မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ နောက်ကြောင်းပြန်

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ နောက်ကြောင်းပြန်
June 22, 2018 AsianFame MediaGroup
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ နောက်ကြောင်းပြန်

၁၈၈၆ ခုနှစ်တွင် အမေရိကန်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံများ တွင် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ် ရိုက်ကူး ပြသခြင်းများဖြစ်ထွန်း အောင်မြင်နေကြပြီဖြစ်သည်။ သို့ သော် မြန်မာနိုင်ငံတွင် ထိုအချိန်က ရုပ်ရှင်ဇာတ်ကားများ မရောက်သေး ပေ။ သွေးသောက်မဂ္ဂဇင်းတွင်ပါရှိ သော ဆောင်းပါးတစ်ပုဒ်တွင် ၁၉ဝ၁ ခုနှစ်က ရုပ်ရှင်ပြသဖူးကြောင်း ရေး သားထားသည်။ ၁၉၆၉ခုနှစ်ထုတ် ဖြူနီညိုပြာ မဂ္ဂဇင်းတွင် ပါဝင်သော ဆောင်းပါးတစ်ပုဒ်က ၁၉ဝ၆ ခုနှစ် တွင်ကမ္ဘာလှည့်ရုပ်ရှင်ပြသသူများ ရောက်ရှိနေကြောင်း ရေးသားထား သည်။ ထို့ကြောင့် ၁၉ဝ၁ ခုနှစ်မှ ၁၉ဝ၆ ခုနှစ်အတွင်း မြန်မာပြည်သို့ ရုပ်ရှင်များရောက်ရှိနိုင်ကြောင်း ခန့် မှန်းနိုင်သည်။

၁၉၁ဝ ပြည့်နှစ်တွင် ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်ချုပ်ဈေး အနောက်ဘက်တွင် အယ်လီဖန်စတုံး ရုပ်ရှင်ရုံ၊ အရှေ့ဘက်တွင် စီနီမာ၊ ဒီပဲရစ်ရုပ်ရှင်ရုံ၊ ထို ၂ ရုံကြားတွင် အင်ပါရာရုံတို့ရှိကြသည်။ ရုပ်ရှင်ကို နေ့စဉ် ၆း ၃ဝ နာရီတွင် တစ်ပွဲသာ ပြ၍ စနေ၊ တနင်္ဂနွေနေ့များတွင် ၃း ၃ဝ နာရီတွင် တစ်ပွဲပိုပြသပေးကြ သည်။ စီနီမာဒီပဲရစ် ရုပ်ရှင်ရုံ၏ အရှေ့ဘက်တွင် စားသောက်ဆိုင် များ ရှိသောကြောင့် ရုပ်ရှင်ကြည့်သူ များ၊ စားသုံးသူများ စည်ကားလျက် ရှိသည်။ တစ်ချိန်တွင် မြန်မာ့ရုပ်ရှင် ဖခင်ကြီးဖြစ်လာမည့် ဦးအုံးမောင် သည် ရုပ်ရှင်ကို အထူးစိတ်ဝင်စား လျက်ရှိသည်။ ဦးအုံးမောင်သည် ကျောင်းသားဘဝကပင် ပန်းချီနှင့် ဓာတ်ပုံပညာတို့ကို လေ့လာလိုက်စား သူဖြစ်သည်။ ၁ဝ တန်းအောင်၍ ကျောင်းထွက်သောအခါ ဝက်စတော့ ဓာတ်ပုံဆိုင်တွင် ဝင်ရောက်လုပ်ကိုင် သည်။

