဘာ အရရော အကြီးဆုံးပါပဲ။ သူ့အနေ နဲ့ အသက် ၅ဝ ကျော်လာခဲ့ပြီ ဖြစ် ပေမယ့်လည်း လူငယ်လေးတစ် ယောက်လို ကပြနေတုန်းပါပဲ။ ဒီလို ကပြနိုင်ခြင်းကလည်း သူ့အနေနဲ့ အရက်၊ ဆေးလိပ်နဲ့ မူးယစ်စေတဲ့ အရာတွေကို မမှီဝဲလို့ပဲ ဖြစ်ကြောင်း ဦးချမ်းသာက ပြောပါတယ်။

 ”လေ့ကျင့်ခန်းလည်း သိပ်မလုပ် ဖြစ်ဘူး။ ဒါပေမဲ့ ဦးချမ်းက အ သောက်အစားကို တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါတွေရှောင်မှသာ  ကိုယ့်ရဲ့ Energy ကို ပြည့်စေလန်း စေနိုင်တယ်လို့  မျှော်လင့်ပါတယ်။ ဦးချမ်းဘယ်အချိန် ကက မောသာ မောတယ်။ ကလို့ ရတယ်။ အဲဒါက  သက်လုံကောင်းအောင် လေ့ကျင့် နေတာကြောင့်လည်း ပါတာပေါ့ နော်” လို့ ဒီအသက်အရွယ်အထိ ကပြနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ဦး ချမ်းသာက ပြောပြပါတယ်။ သဘင် မင်းသားကြီး ဦးချမ်းသာက တစ်ချိန် မှာ သူ့ရဲ့ အနုပညာပြခန်းလေးတစ်ခု ကို လုပ်ဆောင်သွားဖို့ စိတ်ကူးရှိနေ ပါတယ်။

”ဦးချမ်းရဲ့သမိုင်းတစ်လျှောက်လုံးမှာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရ တွေ အားလုံးကို ပြသထားမယ်။ ရုပ် သေတွေရော ရုပ်ရှင်တွေရောပေါ့။ ပြီးတော့ ဦးချမ်းရခဲ့တဲ့ဆုတံဆိပ်တွေ ရော၊ တိုင်းတစ်ပါးမှာ ဂုဏ်ပြုလက် မှတ်တွေ ရခဲ့တာတွေရော ဦးချမ်းရဲ့ အဝတ်အစားတွေကအဝ ပြသထား ချင်တယ်။

ဒါတွေက ရှင်တုန်းတော့ ပြလို့ မကောင်းဘူး။ ဦချမ်းမရှိတော့တဲ့ အချိန်မှာတော့ ဒါတွေက အမှတ် တရ ရှိနေမှာပါ”လို့ သဘင်မင်းသား ကြီး ဦးချမ်းသာက တစ်ချိန်မှာသူလုပ် ချင်တဲ့ အကြောင်းအရာတွေနဲ့ ပတ် သက်လို့ ပြောပြခဲ့ပါတယ်။ ဦးချမ်း သာက အခုအချိန်မှာ သဘင်ရာသီ နားတဲ့ကာလဖြစ်တဲ့အတွက် ဇာတ် နားထားပြီး နောင်နှစ် သဘင်ရာသီ အတွက် ဇာတ်တိုက်နေပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*