ငါတို့

ငါတို့
June 25, 2018 Asian Fame Media
ငါတို့

ငါတို့
သစ်ပင်တွေလို စိမ်းလိုက်ကြ
ကိုင်းပင်တွေလို ယိမ်းလိုက်ကြ
သဘာဝတရားက သိပ်ကိုလှတယ်
ငါတို့ အားလုံး သိမ်းပိုက်ကြ။

ဒီမှာ မိတ်ဆွေ
အမုန်းတွေ ချည်နှောင်မထားနဲ့
အထုံးတွေဖြည်
လက်သီးတွေ ဆုပ်မထားနဲ့
လက်ဖဝါးတွေ ဖြန့်
ဟော ဟိုမှာ
လေပြေတွေလာပြီ။

အားရပါးရ ပွေ့ပိုက်လေ
နေဝင်ရင် လထွက်မှာပေါ့
တကယ်တော့
ဘဝက တိုတယ်
သံသရာက ချိုချင်မှ ချိုလိမ့်မယ်။
လိုအပ်မယ်ထင်ပါတယ် မိတ်ဆွေ
ပြုံးထား
ပြုံးထား
နှလုံးသားတွေ မခါးစေနဲ့
ငါတို့အားလုံး
အပြုံးများနဲ့ နေထိုင်ကြစို့
ငါတို့အားလုံး . . .။

ချစ်သဲကြည်ကြည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*