ဓာတ်ပုံ Negative များမှ Positive ကူးယူသည့်အခါ ဆေး သားချောမောလှပပြေပြစ်စေရန် ခဲ တံဖြင့် ခြယ်မှုန်းပေးရသည်။ ရီတပ် ချင်း (Retouching) ခေါ် ဓာတ်ပုံ ထိုး အလုပ်ပင်ဖြစ်သည်။ နောက်ပိုင်း တွင် ဒီအေအဟူဂျာဓာတ်ပုံဆိုင်တွင် ပြောင်းရွှေ့လုပ်ကိုင်သည်။ ဦးအုံး မောင်သည် ရုပ်ရှင်ကို ဝါသနာကြီးသူ ပီပီ ညနေအလုပ်ဆင်းလျှင် စီနီမာဒီ ပဲရစ်ရုံရှေ့ လက်ဖက်ရည်ဆိုင်တွင် ထိုင်လေ့ရှိသည်။ ပရိသတ်အားပေးမှု များသော ရုပ်ရှင်ကို ဦးအုံးမောင် ပို၍စိတ်ဝင်စားလာသည်။ ရုပ်ရှင် မည်သို့ ရိုက်ကူးသည်၊ မည်သို့ပြသ သည်များကိုလေ့လာသည်။ တစ်ခါ တစ်ရံ ရုပ်ရှင်ရုံအတွင်း ဝင်ကြည့်၍ ဓာတ်ပုံအယူအဆများ လေ့လာ သည်။ ရုပ်ရှင်နှင့်ပတ်သက်သော စာအုပ်များ ရှာဖွေလေ့လာ ဖတ်ရှု သည်။ ၁၉၁၄ ခုနှစ်တွင် ဦးအုံး မောင်အလုပ်ကထွက်ပြီး ဦးလေး တော်စပ်သူ ဦးမောင်မောင်နှင့်အတူ ဘားလမ်းတွင် လန်ဒန်အက် ဓာတ်ပုံ ဆိုင်ကို ဖွင့်လှစ်သည်။ အားလပ်ချိန် တွင် ရုပ်ရှင်ဓာတ်ပုံကင်မရာနှင့်ပတ် သက်သော ပစ္စည်းများရှာဖွေသည်။

၁၉၁၅ ခုနှစ်တွင် အီးအမ်ဒီဇူ ဆာဆေးတိုက်ကြီးရှေ့ မျက်နှာစာ တွင် ရုပ်ရှင် ကင်မရာတစ်လုံး တွေ့ရှိ သဖြင့် ငွေတစ်ရာဖြင့် ဝမ်းသာအားရ ဝယ်လိုက်သည်။ သို့သော် မှန်ဘီ လူးကပါမလာပေ။ မျက်နှာဖြူ နိုင်ငံ ခြားသားခရီးသည်များထံတွင် မှန်ဘီ လူး အပိုပါ၊ မပါ စုံစမ်းရပြန်သည်။ ကံကောင်းထောက်မသ ဖြင့် မှန်ဘီလူးတစ်ခု အပိုပါ လာရာ တစ်ရာကျပ်ဖြင့်ဝယ်လိုက် ပြန်သည်။ ကင်မရာနှင့် မှန်ဘီလူး စပ်ဟပ်၍ပြင်ဆင်ကြရာ ရိုက်ကူးနိုင် သောအဆင့်သို့ရောက်ရှိသွားသည်။ သို့သော် ကျွဲကော်ပြားဖလင်ရရှိနိုင်ဖို့ အခက်အခဲ နှင့် ကြုံရပြန်သည်။ ဦးအုံးမောင်သည် ရုပ်ရှင်စာအုပ်များ ကို ဖတ်ရှုလေ့လာရင်း လန်ဒန်မြို့ရှိ ကိုဒတ်ကုမ္ပဏီလိပ်စာတွေ့ရှိ၍ ဆက် သွယ်မှာယူမိသည်။ သို့သော်အကြောင်း ပြန်ကြားခြင်းမရှိပေ။ အမေရိကန် ရုပ်ရှင်ယူနီဗာဆယ်ကုမ္ပဏီမှ ရုပ်ရှင် ဇာတ်ကားပြသည့်လုပ်ငန်းနှင့်ပတ် သက်၍ ဘုံဘေမြို့မှမစ္စတာရောင်းက လာရောက်စစ်ဆေးသည်။ ဦးအုံး မောင်နှင့်တွေ့သဖြင့် ရုပ်ရှင်ရိုက်ကူး ရမည့် အခက်အခဲကို ပြောပြသည်။ မစ္စတာရောင်း ဘုံဘေသို့ပြန်ရောက် ပြီး ဦးအုံးမောင်မှာလိုက်သော ဖလင် ပေ ၂ဝဝ ကို ပို့ပေးလိုက်သည်။ သို့ သော် ဦးအုံးမောင်ပြုလုပ်ထားသော ကင်မရာမှာ ဖလင်ပေ ၅ဝ သာဆံ့ သည်။ ဖလင်ပေ ၂ဝဝ ကို ပေ ၅ဝ စီ ဖြတ်၍ အသုံးပြုကြရသည်။

လန်ဒန်အတ်ဓာတ်ပုံတိုက်တွင် ရုပ်သေဓာတ်ပုံရိုက်ကူးပြီး ၅ ပေ လောက်သာ ဖလင်ဆေးစိမ်ရသည်။ ဦးအုံးမောင်နှင့် ဦးမောင်မောင်တို့ သည် ရှုခင်းများကို လိုက်လံရိုက်ပြီး ဖလင်ပေ ၅ဝ ခန့် ဆေးစိမ်ဖို၊့ အခြောက်လှန်းဖို့ စဉ်းစားကြရပြန် သည်။ ဦးအုံးမောင်သည် မြန်မာရုပ် ရှင်ပေါ်ထွန်းစေသော ဆန္ဒရှိသူပီပီ သစ်သားဖြင့် ဆေးစိမ်ခြင်း၊လှမ်းခြင်း တို့အတွက် ပြုလုပ်သည်။ ဆက်လက် ၍ ဖလင်ရိုင်းဘဝမှ Positive သို့ ကူးပြောင်းရမည်ဖြစ်သည်။ Positive ဖလင်ရှာဖွေရေး၊ ကူးနည်း၊ ဆေးစိမ်နည်းများကို သင်ကြားပြသ ပေးသူမရှိပေ။ ရုပ်ရှင်နှင့်ပတ်သက် သော စာအုပ်များစွာကို လေ့လာဖတ် ရှုကြရသည်။ စာတွေ့မှ လက်တွေ့ လုပ်ဆောင်ကြရာတွင် မမြင်ရနိုင်သော ကိစ္စများစွာနှင့် ကြုံတွေ့ရသည်။ မိတ် ဆွေတော်တော်များများက ခန့်မှန်း မရနိုင်သောအလုပ်ကို ဆက်၍မလုပ် စေချင်ကြပေ။ လက်တွေ့အကျိုးပေး နေသော လန်ဒန်အတ်ဓာတ်ပုံဆိုင် ကိုသာ ဖိဖိစီးစီးလုပ်ဆောင်ချင်ကြ သည်။ သို့သော် ပထမအကြိမ် စမ်း သပ်ရုပ်ရှင်ရိုက်ကူးမှုမှာ အောင်မြင် မှုရရှိသည်။

ဦးအုံးမောင်နှင့် ဦးမောင်မောင် တို့သည် ရည်ရွယ်ချက်အတိုင်း ဇာတ် လမ်းရုပ်ရှင် ရိုက်ကူးရန်ကြိုးစား သည်။ ထိုစဉ်က ဦးအုံးမောင်၏ ဓာတ်ပုံဆိုင်သို့ ဓာတ်ပုံလာရောက် ကူးယူနေသော မြန်မာအဆွေ ဦးဘ ညွှန့်၏သား ဦးညီပုနှင့် တွေ့သည်။ ဦးညီပု ဆက်သွယ်ပေးမှုကြောင့် ဆရာကြီးပီမိုးနင်းအား ရုပ်ရှင်ရိုက် ကူးမည့် ဇာတ်လမ်းဖန်တီးရေးပေး ရန် အကြောင်းကြားဖြစ်သည်။ တ ကယ်တော့ ရုပ်ရှင်တစ်ကား စတင် ရိုက်ကူးရန်ကိစ္စမှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ မြောက်ဘက်မုခ် ချုံကြိုချုံကြားများတွင် လှည့်ပတ်ရိုက် ကူးကြရသည်။ ထိုစဉ်က ¤င်းနေရာ များမှာ တောအုပ်ကြီးများဖြစ်နေပေ လိမ့်မည်။ မေတ္တာနှင့်သူရာစပြီး ရိုက် ခါစတွင် သရုပ်ဆောင်များ မိတ်ကပ် လူးရမှန်းကို မသိသေးပေ။ မင်းသမီး ဒေါ်အေးကြည်တစ်ဦးသာလျှင် အိမ် မှ မှုန်မှုန်လေးလိမ်းလာသည်ဟု မှတ် သားဖူးသည်။

မြန်မာ့ပထမဦးဆုံးရုပ်ရှင် ‘မေတ္တာနှင့်သူရာ’ ရုပ်ရှင်ဇာတ်ကား ပေါ်ထွန်းရေးကိုသာ အားလုံးက စေတနာအပြည့်နှင့် လုပ်ဆောင်ကြ ခြင်းဖြစ်သည်။ သရုပ်ဆောင် ဒေါ် အေးကြည်မှလွဲ၍ ‘မေတ္တာနှင့်သူရာ’ တွင်ပါဝင်သော ဦးညီပု၊ ဦးမောင် မောင်ချစ်၊ ဦးမောင်မောင်ကလေး၊ ဦးပု၊ ဦးညိမ်းနှင့် ဦးပါကြီးတို့မှာ ငွေ ကြေးတစ်ပြားမှ မယူကြပေ။ ဦးညီပု နှင့် ဦးမောင်မောင်စိုးတို့မှာ ကျောင်း သားများဖြစ်နေ၍ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်သာ ရိုက်ကူးကြ သည်။ ယူနီဗာစီတီအတ်က်ဥပဒေ ကြောင့် တိုင်းရေးပြည်ရေး ရှုပ်ထွေး လာချိန်တွင် ဦးညီပုတို့ကျောင်းမှ ထွက်လိုက်သည်။ တစ်ပတ်ကို ဇာတ် ကားရိုက်ကူးရက် ၂ ရက်၊ ၃ ရက်ရ လာသည်။ ဇာတ်ကားရိုက်ကူးမည့် ရက်ဆိုလျှင် မနက်စောစော လှည်း များပေါ်သို့ ထမင်းတောင်းများ တင်ကာ မနက် ၄ နာရီကတည်းက ရိုက်ကူးမည့်နေရာသို့ ထွက်ကြရ သည်။ အားလုံးက မြန်မာ့ရုပ်ရှင်ပေါ် ထွက် ရေးအတွက် ဝိုင်းဝန်းသင်ကြား ပြသပြီး စမ်းတဝါးဝါးဖြင့် ရိုက်ကူး ကြရခြင်းဖြစ်သည်။ ဖလင်များမှာ အရုပ်ထင်ခြင်း အားနည်းသဖြင့် မှန်ချပ်များ ပြင်းပြင်းထိုး၍ ရိုက်ကူး ကြရသည်။

လန်ဒန်မြို့တွင် ကျင်းပမည့် ဗြိတိသျှအင်ပါယာပြပွဲကြီးအတွက် မြန်မာပြည်မှ ထွက်ရှိသော ဆန်၊ စပါး၊ ကျွန်းသစ်၊ ရေနံ၊ သတ္တု၊ ဝါဂွမ်း၊ ပဲ၊ ပြောင်း၊ ဆေးများနှင့် အိမ် တွင်းမှုလုပ်ငန်း၊ ယွန်းထည်၊ ပိုးထည်၊ ပုသိမ်ထီး၊ မန္တလေးပိုးထည်တို့ကို မှတ်တမ်းတင် သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးပေးရန် ကမ်းလှမ်း ခြင်းခံရသည်။ ဦးအုံးမောင်မနေသာ တော့ဘဲ လှည့်လည်ရိုက်ကူးပေးကြ သည်။ ဦးအုံးမောင်နှင့် ဦးမောင် မောင်တို့က သက်ဆိုင်ရာလူကြီးများ ကို ပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ရန် ဖလင်ပေ ၄ဝဝ ထည့်ပြီး ရိုက်ကူးနိုင် သည့် ကင်မရာတစ်လုံးနှင့် ကားကူး ဆေးပါ တစ်ပါတည်း ဝယ်ယူခွင့် ပြုရန်မှာကြားခဲ့သည်။

၁၉၁၈ ခုနှစ်တွင် ဗြိတိသျှအစိုး ရက ကရက်ဒေါက်စီမံကိန်း ထုတ် ပြန်ကြေညာလိုက်သဖြင့် တစ်နိုင်ငံ လုံး ကန့်ကွက်၍ အစည်းအဝေးလုပ် ကြသည်။ အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ (၁) ဦးပု၊ (၂) ဦးဘဖေ၊ (၃) ဦးထွန်းရှိန်တို့ ၃ ဦးအား ၁၉၁၉ ခုနှစ်၊ မေလ ၁၈ ရက်တွင် စေလွှတ် လိုက်ကြသည်။ နိုဝင်ဘာလတွင် ပြန် လည်ရောက်ရှိပြီး ဦးထွန်းရှိန် မမာ မကျန်းဖြစ်၍ ကွယ်လွန်သွားသည်။ ဇွန်လ ၅ ရက်နေ့တွင် ဝိုင်အမ်ဘီအေ အသင်းတိုက်မှ ကြံတောသုသာန်သို့ ပို့ဆောင်ရာ ဦးအုံးမောင်တို့ ရုပ်ရှင် အဖွဲ့သားများ လိုက်လံရိုက်ကူးကြ သည်။ ဦးအုံးမောင်က မြန်မာအဆွေ ဦးဘညွှန့်၏ သားကြီး ဦးတင်နွယ်၏ မော်တော်ဆိုင်ကယ်ဘေးတွဲမှ လည်း ကောင်း၊ ဦးမောင်မောင်နှင့် ဦးညီပု တို့က မော်တော်ကားခေါင်မိုးပေါ်မှ လည်းကောင်း လိုက်လံရိုက်ကူးကြ သည်။ ဖလင်များ ဆေးစပ်ကြည့်ရာ အလွန်ကောင်းမွန်ကြောင်းတွေ့ရ သည်။ ပေါ့စ်တစ်ကူးပြီး အစမ်းပြသ ကြည့်ရာ စီးပွားရေးလာဘ်မြင်သော ရုံပိုင်ရှင်က ငွေ ၂ဝဝဝ ကျပ်ပေး၍ ဝယ်ယူမည်ပြောသဖြင့်သဘောတူ လိုက်သည်။ ၁၉၂ဝ ပြည့်နှစ်၊ စက်တင် ဘာလတွင် အမေရိကန်ရုပ်ရှင်ကား နှင့် တွဲဖက်ပြသရာ ပရိသတ်များ တစ်ခဲနက်အားပေးကြသည်။ မှုန် ခြင်း၊ တုန်ခြင်းသည်းခံပါဟူသော စာ တန်းကိုပင် သတိမထားဘဲပွဲတိုင်းရုံ ပြည့်ရုံလျှံအားပေးကြသည်။ မြန်မာ ပြည်တွင် ပြသသောပထမဦးဆုံး မြန် မာရုပ်ရှင်သတင်းကားပင်ဖြစ်ပေသည်။

အသစ်ရောက်ရှိလာသော ဝီလျှံ ဆန် Williamsom ကင်မရာဖြင့် ပထမဆုံးမြန်မာ့ရုပ်ရှင် မေတ္တာနှင့် သူရာကို ဆက်လက်ရိုက်ကူးကြသည်။ ငွေကြေးအခက်အခဲရှိသဖြင့် (၁) ဝတ်လုံတော်ရဦးကွန်း၊ (၂) ဦးထွန်း၊ (၃) ရိုးကုမ္ပဏီမှ စာရေးကြီး ဦးသာ ငြိမ်း၊ (၄) စဥ့်အိုးတန်းမှ ဦးဘထွားတို့ က ကူညီသည်။ အားလုံးစုပေါင်း၍ ဘားမားဖလင်ကုမ္ပဏီဟူသော အ မည်ဖြင့် ဖွဲ့စည်းတည်ထောင်လိုက် သည်။ လူအားဖြင့်လုပ်အားကူညီသူ များမှာ အင်ပီးရီရာဘဏ်စာရင်းကိုင် ဦးပါကြီး၊ ဦးငြိမ်း(ဗိုလ်နဂါး)၊ ဦးဘ သန်း၊ ဦးအောင်ဘန်းတို့ဖြစ်ကြသည်။

ဒါရိုက်တာ ဦးတုတ်ကြီးက ပီမိုး နင်းဝတ္ထုဇာတ်ညွှန်း၊ မေတ္တာနှင့် သူ ရာကို စတင်ရိုက်ကူးစဉ်က ဦးအုံး မောင် ပြင်ဆင်ပေးထားသော ရုပ်ရှင် ကင်မရာဖြင့် ရိုက်ကူးကြရသည်။ လက်လှည့်ကင်မရာလေးသာ ဖြစ်သ ဖြင့် တစ်စက္ကန့် ၁၆ ကွက်ရအောင် ပုံမှန်လေ့ကျင့်လှည့်ပြီး ရိုက်ကူးကြရ ခြင်းဖြစ်သည်။ ကင်မရာမင်း ဦးမောင် မောင်၊ မင်းသားဦးညီပု၊ မင်းသမီး ဒေါ်အေးကြည်၊ သရုပ်ဆောင် မောင်မောင်ချစ်တို့ဖြင့် အခက်အခဲ များစွာကြားမှ ကြိုးစားအကောင်အ ထည်ဖော်ရခြင်းဖြစ်သည်။ ပထမဦး ဆုံး မြန်မာ့ရုပ်ရှင် မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကားကို ၁၉၂ဝ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ရွိုင် ရယ်စီနီမာရုံ၌ ရုံတင်ပြသနိုင်ခဲ့သည်။ ရုပ်ရှင်ဖခင်ကြီးများ ဖောက်ခဲ့သော မြန်မာ့ရုပ်ရှင်ခရီးလမ်းသည် ၂ဝ၂ဝ ပြည့် နှစ်တွင် မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပေ တော့မည်။ အခက်အခဲပေါင်းများစွာကို နည်းမျိုးစုံဖြင့်ဖြေရှင်းရပ်တည်နိုင်ခဲ့ သော မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပွဲ ကြီးကို စုပေါင်းညီညာစွာဆင်နွှဲကြ ရမည်ဖြစ်ပေသည်။

အေးကြူလေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*